Sunday, May 17, 2009

ကြောက်ချိန်...

နိုင်ငံ တကာ ရှိ မြန်မာ သံ ရုံး များ သို့  သတိ ပေး စာ များ ရောက် ရှိ ခြင်း

ပြည် တွင်း မှနေ ၍ နိုင်ငံ တကာ ရှိ မြန်မာ သံ ရှံး များ သို့  အထူး သတိထားနေကြရန်( ပေါက် ခ်ျ မှ တဆင့် ) အ သေးစိပ် လျှို ၀ှက် ညွန်ကြားချက်များ နှင့်  တပ်လှန့် ထားကြောင်း ခိုင်လုံ သော သံတမန် သတင်း ရပ် ကွက်များ မှ တဆင့် သိရှိ ရသည် ။ အချို့ အရေး ကြီးသည့် ထိုင်း ၊ ဂျပန် ၊ အမေရိကား ၊ ကနေ ဒါ ၊ စသည့် နိုင်ငံများတွင် နေ့ ည မပြတ် အနည်း ဆုံး လူနှစ် ယောက် စီ ကင်း ကျ တာဝန် ယူ ခိုင်း ထား ပြီး နေပြည်တော် နှင် အမြဲ ဆက်သွယ် မှူ မပြတ်ရန် ညွန်ကြားထားသည် ။ သံတမန် မိသားစု ၀င်များ ဆွေ မျိုး သားသမီးများကို ပါ ကင်း စောင့် ရန်နှင့်  ကျောင်းသွားခြင်း ၊ ရုံး သွားခြင်း ၊ ဈေး သွားခြင်းတို့ တွင် ၊ ဒေသခံ ဒရိုင်ပါ တို့ မောင်း နှင် သော သံရှံး ၏ ကားဖြင့် သာ သွားလာရန် ညွန်ကြားထားကြောင်း သိရသည် ။ သံရုံး သို့ ဖုန်းဆက်လျှင်လည်း မည်သည့် မြန်မာ သံဝန်ထမ်း ကမျှ မကိုင်ရန်နှင့်  ဒေသခံ Receptionist များမှ သာ ဖုန်းတဆင့် ကိုင်ရန် နှင့်  အင်တာကွန်ဖြင့် မြန်မာ ၀န်ထမ်း များမှ နားဆင် ရန် နေပြည်တော် မှ ညွန်ကြားထားသည် ။
သံရှံး မှ စာရွက်စာတမ်းများကို အမိုက်ပုံး ထဲ သို့ မပြစ် ရန် ၊ စာရွက် ဖျက်စက် များ သံရှုံးတိုင်း အသစ် ၀ယ်ထားရန် ၊ ဒေသ လုံ ချုံ ရေး Alarm Company များ Motions Sensors သုံး မီး လုံး များ ကင်မရာ ရုပ် ဖမ်း စက်များ တပ်ဆင်ထားရန် Budget ခွင့် ပြု ထားပြီး ဖြစ်သည် ။ အချို့ နိုင်ငံများ ဂျပန် ၊ ထိုင်း စသည် တို့ တွင် ဒေသခံ ရဲ များကို နာရီ ပြည့် ငှါး ထားရန် ၊ အနောက်နိုင်ငံကြီးများ တွင် တခါ ဘူးမျှ မငှါးဘူးသည် ဒေသခံ Security များ ငှါးရမ်းအသုံးပြုရန် ညွန်ကြားထားသည် ။ အထူး ညွန်ကြားချက် မှာ သံရုံး တိုင်း မိမိ တို့ ရောက်ရှိရာ နိုင်ငံတိုင်း ရှိ အာဆီ ယံ သံ ရုံး ၀န်ထမ်း များနှင့်  မိမိတို့ အဆင့် ဆင့် အလိုက် အထူး ပိုမို မိတ်ဆွေဖွဲ့ ထားရန် ( Lunch အတူ စားခြင်း ၊ လက်ဆောင်ပေးခြင်း ) ညွန်ကြားထားသည် ။
သံအမတ်ကြီး ၏နေအိမ်မှ ထမင်းချက် အမျိုး သမီးများမှ အစ ဥယဉ် မှူး အဆုံး စနေ ၊ တနင်္ဂနွေ ထွက်လည် ခွင့် ကို ခေတ္တ ပိတ်ထားရန် စသည် တို့ ပါသည်..ပြည်ပရှိ မိမိတို့ မိသားစုများ ထံ လိုက်လာရန် ၊ လည် ရန် အသင့် ဖြစ်နေသော ပြည်တွင်း ထဲ မှ သံတမန် မိသားစု ၊ ဆွေမျိုးစုများကို လည်း ယာယီထွက်ခွင့် ပိတ်ထားလိုက်သည် ။ ထို ထက်ပိုဆိုးသည် မှာ သံရုံး ၀န်ထမ်း အချင်း ချင်းကြားဉ် ပင် လျှင် အချင်း ချင်း အထူးသ တိထားစောင့် ကြည့် ကြရန် ၊ အရေး ပေါ် အခြေအနေပေါ် အခွင့် ကောင်းယူ၍ နိုင်ငံ ရေး ခိုလုံ ခွင့် မျိုး ဖြင့် ထွက်မပြေး နိုင်စေရန် သံအမတ် ကို အထူး မှာကြားထားသည် ။ မည်သည့် မီဒီယာနှင့် မျှ အင်တာဗျူး မလုပ်၇န် ၊ ဒေသဆိုင်ရာ နိုင်ငံခြားရေး ဌါန များ၊ ၀န်ထမ်းများကို အထူးနည်းကပ်စွာဆက်ဆံရန် ( ဖါးထားရန် ) ညွန်ကြားထားသည် ။
နေပြီးစားပြီး US $ ၁၂၀၀ မှ ကျပ် ၄၀၀၀ ကျော်အထိရသော သံယုံးဝန်ထမ်းများကို လစာထပ်မံတိုးပေးရန် အသံများလည်း ထွက်ပေါ် လျှက်ရှိသည် ။

ဘန်ကောက်သံရုံး အပိုင်စီး မှူမျိုး ကဲ့ သို့ ဖြစ်ပေါ် လာလျှင် အဘယ်သို့ အရေး ပေါ် လုပ်ဆောင်ရမည် ကို လည်း သံအမတ်ကြီးကို လျှိုဝှက် သီးသန့် မှာကြားထားသည် …
သူတို့ ဘာကြောင့်  ပြည်ပတွင် ဤသို့ ကြောက်နေကြရတာလဲ ?

ရေဘုရင် မိကျောင်းသည်ပင် ကုန်း ပေါ် သောင်ပြင်ပေါ် တွင် ဖွတ်ကဲသို့  ပင်ဖြစ်ကြောင်း မိမိကို မိမိသိရှိကြ၏

http://canadamyanmar.blogspot.com/

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်