Friday, May 1, 2009

ငရဲခွေးရူးကြီးလွတ်နေဆဲ


သိပ္ပံဇာတ်လမ်းကြယ်တာရာစစ်ပွဲထဲက စခန်းကြီးတစ်ခုလို့ အထင်မမှုားလိုက်ကြပါနဲ့ အဲဒါ ဘုရားစူး....ကြပ်ပြေးမှာဆောက်မယ့်လေယာဉ်ကွင်းပါ။
အဲလောက်ကောင်းတဲ့လေယာဉ်ကွင်းကြီးဆောက်လို့ ကျွန်တော်တို့ နိုင်ငံကိုသိပ်လည်းအထင်မကြီးသွားကြပါနဲ့  အကြီးဆုံးမြို့ ကြီးဖြစ်တဲ့ရန်ကုန်မြို့ မှာတောင် ၂၄နာရီတစ်ရက်မှာ၆နာရီပြည့်အောင်မီးမလာပါဘူး။ ဖယောင်းတိုင်မီးနဲ့ စာကြည့်ပြီး ၁၀တန်းအောင်လာရတဲ့ကျွန်တော့်လိုလူတွေအများကြီးပါ။ လူဖြစ်လာကတည်းက စတွေ့ ခဲ့ရတဲ့ အာဏာရူးဆိုတဲ့လူကြီးဟာ အခုတော့ဘုရင်ရူးပါ ရူးနေပါရောလား။ သူအာဏာရလာတဲ့အချိန်ကစလို့ ကျွန်တော့်ဘ၀သက်တမ်းတစ်လျှောက်မှုာ အကောက်ကျစ်ဆုံး အောက်တန်းအကျဆုံးလူတစ်ယောက်ကို ပထမဆုံးကြုံဖူးခြင်းပါ။
အာဏာရူးသန်းရွှေက သူသေမယ့်ကြပ်ပြေးမှာ အိမ်တစ်ဆောင်၊မီးတပြောင်အပြင် ရန်ကုန်ကိုလူမသိအောင် ခိုးပြန်ပြီးအိပ်နေကျညတွေမှာ လေယာဉ်ခလုတ်တိုက်လဲမှာကြောက်ရတဲ့ ကြပ်ပြေးလေယာဉ်ကွင်းကိုစိတ်မချလို့ အသစ်ချဲ့ ဖို့  ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ လေယာဉ်ကွင်းသစ်ပရောဂျက်ကြီးကို အေးရှားဝေါလ် ကုမ္ပဏီနှင့် စင်္ကာပူ CPG Consultant Pet. Ltdတို့ အပြီးအပ်ပြီးသွားပါပြီ။
ဘုရင်ရူးသန်းရွှေဟာ မြန်မာပြည်သူတွေပိုင်ဆိုင်တဲ့ ဒေါ်လာငွေသန်းပေါင်းများစွာကို ကိုယ်ကျိုးအတွက် အရှက်မရှိမျက်နှာပြောင်တိုက် အကျိုးမဲ့သုံးဖြုန်းနေတဲ့အချိန်မှာ လူပေါင်းသိန်းနဲ့ ချီပြီးသေဆုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်းဖြစ်ခဲ့တာ ၁နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။
လူုယုတ်မာသန်းရွှေဟာ မုန်တိုင်းဖြစ်ပြီး အလောင်းတွေစီနေကတည်းကပြည်သူအချင်းချင်းစာနာကူညီခဲ့တဲ့သူတွေကို နည်းမျိုးစုံနဲ့ ညှဉ်းပန်းနှိပ်စက် ထောင်ချနေခဲ့တာလည်း ယနေ့ ထိတိုင်ပါပဲ။ နိုင်ငံတကာကအကူအညီတွေကိုလည်း အနှောင့်အယှက်မျိုးစုံပေးပြီးပိတ်ဆို့ တားဆီးနေဆဲပါ။ ကနေ့ အထိ ဧရာဝတီတိုင်းအပါအ၀င် မုန်းတိုင်းသင့်ခဲ့တဲ့ဒေသတွေကပြည်သူတွေမှာ မုန်တိုင်းနဲ့ ပါက်သက်တဲ့စိတ်ဝေဒနာ၊ နေရေးစားရေး အစစအရာရာချို့ တဲ့စွာနဲ့ ပင်ပင်ပန်းပန်းရုန်းကန်နေရဆဲပါ။
mizzimaစာမျက်နှာများမှ သတင်း၊ဓာတ်ပုံများ၊ အခြားသောသတင်း စာမျက်နှာများမှ ကိုးကားရေးသားပါသည်။
Summary

Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်