မုံပီး စနေနေ့၊ မေလ 09 2009 13:53 - မြန်မာစံတော်ချိန်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာစစ်အစိုးရက လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသော ရာဇဝတ်မှုများကို ကော်မရှင်ဖွဲ့၍ စုံစမ်း စစ်ဆေး ရန်နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကျပ်အတည်းနှင့် စပ်လျဉ်းသည့် ကိစ္စကို ‘ကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိမှု’ - R2P မူ ချမှတ်ကျင့်သုံးရန် ဗြိတိသျှပါလီမန်အမတ် ၆ဝ ကျော်က ကုလသမဂ္ဂကို တောင်းဆိုလိုက်သည်။
နိုင်ငံခြားရေး ဝန်ကြီးဟောင်းများ ဖြစ်ကြသော Ian McCartney, Keith Vaz အပါအဝင် အမတ်များက မြန်မာနိုင်ငံဆိုင်ရာ ပါတီပေါင်းစုံဒီ မိုကရေစီရေးအဖွဲ့ပူးတွဲဥက္ကဋ္ဌ Joh Becrow အဆိုတင်သွင်းသည့် Early Day Motion (EDM) တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ဤအဆိုတွင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူ့အခွင့်အရေး အခြေအနေ ယိုယွင်းမှုများအတွက်စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံအတွင်း အထူးသဖြင့် တိုင်းရင်းသားလူမျိုးများ နေထိုင်သော ဒေသများတွင် စစ်ဆင်ရေးများ ပြုလုပ်နေသည်ဆိုသော မြန်မာစစ်အစိုးရ၏ အံ့သြထိတ်လန့်ဖွယ် လူ့အခွင့်အရေးချိုးဖောက်မှု သတင်းများအတွက် ကာကွယ်ရန် တာဝန်ရှိမှု - R2P ဆိုသည့် မူကို ချမှတ်ကျင့်သုံးပေးပါရန် ဤအမတ်များက ယင်းတို့၏ EDM တွင် ကုလကို တိုက်တွန်းထားသည်။
မြန်မာနိုင်ငံအတွင်း စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ဖြစ်ပွားနေသည်ဆိုသည့် စွပ်စွဲချက်များကို ကော်မရှင်တရပ် ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးပေးပါရန် ဘုရင်မကြီး၏ အစိုးရအဖွဲ့နှင့် အခြားအစိုးရများကို အဆိုပါ EDM တွင် တိုက်တွန်း ထားသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော အကျပ်အတည်းများနှင့် စပ်လျဉ်း၍ ကာကွယ်ရန် တာဝန်ရှိမှု R2P မူကို ချမှတ်ကျင့် သုံးပါ ရန်လည်း ကုလကို တိုက်တွန်းထားသည်။
မြန်မာစစ်အစိုးရသည် ပြည်သူများကို အကြောက်တရား လွှမ်းမိုးအောင် ပြုလုပ်သည့် မူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း လူ့အခွင့်အရေး အဖွဲ့များနှင့် လှုပ်ရှားတက်ကြွသူများက စွပ်စွဲထားသည်။ သူတို့၏ အုပ်ချုပ်မှုကို တည်မြဲစေရန်အတွက် အထူးသဖြင့် တိုင်းရင်းသား လူမျိုးများ နေထိုင်ရာ ဒေသများဖြစ်သည့် မြန်မာနိုင်ငံ အစွန်အဖျား ဒေသများတွင် အဆိုပါ မူဝါဒများကို ပိုမိုပြင်းထန်စွာ ပြုလုပ် ကျင့်သုံးနေသည်ဟု သူတို့က စွပ်စွဲပြောဆိုထားကြသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေးအတွက် စည်းရုံးလှုံ့ဆော်မှု လုပ်ငန်းများ လုပ်ကိုင်နေသည့် (Christian Solidarity Worldwide) က ကြာသပတေးနေ့က ကြေညာချက်တရပ် ထုတ်ပြန်ခဲ့သည်။
ကြေငြာချက်တွင် ပါရှိသည့် မြန်မာစစ်အစိုးရ ကျင့်သုံးနေသော မူဝါဒများတွင် မုဒိမ်းကျင့်ခြင်းကို စစ်လက်နက်တရပ်အဖြစ် ကျယ်ပြန့်စွာ အသုံးပြုနေခြင်း၊ အဓမ္မလုပ်အားခိုင်းစေမှုများ၊ လူသားများကို မိုင်းရှင်းကိရိယာအဖြစ် အသုံးချနေခြင်းများနှင့် ကလေးစစ်သား အသုံး ပြုမှုတို့ ပါဝင်သည်။
၁၉၉၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံ အရှေ့ခြမ်းတွင် စစ်အစိုးရက ကျေးရွာပေါင်း ၃၃ဝဝ ကျော်ကို ဖျက်ဆီးပစ်ခဲ့ပြီး ဖြစ်သည်။ အရပ်သား များ အပေါ် စစ်ရေးတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် လူတသန်းခန့်မှာ ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်များအဖြစ် ကျရောက်နေရကြောင်း ဤအဖွဲ့က ဆိုသည်။
အန္တရာယ်များလှသော အခြေအနေတွင် နေထိုင်နေကြရသည့် မြန်မာနိုင်ငံမှ တိုင်းရင်းသားများရှိရာ ထိုင်း-မြန်မာ နယ်စပ်နှင့် အိန္ဒိယ-မြန်မာ နယ်စပ်တို့သို့ John Becrow သွားရောက် လည်ပတ်ကြည့်ရှုခဲ့ပြီး၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများ၏ အလွန်ထိတ် လန့်ဖွယ် ကောင်းသော အဖြစ်အပျက်များကို သူ ကြားခဲ့ရသည်ဟု ဆိုသည်။
“အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် ပြောမပြနိုင်လောက်အောင် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရတဲ့သူတွေ၊ သူတို့ ဆွေမျိုးသားချင်းတွေကို သတ် ဖြတ်တာကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသူတွေနဲ့ ကျနော် မျက်နှာချင်းဆိုင် ထိုင်တွေ့ခဲ့ရပါတယ်။ သူတို့က ကျနော့်မျက်လုံးထဲကို စိုက်ကြည့်ပြီး သူတို့ ငိုယိုသံတွေကို တကမ္ဘာလုံးက ကြားနိုင်အောင် လုပ်ပေးဖို့ တောင်းပန်ခဲ့ကြပါတယ်” ဟု Becrow က ကြေညာချက်တွင် ဖော်ပြထားသည်။
“သူတို့ ငိုယိုသံတွေကို အဖြေပေးဖို့နဲ့ စစ်အစိုးရရဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အချိန်တန်ပါပြီ။ မြန်မာပြည်သူ ပြည်သားတွေဟာ သူတို့ ကြာရှည်စွာ ငြင်းပယ်ခံခဲ့ရတဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုကို အပူတပြင်း လိုအပ်နေကြပါပြီ” ဟု သူက ဆက်လက်ပြော ကြားခဲ့ သည်။
EDM သည် ဗြိတိသျှပါလီမန်၏ အောက်လွှတ်တော်တွင် အခြေအတင် ဆွေးနွေးရန်အတွက် ပုံမှန်တင်သွင်းသော အဆိုတရပ် ဖြစ်သည်။ ဤအဆိုမျိုးကို အနည်းအကျဉ်းမျှသာ အမှန်တကယ် အခြေအတင် ဆွေးနွေးလေ့ ရှိကြသော်လည်း အကြောင်းအရာတရပ်ရပ်၊ အမြင် တရပ်ရပ်အပေါ် ပါလီမန်၏ ထောက်ခံမှု အတိုင်းအတာကို မီးမောင်းထိုးဖော်ပြနိုင်သည်။
“ဤတောင်းဆိုချက်ကို အလေးအနက် စဉ်းစားပါရန် ဗြိတိသျှအစိုးရနှင့် အခြားအစိုးရများကို တောင်းဆိုပါသည်။ စစ်အစိုးရ၏ လူသား မျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက်လည်း စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းစစ်ဆေးပေးပါရန်” CSW ၏ စည်းရုံး လှုံ့ဆော်ရေး ဒါရိုက်တာ Alexa Papadouris က တောင်းဆိုပြောကြားလိုက်သည်။
R2P အယူအဆကို ကမ္ဘာ့ခေါင်းဆောင်များ၏ ၂ဝဝ၅ ခုနှစ် ထိပ်သီးအစည်းအဝေးက ချမှတ်ခဲ့သည်။ သက်ဆိုင်ရာ အစိုးရတရပ်ရပ်က သူ့နိုင်ငံသားများအပေါ် ကျူးလွန်လျက်ရှိသော မျိုးဖြုတ်သတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ လူမျိုးတုံး စစ်ဆင်မှုများ စသည်တို့မှ ကာကွယ်ရန် မတတ်နိုင်လျှင်သော်‚င်း၊ ကာကွယ်ပေးလိုစိတ် မရှိလျှင်သော်‚င်း၊ ထိုသူများအတွက် အကာအကွယ်ပေးရန် တာဝန်ရှိသည်ဟူသော အယူအဆကို ကမ္ဘာ့ခေါင်းဆောင်များနှင့် အစိုးရများက သဘောတူညီခဲ့ကြသည်။
ဤ R2P ကို ချမှတ်ကျင့်သုံးရာတွင် ရှေးဦးစွာ ငြိမ်းချမ်းသည့် နည်းလမ်းများဖြစ်သော စီးပွားရေး၊ နိုင်ငံရေး၊ သံတမန်ရေးနှင့် ဥပဒေ ရေးရာ အစီအမံများကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိပြီး၊ ဤဆောင်ရွက်ချက်များ မအောင်မြင်ပါက နောက်ဆုံး နည်းလမ်းအနေနှင့် ကုလ သမဂ္ဂပဋိဥာဉ်စာတမ်း အခန်း ၇ အရ နိုင်ငံတကာ အသိုင်းအဝိုင်းက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှတဆင့် ပူးပေါင်းတပ်ဖွဲ့တခုကို အသုံးပြုဆောင်ရွက်နိုင်သည်။
Saturday, May 9, 2009
မြန်မာအပေါ် R2P ကျင့်သုံးရန် ဗြိတိသျှအမတ်များ တောင်းဆို
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
May
(508)
- မြန်မာနိုင်ငံသား မူဆလင် ၅၂ ဦး ပြန်နှင်ထုတ်ခံရ
- ရုရှားရောက် အရာရှိငယ်တစ်ဦးဧ။် အမြင်နှင့် www.kar...
- အမေ့ မွေးနေ့  မမေ့ နဲ့ 
- သံဃာတော်သွေးနဲ့ရေးတဲ့ သမိုင်း
- မလေးရှားနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ...
- လွိုင်ကော်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ကျန်းမ...
- ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ အမေရိကန် ကာကွယ်ရေးဝ...
- သာသာထိုးထိုးလေး ပြောလိုက်ပါရစေ
- ခေတ်လူငယ်များ ရဲ့အမြင်နဲ့  မြန်မာပြည်..
- The Reclusive Burma
- အဖေ တည်ထောင်ပေးခဲ့ တဲ့ ပြည် အခု သူသာသိလျင်
- ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်မွေးနေ့ သို့  ဆုတောင်းလွှာ
- Asia Protests Demand Immediate Release of Aung San...
- Support for Suu Kyi release
- Message for Aung San Suu Kyi
- အမေနဲ့  အတူ အားလုံးရှိတယ်
- ရဲဘော် တဦး မကဒတ အပေါ် သုံးသပ်ချက်
- Former president Jimmy Carter discusses about Mya...
- Online campaign gathers support for Myanmar's Suu Kyi
- စံပါယ် နှင့် အဖြူရောင်ကန်ပိန်း
- " မဟာဗျူဟာညီလာခံ” လာတက်ကြပါ..
- ဟုတ်ပါ့ မလား၊ ယုံရဲဘူး
- ဒေါ်ကြိုင်ကြိုင် ထီးတင်သည့် ဓနုတ် စေတီပြိုကျ၊ ၅၀ ထက...
- ဒေါ်အောင်ဆန်းစုကြည်..အကြောင်းဆွေးနွေးချက်
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ...
- MoeMaKa Daily e Newspaper - 29th May 2009
- မေ၃ဝ ဒီပဲယင်း အရေးအခင်းနေ့ ၆နှစ်ပြည့် အထူး အစီအစဉ်...
- ခြေရာ နင်းသောသမီးနဲ့  ခြေရာဖျင်းတဲ့ သား..
- ဒီပဲယင်း ၆ နှစ်ပြည့် ကိုရီးယားတွင် ဆန္ဒပြ
- ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားတပ်ပေါင်းစု ရဲ့ မေတ...
- ပြောသာပြောရ. ဖိနပ်နဲ့ပေါက်မှာကြောက်လို့ မျက်နှာက ဇ...
- တရုတ်ပြည်က ထုတ်လုပ်တဲ့ အမျိုးသမီးသုံး ဆံပင်ခေါင်းစ...
- လာဘ်စား ငွေစားနေတဲ့ ထောင်ဝန်ထမ်းတွေ ကျ ဘယ်သူမှာတာဝ...
- အမိမြန်မာပြည် အတွက် မဲပေးကြပါ လက်ဆင့်ကမ်းကြပါ Vote...
- နအဖ ရိုက်သွင်းထားတဲ့ စိတ်ဓါတ်များ
- အမေ ရှိမှ..တိုင်းပြည်သစ်စမယ်
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ်း...
- Singapore သတင်းစာမှာဖေါ်ပြတဲ့ မြန်မာ့သတင်း
- အရူးကိုမီးဝိုင်းနေပြီ
- ဗိုလ်ချုပ် လမ်းစဉ်စ..ရရင်ရ..မရရင်ချမယ်..
- ဒီလို ကြေကွဲစရာတွေ တဖြေးဖြေး များလာနေခဲ့ပြီ
- MoeMaKa Daily e Newspaper - 28th May 2009
- ဘယ်သူပြောပြော မရှက်တဲ့ နအဖ..
- ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်..
- ဒါ လူအခွင့်အရေး ကိစ္စမဟုတ်ဖူးလား..သိသူကမေးနေပြီ
- အင်းစိန်ထောင်တွင်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး N...
- မေ၃၀ ဒီပဲယင်းအရေးအခင်းနေ့ ၆နှစ်ပြည့် အထူးအစီအစဉ် အ...
- 28-05-2009 NLD(HQ) office မှ ဦးဥာဏ်ဝင်း၏ သတင်းစာလ...
- ပြည်သူ့ ရန်သူ နအဖနှင့် ဝေးဝေး ရှောင်ကြရန် ပြည်သူမျ...
- ပြည်သူကို အကျိုးပြုတဲ့ တပ်မတော်ပါ ကောင်းကျိုးမဟုတ်...
- မိမိ အသိစိတ်ဖြင့်လာရောက် ပူးပေါင်းကြ
- Report From Aung Lynn Htut
- ဓနုအမျိုးသားကောင်စီမှ
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ်း...
- John William Yettaw with SPDC craps
- ဥဏှောက်မဲ့ ခေါင်းဆောင် နှင့် အမျှော်အမြင်ရှိခေါင်း...
- ခွေး ၀ိုင်းအဆွဲ ခံနေရတဲ့  အာဇာနည် နှစ်ဦး
- (ဥဏှောက်က) ပညာကနဲနဲ အာဏာကများများ
- NLD မေ ၂၈ ၂၀၀၉ ကျေညာချက်
- မီးရှူးတိုင်ဟာ ပန်းတိုင်မရောက်ခင်မှာ ငြိမ်းမသွားဖိ...
- ပျားအုံတစ်အုံရဲ့ အရေးအခင်း
- အငိုဒုက္ခ တိုင်းပြည်
- ဒေါ်စု သတင်း
- မိုးမခ သတင်းစာဗျို့ 
- ညီညွတ်ကြစို့ 
- ယနေ့ အာဇာနည် နှစ်ယောက် ခွေးဆွဲသွားခြင်း
- ခုံရုံး တင်ရန် အတွက် တပ်လှန့်သံ
- မလေးရှားမှာလည်း ဒုက္ခ..ရှိတယ်
- Demonstration on 27th May 2009 in Phnom Penh, Camb...
- အာဇာနည် အမေ
- ရူးကြောင်ကြောင် လုပ်ရပ်နဲ့  ဖြုတ်ဦးနှောက်သာ ရှိသူ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ အမှု ဒိုင်ယာရီ
- တောင်းတဲ့ဆုနဲ့ အမြန်ဆုံးပြည့်ပါစေဗျာ
- ဒေါ်အောင်ဆန်းစုကြည်က တရားရုံးတော်သို့ ရေးသား တင်သွင...
- ရွေးကောက်ပွဲ နိုင်ခဲ့တာ နှစ် ၂၀တောင်နီးပေါ့.
- အမေစုကို ချစ်သူများ အတွက် www.64forsuu.org
- အာဆီယံမှ မြန်မာကို ဆိုင်းငံ့ရန် စင်္ကာပူအမတ်တောင်းဆို
- MoeMaKa e Newspaper - 26th May 2009
- ၁၉ နှစ်မြောက် ရွေးကောက်ပွဲ အနိုင်ရသည့် အထိမ်းအမှတ်...
- သန်းရွှေ အမျိုးယုတ် ဗုံးလိုက်ခွဲနေသည် အားလုံး သတိနှ...
- It Did Happen in Burma - Record on Trial of DASSK ...
- Generation Wave မျိုးဆက်သစ်လူငယ်များရဲ့  (အခြေအနေမ...
- ပြည်သူ့ ထိုင်ခုံလု ထားတာ ၁၉ နှစ်ရှိပြီ ...
- Obama demands Suu Kyi's release
- အမေစု၏ ချေပချက်
- ဒေါ်စုသတင်းများ..
- ယုတ်တာလည်း ယုတ်တာပေါ့ အဲလိုကိုယ့်အရှက်ကိုယ်ခွဲတာမျ...
- ကြိုဆိုတယ်.အိုဘဲ့.ငြိမ်းချမ်းရေးဌက်ငယ်..
- အင်္ဂပူဘဲ တကယ်ပြောင်းတာလား..ဂူထဲဘဲ ရောက်သွားတာလား..
- ၁၉၉၀ မဲရွေးတာ...အောင်ပွဲ ရတဲ့နေ့ က ဒီနေ့ ..
- အကြံကုန် ဂဠုန်တော့ ဆားချက်နေပြီ..
- နဲတောင်နဲသေးတယ် ဗုံးပစ်ထဲ့ရမှာ
- KNU မှ လုံခြုံရေးကောင်စီ ထုတ်ပြန်ချက်ကို ကြိုဆိုခြင်း
- နအဖ..နွားအစိုးရ ဂွကျနေခြင်း
- Interview with Kasit Piromya, Foreign Minister of ...
- European ministers call for Suu Kyi release
- Afshin Rattansi with Aung San Suu Kyi's Biographer...
- အမေစုကို ချစ်ကြသူများ
- နအဖရဲ့ လိမ်ညာ လုပ်ကြံဇာတ်လမ်းတွေ ခင်းနေတာ မျက်စိနေ...
- နာမည်ကြီးတွေ ချစ်တဲ့ သိက္ခာရှိ သတ္တိရှိတဲ့ မြန်မာအမျ...
-
▼
May
(508)
No comments:
Post a Comment