အာဏာရူးကြီးသန်းရွှေ အန်တီစုကိုဆေးကုခွင့်မပေးပဲ ထားပြီးလုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားနေပါတယ်။
သတင်း။ ။ဒေါ်စု ဆေးကုသမှု ခံယူခွင့်ပြုရေး အန်အယ်လ်ဒီတိုက်တွန်း
10 May 2009
၆ နှစ်ကြာ နေအိမ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေ ပြီးတော့ သူမကို ဆရာဝန်နဲ့ နောက်ထပ် တွေ့ဆုံခွင့် ပေး ၊ မပေး စတာတွေနဲ့ပတ်သက်လို့ အစိုးရဘက်က သူမရဲ့ ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီကိုရော ပြည်သူလူထုတွေကိုပါ အသိပေးပြောဆိုတာ မရှိတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒီအပေါ် အစိုးရ ဘက်က ပွင့်ပွင့်လင်းလင်း အသိပေးပြောဆိုသင့်တယ်လို့ NLD က ဝေဖန်လိုက်သလို အာဆီယံ လွှတ်တော် အမတ်များ အဖွဲ့ AIPMC ကလည်း အစိုးရရဲ့ အခုလို လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ အတော်လေးကို စိုးရိမ်မိတဲ့အကြောင်း ပြောဆို လိုက်ကြပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက တင်ပြထားပါတယ်။
Summary
Rest of your post
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိတယ်ဆိုတာနဲ့ပတ်သက်လို့ NLDကိုရော ပြည်သူကိုပါ အစိုးရက အခုထိကို ပွင့်ပွင့်လင်းလင်း အသိပေးတာမျိုး မရှိသေးပါဘူး။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေက ရှိနေသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်း ကိုလည်း အခုထိ ထိန်းသိမ်းထားဆဲမို့ ဒါတွေနဲ့ပတ်သက်လို့ အမျိုးမျိုး ဝေဖန်သုံးသပ်သံတွေလည်း ထွက်ပေါ်နေတာပါ။ ဒီအပေါ်မှာ အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကတော့ -
“ ပွင့်ပွင့်လင်းလင်း ပြောရမယ့်ကိစ္စပဲ။ ကျွန်တော်တို့ ဒီမှာက သတင်းအမှောင်ချတဲ့ အလေ့အကျင့် ရှိနေတယ်။ ဒါဟာ မကောင်းဘူး။ ကျွန်တော်တို့ ပြည်သူလူထုတွေ သိသင့်တဲ့ သတင်းတွေကို သိခွင့်ပေးသင့်တယ်။ ဒီလိုပဲ ပြောချင်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ သွေးပေါင်ချိန်ကျပြီး ရေဓာတ်လျော့နည်းတာကြောင့် သောကြာနေ့တုန်းကပဲ ဒေါက်တာ တင်မျိုးဝင်းရဲ့ လက်ထောက် ဒေါက်တာ ပြုံးမိုအိကနေ အားဆေးသွင်းပေးခဲ့ရတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအရ နောက်ရက်မှာ ထပ်တွေ့ခွင့် ဒေါက်တာပြုံးမိုအိ က တောင်းခံထားပေမယ့် အစိုးရဘက်က အခုထိ ၀င်ခွင့် မပေးသေး ဘူးလို့ သိရတဲ့အကြောင်း ဦးဥာဏ်ဝင်း က ပြောပြပါတယ်။ ဒီအပေါ်လည်း -
“လိုရင်လိုသလို လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့် ကတော့ မရှိဘူး။ အမှန်တော့ ဒါ ရှိသင့်တာပေါ့။ အမှန်ပြောလို့ရှိရင် ဒေါ်စု ကို နေအိမ် အကျယ်ချုပ် ကန့်သတ်ထားတဲ့အထဲမှာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး ဘာမှ ကန့်သတ်ထားတဲ့ ဥပဒေ မရှိဘူး။ သို့သော်လည်းပဲ သူတို့ ကန့်သတ်နေတယ်။ အဲဒီလို တွေ့နေရတယ်။”
NLDအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း ကိုလည်း ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတည်းက အာဏာပိုင်တွေဘက်က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာ အခုထိ သူ့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်။ ဘာကြောင့် ထိန်းသိမ်းထားတယ်။ သူ့ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိတယ် ဆိုတာနဲ့ပတ်သက်လို့ စစ်အစိုးရဘက်က ဒေါက်တာတင်မျိုးဝင်းရဲ့ မိသားစုဝင် တွေကို အသိပေး ပြောဆိုတာမျိုး မရှိဘူးလို့ မိသားစုဝင်တဦးက ပြောပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်သက်တမ်း တိုးမြှင့်ထားတဲ့အပေါ် အယူခံလွှာကိုလည်း ပြီးခဲ့တဲ့လကုန်ကပဲ အစိုးရက ပယ်ချခဲ့လို့ ဒီ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ သူမရဲ့ ရှေ့နေကြီး ဦးကြည်ဝင်း က တောင်းဆိုထားတဲ့အပေါ်မှာလည်း အစိုးရက အခုထိ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။ မြန်မာစစ်အစိုးရရဲ့ အခုလို အပြုအမူ နဲ့ ပြည်သူတွေ သိအောင် ပွင့်ပွင့်လင်းလင်း ချပြ ပြောဆိုတာ မရှိတဲ့အတွက် ဒါဟာ အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖောက်မှု တရပ်ဖြစ်တယ်လို့ AIPMC ခေါ် မြန်မာ့အရေး အာဆီယံလွှတ်တော်အမတ်များအဖွဲ့ ကလည်း ပြောဆိုလိုက်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် အခုလို နေထိုင်မကောင်းဖြစ်နေချိန်မှာ သူရဲ့ဆရာဝန်ကို နောက်ထပ် တွေ့ခွင့်မပေးတာ၊ ဒေါ်စုရဲ့ ကျန်းမာရေးအတွက် အထူးဂရုစိုက် ဆောင်ရွက်ပေးခြင်းမရှိတာ၊ ဒါတွေအပေါ် ကျွန်တော်တို့ တော်တော်လေး စိုးရိမ်မိပါ တယ်။ အစိုးရရဲ့အခုလို လုပ်ရပ်ကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည် အခုလို နေထိုင်မကောင်းဖြစ်နေချိန်မှာ သူမရဲ့ ဆရာဝန်ကို နောက်ထပ် တွေ့ခွင့်မပေးသေးတာ၊ ဒေါ်စုရဲ့ ကျန်းမာရေးအတွက် အထူးဂရုစိုက်ဆောင်ရွက်ပေးခြင်းမရှိတာ ဒါတွေအပေါ် ကျနော်တို့ အတော်လေးကိုပဲ စိုးရိမ်မိပါတယ်။ အစိုးရရဲ့ အခုလို လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကျနော်တို့ ရှုတ်ချပါတယ်။
AIPMC ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Roshan Jason ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၃ ခုနှစ် မေ ၃၀ ဒီပဲယင်း ဖြစ်ပြီး ကတည်းက အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဘ၀နဲ့ ထိန်းသိမ်းထားတာဟာ အခုလကုန်ဆိုရင် သက်တမ်းပြည့် တော့မှာပါ။ ဒါကို အစိုးရက လွှတ်မပေးဘဲ သက်တမ်းဆက်တိုးမှာကို စိုးရိမ်တဲ့အကြောင်းလည်း သူက ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမအပေါ် ဖမ်းဆီးထားတာကို ဥပဒေကြောင်းအရ ခုခံပိုင်ခွင့် အပြည့်အ၀ ရှိတယ်လို့လည်း မစ္စတာ Roshan ပြောခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့တပတ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝင်းထဲကို နိုင်ငံခြားသားတယောက် ရေကူးဝင်ရောက်ခဲ့တဲ့သတင်းတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် အစိုးရမှာ အပြည့်အ၀ တာဝန်ယူတယ်လို့လည်း မစ္စတာ Roshan က ပြောဆိုခဲ့ပါတယ်။ မြန်မာ စစ် အစိုးရအနေနဲ့ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းမှန်တွေကို အများသိအောင် ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ကို သူက အခုလို တိုက်တွန်းခဲ့ပါသေးတယ်။
“ဒီအချိန်မှာ မြန်မာစစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေ စောင့်ရှောင့်မှုတွေနဲ့ ပတ်သက် လို့ သူ့ရဲ့ ပါတီကိုရော၊ သူ့ရဲ့ဆရာဝန်ကိုရော၊ ရှေ့နေကိုပါ ပွင့်ပွင့်လင်းလင်း အသိပေး အကြောင်းကြားသင့်ပါတယ်။ အခုလို ပိတ်ပင် ကန့်သတ်ခံနေရတာတွေ၊ သတင်းအမှောင်ချနေတာတွေကို ဆက်မလုပ်သင့်တော့ဘူးလို့ ကျွန်တော်တို့ ယုံကြည် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆရာဝန်နဲ့ ချက်ခြင်း တွေ့ခွင့်ပေးဖို့ကိုလည်း ကျွန်တော်တို့ တောင်းဆိုပါတယ်။ ”
ဒီအချိန်မှာ မြန်မာစစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ စောင့်ရှောက်မှုတွေနဲ့ပတ်သက်လို့ သူမရဲ့ ပါတီကိုရော - သူမရဲ့ ဆရာဝန်ကိုရော - ရှေ့နေ ကိုပါ ပွင့်ပွင့်လင်းလင်း အသိပေး အကြောင်းကြားသင့်ပါတယ်။ အခုလို ပိတ်ပင်ကန့်သတ်နေတာတွေ သတင်းအမှောင်ချတာတွေကို ဆက်မလုပ်သင့်တော့ဘူးလို့ ကျနော်တို့ ယုံကြည်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆရာဝန်နဲ့ ချက်ချင်းတွေ့ခွင့်ပေးဖို့ကိုလည်း ကျနော်တို့ တောင်းဆိုပါတယ်။ AIPMC မြန်မာ့အရေး အာဆီယံလွှတ်တော်အမတ်များအဖွဲ့ ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Roshan Jason ပြောဆိုခဲ့တာဖြစ်ပါ တယ်ရှင်။
http://www.voanews.com/burmese/2009-05-10-voa4.cfm
Sunday, May 10, 2009
ချီးပန်းနေတဲ့ အဖိုးကြီးသန်းရွှေ ကျန်းမာရေးမကောင်းတဲ့အန်တီစုကို ဆေးကုသခွင့်မပေး။
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
May
(508)
- မြန်မာနိုင်ငံသား မူဆလင် ၅၂ ဦး ပြန်နှင်ထုတ်ခံရ
- ရုရှားရောက် အရာရှိငယ်တစ်ဦးဧ။် အမြင်နှင့် www.kar...
- အမေ့ မွေးနေ့  မမေ့ နဲ့ 
- သံဃာတော်သွေးနဲ့ရေးတဲ့ သမိုင်း
- မလေးရှားနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ...
- လွိုင်ကော်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ကျန်းမ...
- ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ အမေရိကန် ကာကွယ်ရေးဝ...
- သာသာထိုးထိုးလေး ပြောလိုက်ပါရစေ
- ခေတ်လူငယ်များ ရဲ့အမြင်နဲ့  မြန်မာပြည်..
- The Reclusive Burma
- အဖေ တည်ထောင်ပေးခဲ့ တဲ့ ပြည် အခု သူသာသိလျင်
- ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်မွေးနေ့ သို့  ဆုတောင်းလွှာ
- Asia Protests Demand Immediate Release of Aung San...
- Support for Suu Kyi release
- Message for Aung San Suu Kyi
- အမေနဲ့  အတူ အားလုံးရှိတယ်
- ရဲဘော် တဦး မကဒတ အပေါ် သုံးသပ်ချက်
- Former president Jimmy Carter discusses about Mya...
- Online campaign gathers support for Myanmar's Suu Kyi
- စံပါယ် နှင့် အဖြူရောင်ကန်ပိန်း
- " မဟာဗျူဟာညီလာခံ” လာတက်ကြပါ..
- ဟုတ်ပါ့ မလား၊ ယုံရဲဘူး
- ဒေါ်ကြိုင်ကြိုင် ထီးတင်သည့် ဓနုတ် စေတီပြိုကျ၊ ၅၀ ထက...
- ဒေါ်အောင်ဆန်းစုကြည်..အကြောင်းဆွေးနွေးချက်
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ...
- MoeMaKa Daily e Newspaper - 29th May 2009
- မေ၃ဝ ဒီပဲယင်း အရေးအခင်းနေ့ ၆နှစ်ပြည့် အထူး အစီအစဉ်...
- ခြေရာ နင်းသောသမီးနဲ့  ခြေရာဖျင်းတဲ့ သား..
- ဒီပဲယင်း ၆ နှစ်ပြည့် ကိုရီးယားတွင် ဆန္ဒပြ
- ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားတပ်ပေါင်းစု ရဲ့ မေတ...
- ပြောသာပြောရ. ဖိနပ်နဲ့ပေါက်မှာကြောက်လို့ မျက်နှာက ဇ...
- တရုတ်ပြည်က ထုတ်လုပ်တဲ့ အမျိုးသမီးသုံး ဆံပင်ခေါင်းစ...
- လာဘ်စား ငွေစားနေတဲ့ ထောင်ဝန်ထမ်းတွေ ကျ ဘယ်သူမှာတာဝ...
- အမိမြန်မာပြည် အတွက် မဲပေးကြပါ လက်ဆင့်ကမ်းကြပါ Vote...
- နအဖ ရိုက်သွင်းထားတဲ့ စိတ်ဓါတ်များ
- အမေ ရှိမှ..တိုင်းပြည်သစ်စမယ်
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ်း...
- Singapore သတင်းစာမှာဖေါ်ပြတဲ့ မြန်မာ့သတင်း
- အရူးကိုမီးဝိုင်းနေပြီ
- ဗိုလ်ချုပ် လမ်းစဉ်စ..ရရင်ရ..မရရင်ချမယ်..
- ဒီလို ကြေကွဲစရာတွေ တဖြေးဖြေး များလာနေခဲ့ပြီ
- MoeMaKa Daily e Newspaper - 28th May 2009
- ဘယ်သူပြောပြော မရှက်တဲ့ နအဖ..
- ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်..
- ဒါ လူအခွင့်အရေး ကိစ္စမဟုတ်ဖူးလား..သိသူကမေးနေပြီ
- အင်းစိန်ထောင်တွင်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး N...
- မေ၃၀ ဒီပဲယင်းအရေးအခင်းနေ့ ၆နှစ်ပြည့် အထူးအစီအစဉ် အ...
- 28-05-2009 NLD(HQ) office မှ ဦးဥာဏ်ဝင်း၏ သတင်းစာလ...
- ပြည်သူ့ ရန်သူ နအဖနှင့် ဝေးဝေး ရှောင်ကြရန် ပြည်သူမျ...
- ပြည်သူကို အကျိုးပြုတဲ့ တပ်မတော်ပါ ကောင်းကျိုးမဟုတ်...
- မိမိ အသိစိတ်ဖြင့်လာရောက် ပူးပေါင်းကြ
- Report From Aung Lynn Htut
- ဓနုအမျိုးသားကောင်စီမှ
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ်း...
- John William Yettaw with SPDC craps
- ဥဏှောက်မဲ့ ခေါင်းဆောင် နှင့် အမျှော်အမြင်ရှိခေါင်း...
- ခွေး ၀ိုင်းအဆွဲ ခံနေရတဲ့  အာဇာနည် နှစ်ဦး
- (ဥဏှောက်က) ပညာကနဲနဲ အာဏာကများများ
- NLD မေ ၂၈ ၂၀၀၉ ကျေညာချက်
- မီးရှူးတိုင်ဟာ ပန်းတိုင်မရောက်ခင်မှာ ငြိမ်းမသွားဖိ...
- ပျားအုံတစ်အုံရဲ့ အရေးအခင်း
- အငိုဒုက္ခ တိုင်းပြည်
- ဒေါ်စု သတင်း
- မိုးမခ သတင်းစာဗျို့ 
- ညီညွတ်ကြစို့ 
- ယနေ့ အာဇာနည် နှစ်ယောက် ခွေးဆွဲသွားခြင်း
- ခုံရုံး တင်ရန် အတွက် တပ်လှန့်သံ
- မလေးရှားမှာလည်း ဒုက္ခ..ရှိတယ်
- Demonstration on 27th May 2009 in Phnom Penh, Camb...
- အာဇာနည် အမေ
- ရူးကြောင်ကြောင် လုပ်ရပ်နဲ့  ဖြုတ်ဦးနှောက်သာ ရှိသူ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ အမှု ဒိုင်ယာရီ
- တောင်းတဲ့ဆုနဲ့ အမြန်ဆုံးပြည့်ပါစေဗျာ
- ဒေါ်အောင်ဆန်းစုကြည်က တရားရုံးတော်သို့ ရေးသား တင်သွင...
- ရွေးကောက်ပွဲ နိုင်ခဲ့တာ နှစ် ၂၀တောင်နီးပေါ့.
- အမေစုကို ချစ်သူများ အတွက် www.64forsuu.org
- အာဆီယံမှ မြန်မာကို ဆိုင်းငံ့ရန် စင်္ကာပူအမတ်တောင်းဆို
- MoeMaKa e Newspaper - 26th May 2009
- ၁၉ နှစ်မြောက် ရွေးကောက်ပွဲ အနိုင်ရသည့် အထိမ်းအမှတ်...
- သန်းရွှေ အမျိုးယုတ် ဗုံးလိုက်ခွဲနေသည် အားလုံး သတိနှ...
- It Did Happen in Burma - Record on Trial of DASSK ...
- Generation Wave မျိုးဆက်သစ်လူငယ်များရဲ့  (အခြေအနေမ...
- ပြည်သူ့ ထိုင်ခုံလု ထားတာ ၁၉ နှစ်ရှိပြီ ...
- Obama demands Suu Kyi's release
- အမေစု၏ ချေပချက်
- ဒေါ်စုသတင်းများ..
- ယုတ်တာလည်း ယုတ်တာပေါ့ အဲလိုကိုယ့်အရှက်ကိုယ်ခွဲတာမျ...
- ကြိုဆိုတယ်.အိုဘဲ့.ငြိမ်းချမ်းရေးဌက်ငယ်..
- အင်္ဂပူဘဲ တကယ်ပြောင်းတာလား..ဂူထဲဘဲ ရောက်သွားတာလား..
- ၁၉၉၀ မဲရွေးတာ...အောင်ပွဲ ရတဲ့နေ့ က ဒီနေ့ ..
- အကြံကုန် ဂဠုန်တော့ ဆားချက်နေပြီ..
- နဲတောင်နဲသေးတယ် ဗုံးပစ်ထဲ့ရမှာ
- KNU မှ လုံခြုံရေးကောင်စီ ထုတ်ပြန်ချက်ကို ကြိုဆိုခြင်း
- နအဖ..နွားအစိုးရ ဂွကျနေခြင်း
- Interview with Kasit Piromya, Foreign Minister of ...
- European ministers call for Suu Kyi release
- Afshin Rattansi with Aung San Suu Kyi's Biographer...
- အမေစုကို ချစ်ကြသူများ
- နအဖရဲ့ လိမ်ညာ လုပ်ကြံဇာတ်လမ်းတွေ ခင်းနေတာ မျက်စိနေ...
- နာမည်ကြီးတွေ ချစ်တဲ့ သိက္ခာရှိ သတ္တိရှိတဲ့ မြန်မာအမျ...
-
▼
May
(508)
No comments:
Post a Comment