Wednesday, May 6, 2009

ထိုင်းတွင်မြန်မာ မုန်းတီးမှုများ ပြန်လည်ကြီးထွားနေ

Freedom News Group | ဘန်ကောက်တွင် ဆွန်ခန်ပွဲတော် ကာလ သွေးစွန်းသော ဆန္ဒပြပွဲများ ပြီးနောက် ထိုင်းလူမျိုး တစ်ချို့က မြန်မာလူမျိုး တို့ကို ရန်ပြု တိုက်ခိုက်ခြင်းများ အကြောင်းမဲ့ ရန်စခြင်းများ ဈေးဝယ် သူများအား သူခိုးဟု စွပ်စွဲပြီး ရဲလက်အပ်ကာ လျှော်ကြေး အဆမတန် တောင်းခြင်းများ ဖြစ်ပွားနေသည် ဟုသိရသည်။


မဲဆောက်ရှိ မြန်မာများအား လိုက်လံဖမ်းနေသည့် ထိုင်း ရဲကား တစ်စီး
မဲဆောက်တွင် ဆိုင်ဖွင့်ထားသည့် မြန်မာလူမျိုး တစ်ဦးက “ပြီးခဲ့တဲ့ တစ်ပတ်က ဘန်ဖဒီးမှာ မြန်မာ စစ်တပ်က ပစ်လိုက်လို့ ထိုင်းစစ်သား နှစ်ယောက် ထိသွားကတည်းက ဒီကိစ္စစတာ ”ဟုFreedom News Group သို့ပြောသည်။ ဘန်ကောက် ပသူနမ် ဘက်တွင်မူ ညအချိန် မြန်မာများ အပြင်ထွက်ပါက ဆိုင်ကယ်စီး လမ်းသရဲများက လိုက်လံ နှောင့်ယှက်ကာ ပစ္စည်းယူ ထွက်ပြေးမှုများ ရှိသည် ။

ဘန်ကောက် မဟာချိုင် နှင့် မဲဆောက်တွင် မူ အလုပ်ရှင်များက မြန်မာ အလုပ်သမား များအား ဧပြီလ လုပ်ခ လစာအား ပိတ်ရက် များသည် ဟု အကြောင်းပြကာ မပေးဘဲ ထားမှုများ ရှိသည်။မဲဆောက်ရှိ အရောင်းဆိုင် တစ်ချို့ကမူ မြန်မာများ ပစ္စည်းကိုင်ကြည့်ပြီး မ၀ယ်လျှင် သူခိုးဟု စွပ်ဆွဲကာ ရဲလက်အပ်၍ အဆမတန် လျှော်ကြေး တောင်းမှုများ ရှိသည်။

ထိုသို့ သူခိုးဟု စွပ်ဆွဲခံရကာ ရဲလက်အပ် ခံရသူ တစ်ဦးက“သမီးတို့ ရန်ကုန်ကနေ မြ၀တီက တစ်ဆင့် မဲဆောက်မှာ ဈေးလာဝယ်တာ ချစ်ကြည်ရေး တံတားနားက ဈေးဆိုင်မှာ ဒီဗီဒီစက် ဈေးမေးပြီး ကိုင်ကြည့်တာ နောက်မ၀ယ် ဖြစ်တော့ ဆိုင်ရှင်က နောက်ကလိုက်လာ ပြီးစက်ကို လာပေးတယ် ဈေးလျှော့ ပေးမယ်ပေါ့ နောက်မှဝယ်မယ် ပြောတော့ စက်ကို လက်ထဲ အတင်းထည့်ပေးပြီး သူတို့ ထိုင်းလို သူခိုးလို့ အော်ပြီး ရဲကိုတိုင်တယ်။

ရဲစခန်းရောက်တော့ ၃၅၀၀ တန်တဲ့ ဒီဗီဒီ ရဲ့တန်ကြေး အဆနှစ်ဆယ် မပေးနိုင်ရင် အချုပ်ထဲ ထည့်ထားမယ် ပြီးရင်ရုံးတင်ပြီး အမိန့်ချရင် ထောင် တစ်နှစ်ကျမယ်ဆိုလို့ ပါသမျှငွေ အကုန်ထည့်ပေး လိုက်ရတယ် ” ဟု ပြောသည်။

ရနောင်းတွင် အလုပ်လုပ်နေသော မြန်မာ လူငယ်တစ်ဦးက “ကျွန်တော်က ကွန်ပျူတာဆိုင်မှာ ကွန်ပျူတာ သွားအပ်တာ ဂရန်တီ မကုန်သေးလို့ ဆိုင်မန်နေဂျာက မြန်မာ ဆိုရင်မပြင်ပေးဘူး ပြန်ယူသွားဆိုပြီးပြောတယ်” ဟု သူက ပြောပြသည်။

မဲဆောက် နှင့် ရနောင်းတွင် မြန်မာ လူမျိုးများအား ထိုင်းရဲ ၊ထောမောင်း ခေါ် လ၀က နှင့် ထောက်လှမ်းရေး တို့ က နေ့စဉ် ရက်ဆက် ဖမ်းဆီးနေပြီး ဖမ်းဆီးမိသူများအား အနည်းဆုံးဘတ် ၅၀၀၀ ပေး၍ မရွေးနိုင်ပါက ထောင်ဒဏ် ချမှတ်သည်။

ထိုင်းနိုင်ငံ တွင်း နိုင်ငံရေး မတည်ငြိမ်မှု များကြောင့် စီးပွားရေး ကျဆင်းလာ သဖြင့် ထိုင်း လူမျိုး တစ်ချို့က မြန်မာ လူမျိုးများကို ပို၍ အညှိုးထား လာကြသည်။ယမန် နေ့ကလည်း ဆိုင်ကယ် စီးလာသော ထိုင်းလူငယ် များက မြန်မာ လူငယ်များအား အကြောင်းမဲ့ ၀င်တိုက်မှု တစ်ရပ် မဲဆောက်မြို့လယ်ခေါင်တွင် ဖြစ်ပွားခဲ့သည်။

Source by : Freedom News Group

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်