Friday, May 8, 2009

ပြောချင်တာပြောပါရစေ

မင်းမော်စိုး
အင်းပြောလည်းပြောချင်တယ်အားလည်းနာတယ်ဆရာတို့ ရေ
အားနားစွာနဲ့ ပဲရင်ထဲရှိတာတွေဖွင့်ချပြောပါရစေ.ဆရာတို့ တော်လှန်ရေးက
ပြန်လည်သုံးသပ်သင့်ပါပြီ ..နှစ် ၂၀ ဆိုတဲ့ အချိန်ဟာ ကလေးတစ်ယောက်
အရွယ်ရောက်ပြီး..ဘဝရှင်သန်နေပါပြီ..။ဒါပေမဲ့ ကျနော်တို့ တော်လှန်ရေးကြီး
မပြီးဆုံးသေးပါဘူး။

ဒါဘာကြောင့်လည်း။ဘာဖြစ်လို့ လည်း ။လူထုတင်မက သံဃာပါ ပါခဲ့တဲ့ ရွှေဝါ
ရောင်တော်လှန်ရေး ကျဆုံးခဲ့ရတာလည်း။ပြောရရင်တော့ ဦးဆောင်မှု တွေမရှိဘူး
ကျောင်းသားခေါင်းဆောင်တွေ ထောင်ထဲမှာ။လက်ရှိ အပြင်မှာ ရှိနေတဲ့ ဗဟိုကလူ
ကြီးဆိုတဲ့လူတွေ ဝေလေလေ ပဲ (အင်း အာတော့နားတယ်)ပြည်သူပါ မက သံဃာ
ပါ ပါတဲ့တော်လှန်ရေး ဒီလူတွေ ဘာလုပ်နေလည်း။ လုံးဝ မကျေနပ်ဘူး လူကြီးနေရာ
ယူထားရင် အလုပ်လုပ် မလုပ်ရင်တော့ သွားတော့ပေါ့။

ပြည်ပမှာ အစိုးရဖွဲ့ ပြီး အော်နေတဲ့ လူတွေလည်း စားသောက်ပြီးဗိုက်ပုတ်နှပ်နေတာ
ကြာပြီ။စင်ပြိုင်အစိုးရ ဆိုတာ မြန်မာလူထုသိဖို့ နေနေသာသာ ဘယ်နေမှန်းတောင်
မသိပါဘူး။ကိုယ့် သမိုင်းကို ကိုယ်သိကြပါတယ်(မနေနိုင်လို့ ရေးရတာ)။

တော်လှန်ရေးသမားကြီးတွေ လူငယ်တွေကို လမ်းပြဦးဆောင်မှု မရှိပါဘူး(ကျနော့်
ကိုယ်တွေ့ ပါ)လုံးဝ ကိုယ်တွေ့ ပါ၊ပြည်ပမှာရံပုံငွေရှာရပ်တည်ကြတယ်။စီမံကိန်းအဆို
ပြုတဲ့(proposal)နိုင်ငံရေးလုပ်တယ်။(Donor)အလှူရှင်ရှာတဲ့အလုပ်ကအဓိကဖြစ်နေ
တယ်။စင်ပြိုင်အစိုးရဝန်ကြီးချုပ်နေရာ(လွှတ်တော်ကဘယ်မှန်းမသိ)လုနေတယ်ဘယ်
လောက်ရှက်စရာကောင်းလည်း။

ဒါကိုများကုလသမဂ္ဂမှာ-နအဖ-ကိုထုတ်ပယ်မယ်လို့ အော်နေသေးတယ်။နာဂစ်တုန်းက
ဆရာကြီးတို့ အသံဘာမှမကြားရပါလားဗျာ။ကျနော်တို့ တောင် ကိုယ်ပိုင်လုပ်အားခလေး
တွေ အလှူအတန်းစုပေါင်းပေးလိုက်ပါသေးတယ်။

အရှင်းဆုံးပြောချင်တာကတော့ဗျာ အလုပ်လုပ်ကြပါ မိမိတို့ စွမ်းအားအကုန်သုံးပြီးပေါ့ဗျာ။အလုပ်မလုပ်တဲ့
လူတွေနေရာမပေးနဲ့ ၊မထားနဲ့ ပေါ့ဗျာ၊ရှင်းပါတယ်။ဒီလူတွေ ပါတီဘယ်နှစ်ခုအပေါ်မှာ သစ္စာဖောက်လာတာ
လည်းဆိုတာသမိုင်းကိုပြန်ကြည့်ပြီးလုပ်သင့်တာတွေလုပ်ကြပေါ့။
ဗဟိုကကြေငြာသွားတဲ့ ရွှေဂုံတိုင်ကြေငြာစာတမ်း ကိုအကောင်အထည်ဖော်ကြပါ။
NLD နှင့်ပြည်သူကို ဒုက္ခပေးသူအားလုံးဆန့် ကျင်ကြ။
ပြည်သူသာ အမိ ပြည်သူသာ အဖ
အရေးတော်ပုံအောင်ရမည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်