Friday, May 15, 2009

အထွေထွေသပိတ်ဆင်နွဲမည် အားလုံး အသင့်ပြင်ထားကြ

အထွေထွေသပိတ်ဆင်နွဲမည် အားလုံးအသင့်ပြင်ထားကြ


ယနေ့ မြန်မာနိုင်ငံသည် အားလုံးတက်ညီလက်ညီဖြင့် အထွေထွေသပိတ် ဆင်နွဲရမည့်အချိန်ရောက်နေပါပြီ။
န.အ.ဖစစ်မိစ္ဆာများ၏ ဆိုးရွားမှုသည်တနေ့တခြား ပိုမိုဆိုးရွား ယုတ်မာလာပါသည်။

ပြည်သူလူထူကြီး တရပ်လုံး ရှိခိုးပူဇော်ရာဖြစ်သောသံဃာတော် များကိုပင်စစ်ဖိနပ်နဲ့ကန်ကျောက်၊ ၀ါးရင်း ထုတ်နဲ့ ရိုက်သတ်၊ သေနတ်နဲ့ပစ်သတ်ကာ ယုတ်မာချင်တိုင်း ယုတ်မာနေကြပါသည်။ ယခုထိ သံဃာတော် အများအပြား န.အ.ဖအကျဉ်းထောင်ထဲတွင်အနှိပ်စက်ခံအညှင်းဆဲခံနေကြရဆဲဖြစ်ပါသည်။

အတွက်အကောက်ကြံကာ မိမိယူထားသောလုံခြုံရေးမိမိမှာတာဝန်ရှိတာကို တခြားလွဲချကာ အကောက်ဥာဏ် ၍ ဒေါ်အောင်ဆန်းစုကြည် အား အင်းစိန် ထောင်သို့ပို့ချင်းသည် ငါတို့ကြိုက်တာလုပ်မည် ဘယ်သူမှ ဂရုစိုက် စရာမလိုဟု ပြည်သူတစ်ရပ်လုံးကိုစော်ကားရာစိန်ခေါ်ရာရောက်နေပါသည်။သို့ပါ၍ အခု န.အ.ဖ စစ်အစိုးရ၏ ရိုင်းပြစော်ကားမှုများသည် အလွန်ဆိုးရွားနေပါသောကြောင့် လာမည့် မေလ၃၀ရက်နေ့ကို နောက်ဆုံးထား ကာဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အကျဉ်းသားများအားလုံးကိုချွင်းချက်မရှိအမြန်ဆုံးလွှတ်ပါ။

ယခုတောင်းဆိုထားသောအချက်ကိုမလိုက်နာပါကမေလ၃၁ရက်တနင်္ဂနွေနေ့မှ စတင်ကာ တစ်နိုင်ငံလုံး လှည်း နေလှေအောင်းမြင်းဇောင်းမကျန်အထွေထွေသပိတ် ဆင်နွဲမည်အားလုံးအသင့်ပြင်ထား ကြပါ။

* မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့*

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်