ပလက်ဖောင်းပေါ်က ကလေးငယ်များ
Friday, 06 March 2009 15:52 ကြည်ဝေ
အချိန်က နေ့လယ် ၁၂ နာရီခန့် ၊ ရန်ကုန်မြို့ ဒေါပုံမြို့နယ်ထဲက ကားမှတ်တိုင်တခုမှာပါ။ ကားမှတ်တိုင်မှာ ဘတ်စ်ကားတစီးထိုးစိုက်လိုက်တိုင်း ကားနားကိုပြေးကပ်သွားပြီး ဈေးရောင်းနေတဲ့ ဈေးသည်အများစုဟာ ဌေးဌေးတို့အရွယ် အသက် ၁၀ နှစ် ၀န်းကျင် ကလေးတွေဖြစ်နေတတ်တာများပါတယ်။
ဈေးဗန်းကလေးတွေကို ရွက်ရင်း အရှိန်မသေသေးတဲ့ ကားဘေးကနေသူ့ထက်ငါ အလုအယက် အော်ပြီး ရောင်းနေတဲ့ ဌေးဌေးတို့လို ခေါင်းရွက်ဗျပ်ထိုးကလေးဈေးသည် တွေဟာ ခုလို နေပူပူ၊ ကားကျဲကျဲဖြစ် တဲ့နေ့လယ်ခင်းပိုင်းတွေမှာသာ လိုင်းကားတွေ နားကပ်ပြီး ဈေးရောင်းနိုင်တာဖြစ်ပါတယ်။
ကန်စွန်းဥပြုတ်သည်လေး ဌေးဌေး (ဓာတ်ပုံ - ကြည်ဝေ)
စည်ပင်သာယာဥပဒေအရ ဘက်စ်ကားမှတ်တိုင်တွေမှာ ဈေးရောင်းခွင့်မရှိသလို၊ခေါင်းရွက်ဗျပ်ထိုး ဈေးသည် တွေကိုလည်း ကားတွေအနားကပ်ပြီး ဈေးရောင်းခွင့်မရှိပါဘူး၊ တွေ့ခဲ့ရင်လည်း ဈေးဗန်းသိမ်းတဲ့အပြင် ဒဏ် ငွေဆောင်ရကြောင်း ဈေးသည်များထံမှ သိရပါတယ်။
ခုလို နေမင်းခေါင်းတည့်တည့်ရောက်နေချိန်မျိုးမှာသာ အဖမ်းအဆီးနည်းပါးတဲ့အတွက် ဌေးဌေးတို့လို ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တွေ ဟာဘတ်စ်ကား ဂိတ်တွေနားမှာ မယောင်မလည် ရပ်ရင်းကနေ ဈေးခိုးရောင်းနေရတာဖြစ်ပါတယ်။
ခြစ်ခြစ်တောက်အောင် ပူနေတဲ့ နေပူရှိန်ကြောင့် ပိန်ပိန်ခြောက်ခြောက် ဌေးဌေးတကိုယ်လုံး ချွေးတွေ ရွှဲနစ်နေပြီး၊ မနက်ကတည်းက ထူပိန်းနေအောင် လိမ်းခဲ့တဲ့ သနပ်ခါးတွေလည်း ခပ်မည်းမည်းပါးပြင်မှာမရှိ ကြတော့ဘဲ ချွေးတွေနဲ့ စေးကပ်ကပ်ဖြစ်နေပါပြီ။
ဒါပေမယ့် ဌေးဌေးကတော့ မှတ်တိုင်မှာ လိုင်းကားတစီးထိုးရပ်လိုက်တိုင်းဘ၀တူ ကလေးဈေးသည်တွေနဲ့ အပြိုင် ခြေလှမ်းကျဲကျဲလှမ်းပြီး ကားဆီကိုသူ့ထက် ဦးအောင်ပြေးရင် ကားပေါ်က ခရီးသည်တွေကို ကန်စွန်း ဥပြုတ်၊ ကန်စွန်းဥပြုတ် ယူပါဦး၊ ၀ယ်ပါဦးလို့ တက်တက်ကြွကြွနဲ့ အော်ဟစ်ရင်းဈေးရောင်းနေဆဲဖြစ်ပါတယ်။
အဲဒီလို အရှိန်မသေသေးတဲ့ ကားတွေနားပြေးကပ်သွားတဲ့အခါတိုင်း ကားဘီးကြီးတွေအောက်မှာ ခြေထောက်ဝင်မသွားအောင်လည်း သတိထားရတဲ့အကြောင်းဌေးဌေးက ပြောပြပါတယ်။
"သမီးသူငယ်ချင်း မစော ခြေထောက်ကို ကားကြိတ်သွားကတည်းက သမီးတို့အားလုံးလန့်သွားကြတာပဲ၊ ကားအောက် ခြေထောက်ဝင်သွားမှာတော့ ကြောက်တယ်" လို့ သူမကပြောပါတယ်။
သင်္ယန်းကျွန်းကနေ ဈေးလာရောင်းတဲ့ ဌေးဌေးဟာ အိမ်ကနေ မနက်ကတည်းကထွက်ခဲ့ပြီး ဒီကားဂိတ် အရောက်လမ်းတလျှောက်လုံးဈေးရောင်းလာရတာဖြစ်ကြောင်း ၊ ကန်စွန်းဥပြုတ် ၁ ခု ကို ၁၀၀ ကျပ်ဈေးနဲ့ ရောင်းခြင်းဖြစ်ပြီး ပါလာသမျှ အကုန်ရောင်းရတဲ့နေ့တောင်မှ ကျပ် နှစ်ထောင် ကျော်လောက်သာရလေ့ရှိပြီး ဈေးရောင်းပါးတဲ့နေ့များဆို ကျပ် ၁၀၀၀ ပြည့်အောင်ပင် မနည်းရောင်းရကြောင်း သူမကပြောပြပါတယ်။
ဒီကားဂိတ်လေးမှာ ဌေးဌေးဟာ နေ့လယ် ၁၂ နာရီကနေ ညနေ ၃ နာရီလောက်ထိပုံမှန်ရောက်လာပြီး ဈေးရောင်းပါတယ်။ သူမဟာ မောင်နှမများတဲ့ မိသားစုဝင်တဦးဖြစ်တဲ့အတွက် ကျောင်းမနေနိုင်ဘဲ အိမ် မှာအမေကိုကလေးကူထိန်းပေးရပါတယ်။ ခုလို ရာသီအလိုက် ရာသီစာရောင်းခဲ့တာခုဆိုလျှင် ၃ နှစ်ရှိပြီ လို့ သူမက ညည်းညူပါတယ်။
ဌေးဌေးလိုပဲ ဘ၀တူဈေးရောင်းဘက်တဦးဖြစ်တဲ့ သိန်းစိန်ကတော့ဈေးရောင်းတဲ့အလုပ်အပြင် လူခေါ်ပေး တဲ့အလုပ်ကိုပါ တွဲလုပ်တဲ့အတွက် သူက ပိုကိုက်တယ်လို့ ဌေးဌေးက ကြက်ဥပြုတ်ရောင်းနေတဲ့ သိန်းစိန်ကို လှမ်းပြီးမေးငေါ့ပြပါတယ်။ 
တနေ့ ငွေ ၃၀၀၀ ပါမှ အိမ်ပြန်ရဲတယ်ဆိုတဲ့ သိန်းစိန် (ဓာတ်ပုံ - ကြည်ဝေ)
သိန်းစိန်ဟာလည်း ဌေးဌေးလိုပဲ ပိန်ကပ်ကပ်၊ မည်းခြောက်ခြောက်နဲ့ ၁၂နှစ်အရွယ် ကလေးတယောက်ပါ။
အဲဒီ သိန်းစိန်ဆိုတဲ့ ပိန်ကပ်ကပ်နဲ့ကလေးဟာ အိမ်ကို တနေ့ ငွေ ၃၀၀၀ အပ်ရကြောင်း၊ အဲဒီ ငွေ ၃၀၀၀ ရဖို့အတွက် သိန်းစိန်ဟာဈေးရောင်းတဲ့ အလုပ်အပြင် တခြားအလုပ်တွေကိုပါ လုပ်နေရကြောင်း၊ ငွေ ၃၀၀၀ ပြည့်အောင် မရှာနိုင်တဲ့နေ့ဆိုရင် သိန်းစိန်တယောက် အိမ်မပြန်ရဲလို့ လျှောက်သွားနေရကြောင်း ဌေးဌေးက ပြောပြပါတယ်။
"သမီးတို့က အိမ်ကို ရသလောက်ပဲ ပေးလို့ ရတယ်၊ အမေက ဘာမှ မဆူဘူး၊ သူ့အိမ်ကတော့ မရဘူး သူ့ဦးလေးလား သူ့အဖေလားမသိပါဘူး ငွေ ၃၀၀၀ မပြည့်တဲ့နေ့ဆိုရင် သူ့ကို အရမ်းရိုက်တာတဲ့၊ အရမ်း နာတာပဲတဲ့၊ အဲဒါကို ကြောက်လို့ သူက ငွေ ၃၀၀၀ မပြည့်ပြည့်အောင်ရှာရတာ"လို့ ဌေးဌေးက ဆိုပါတယ်။
ဌေးဌေးပြောသလိုပဲ သိန်းစိန်ဆိုတဲ့ အသက် ၁၁ နှစ်အရွယ်ကလေးဟာကြက်ဥပြုတ်ရောင်းတာအပြင်အပျော် အပါးလိုက်စားချင်သူတွေကို နေရာရှာပေး၊ လူခေါ်ပေးးတဲ့အလုပ်ကိုလည်း လုပ်တယ်လို့ သိရပါတယ်။
ပြည့်တန်ဆာ လိုချင်တဲ့သူတွေကို ပြည့်တန်ဆာရှာပေးရင် ပြည့်တန်ဆာဆီက ငွေ ၅၀၀ ကျပ်နဲ့ ရှာခိုင်းတဲ့သူ ဆီက ပေးတဲ့ ငွေကြေးအနည်းအကျဉ်းကိုရတတ်တဲ့အပြင်၊ အဲဒီကားဂိတ်အနားက တည်းခိုခန်းတွေဆီကို ခေါ်သွားပေးရင်လည်းတည်းခိုခန်းက သိန်းစိန်ကို တခါခေါ်လာ ကျပ် ၂၀၀ နှုန်း ပေးတဲ့အတွက်သိန်းစိန်ဟာ ငွေရှာတော်တဲ့ ကလေးတယောက်အဖြစ် ကလေးဈေးသည်တွေကြားမှာနာမည်ကြီးပါ။
"ကျနော်ဈေးရောင်းရုံနဲ့ ငွေ ၃၀၀၀ မရပါဘူး၊ ဧည့်သည်ရှာပေးနိုင်မှကိုက်တယ်၊ ဧည့်သည်ပါးတဲ့နေ့ ဆိုရင် သိပ်မကိုက်ဘူး"လို့ သိန်းစိန်က ပြောပြပါတယ်။
ဒုတိယတန်းအထိ ကျောင်းနေဖူးတဲ့ သိန်းစိန်ဟာ သူကြီးလာတဲ့အခါ ကားဆရာ(ယာဉ်မောင်း)တယောက်ဖြစ် ချင်တယ်လို့ ပြောပြပါတယ်။
ကျောင်းလုံးဝ မနေခဲ့ဘူးတဲ့ ဌေးဌေးကတော့ သူ ဘာဖြစ်ချင်လည်းဆိုတာမပြောပြတတ်ပါဘူး၊ ဒါပေမယ့် သူကတော့ သူ့အမေကိုကောင်းကောင်းမွန်မွန်ထားချင်တယ်၊ သူ့ ညီမလေးကိုလည်းကျောင်းထားချင်တဲ့ အတွက် သိန်းစိန်လိုပဲ ပိုက်ဆံများများရှာချင်တယ်လို့သူ့ဆန္ဒကို ပြောပြပါတယ်။
သိန်းစိန်လို၊ ဌေးဌေးတို့လို စားဝတ်နေရေးအတွက်၊ မိသားစုအတွက် အလုပ်လုပ်နေကြတဲ့ ကလေး စားပွဲထိုး တွေ၊ ကလေးဈေးသည်တွေ၊ ကလေးအလုပ်ကြမ်းသမားတွေ၊ ကလေးပန်းရံတွေ၊ ကလေးစစ်သားတွေ၊ ကလေးဧည့်ကြိုတွေ စတဲ့ ကလေးတွေ ဘာဖြစ်လို့စာသင်ခန်းပြင်ပ ရောက်နေကြတာလဲ ဆိုတဲ့ အဖြေက တော့ လူတိုင်းသိတဲ့အဖြေမျိုးဖြစ်နေပါပြီ။
ဆင်းရဲကြပ်တည်းကြတဲ့ မြန်မာနိုင်ငံသားတွေဟာ ကိုယ်မွေးထာတဲ့ကျောင်းနေအရွယ် သား၊သမီးတွေရဲ့ စားဝတ်နေရေးကို တာဝန်မယူနိုင်တဲ့အပြင်ကလေးတွေရဲ့ လုပ်စာပါ ပူးပေါင်းပါဝင်မှ စားလောက်ရုံ အခြေ အနေမျိုးကိုရောက်နေကြပါပြီ။
အဆိုပါ ကားဂိတ်အနီးက စားသောက်ဆိုင် ၁ ဆိုင်မှာ အလုပ်ဝင်နေတဲ့ မိခင်တဦးကလည်းသူမရဲ့ အသက် ၁၃ နှစ်အရွယ် သမီးကို ခုလို ဈေးရောင်းခိုင်းနေရတဲ့အတွက် စိတ်ထိခိုက်ကြေကွဲရကြောင်း၊ မတတ်သာတဲ့ အဆုံးခုလို ခိုင်းနေရခြင်းဖြစ်ကြောင်း ပြောပါတယ်။
"ကျောင်းစရိတ်မတတ်နိုင်တော့ ကျောင်းမထားနိုင်တော့ဘူး၊ အငယ် တယောက်ကိုလည်း ကျောင်းထားရ တယ်၊ နောက်ပြီးတော့ သူ့အဖေရဲ့ လုပ်အားခက တနေ့ကို ၁၅၀၀ ပဲရတယ်၊ ကျမကလည်း တနေ့ ၁၀၀၀ ပဲ ရတယ်ဆိုတော့ သမီးကြီးဈေးရောင်းလို့ရတဲ့ ငွေပါမှ စားလောက်တာမို့ ခိုင်းရတော့တာပဲ"လို့ ပြောပါတယ်။
မိသားစုဝင် ငါးဦးရှိတဲ့ သူမတို့မိသားစုအတွက် တနေ့ မီးဖိုချောင်စရိတ်က ဆန်အတွက် ငွေ ၅၀၀၊ ဆီအတွက် ၁၀၀၊ ထင်းဖိုး ၁၀၀၊ ရေဖိုး ၂၀၀ ကျပ်၊ ဖယောင်းတိုင်ဖိုး ၂၀၀ကျပ်၊ ကလေးမုန့်ဖိုးနဲ့ ကားခ ၃၀၀ ကျပ် နဲ့ ဟင်းဖိုး ၁၀၀၀ ကုန်ကျပြီး သူ့ဖခင်ရဲ့ လမ်းစရိတ်က ၁ နေ့ ၅၀၀ ကျပ်၊ သမီးဖြစ်သူ ဈေးရောင်းဖို့အတွက် ဈေးရင်း ၁၀၀၀ကျပ် လိုအပ်ကြောင်း၊ ဈေးရောင်းရာမှ မြတ်သည့် ငွေကို အိမ်လခ နှင့် အငယ်ကျောင်းစရိတ် အတွက် ဖယ်ထုတ်ထားရသေးကြောင်း သိရပါတယ်။
မိသားစုအတွက်၊ စားဝတ်နေရေးအတွက် စာသင်ခန်းပြင်ပမှာ အစတေးခံနေကြရတဲ့ ကလေးငယ်တွေကို မြင် ရတိုင်း သူတို့နောင်ရေး အတွက် စိတ်မကောင်းဖြစ်ရကြောင်း ကျောင်းဆရာမတဦးက ပြောပြပါတယ်။
"ဒီကလေးတွေရဲ့ အနာဂတ်တွေကို ကျမ တွေးမကြည့်ရဲဘူး၊ အသက်ငယ်ငယ်လေးတွေနဲ့ မနိုင်ဝန်တွေ ထမ်းနေကြရတော့ သူတို့ရဲ့ စိတ်တွေဟာ ပျက်စီးပြီးသားဖြစ်နေမှာပဲ၊ သူတို့ ကြီးလာတဲ့အခါ ဘယ်လို လူမျိုး တွေဖြစ်လာပြီး ကျမတို့ တိုင်းပြည် ဘယ်လိုဖြစ်လာမလဲဆိုတာ မတွေးရဲပါဘူး"လို့ ဆရာမက ဆိုပါတယ်။
Friday, March 6, 2009
ဒီကလေးတွေ အတွက် ကျနော်တို့  လူကြီးတွေ မကူညီနိုင်ကြတော့ဖူးလား
Labels:
မျှဝေခြင်း
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
March
(468)
- တပ်မဟာ (၅) အောင်ပွဲသတင်း
- ဒေါ်စုကို မဲပေးလိုသူများ..မဲပေးနိုင်ပါပြီ
- တပ်မတော်နေ့ ညစာစာပွဲ လောက်ကောင်တွေ ၀င်နွဲနေတယ်
- 8888 people power စာစောင် ဧပြီ၂၀၀၉
- မျှော်လင့်ချက် က မှုန်တရေးရေး..
- တော်ဝင်နန်းတည်းခိုခန်း က ဗုံးကွဲမှုဓါတ်ပုံများ
- Bomb explosion in Yangon inn assessed to have kill...
- များလိုက်တဲ့စည်းကမ်းတွေ
- သူခိုးတွေပျော်ပြီး ခွေးဘုရားဖူးလည့်တော့မယ်
- မယက ဘောလုံးပွဲအတွက် ရွာသားများ ငွေကြေးထောက်ပံ့ပေးရ
- Mr Robertson ရဲ.အလောင်းရှာဖွေတွေ.ရှိ
- စင်ကာပူမှာ မြန်မာ လက်ဖက်များ ပိတ်ပြီ
- အဖားကောင်းသူ ငါနားတိုးလဟဲ့
- လူမ၀င်အောင်ဘဲ ကာတာပါ ခင်ဂျ
- အလွဲသုံးစားမှု ပုဒ်မ မြန်မာပြည်မှာ အစရှာမရဖူး
- မလုံခြုံသော ဘ၀များ..
- လူ့ ဘ၀နှင့် ဒဿနအမြင်များ(၄၈)
- နူပါတယ်ဆိုမှ သူခိုးက လာထောင်းနေပြန်ပြီ။
- ရွေကို မလို ။ ယူရေနီယမ်ကို လိုသည်။
- လူသတ်၊ ဓားပြတိုက်၊ စိန်ရွှေငွေ လုယက်နေတဲ့ စစ်ခေါင်း...
- ယဇန လ္ဘက်မှာ ဆိုးဆေးပါသည်ဟုဆိုပြီး စင်္ကာပူ အစိုးရတား...
- ဒီမိုကရေစီ ဥယျာဉ်မှူးကြီး
- မြန်မာ နယ်စပ် သံဆူးကြိုးကာမှု ဘင်္ဂလားဒေ့ရှ်က ဖြေရှင်...
- ရေပေါ်ဆီ လူတန်းစားတွေ..နဲ့ ကျူပ်တို့ မြန်မာပြည်..
- လာပါ အတူသွားစို့ 
- အာဏာပိုင်တို့ ရက်ရက်ရောရော လှူဒါန်းကြပြီ
- လမင်းတရာ ( ကြည်အောင်)
- စစ်ငနွားတွေက မြန်မာပြည်ကို တိုင်းတစ်ပါးသား လက်ထဲရေ...
- မြန်မာ ဘလော့ဂါ တစ်ဦးပြုစုသော "မြန်မာ-အင်္ဂလိပ်" အဘိ...
- ကန်ထုတ်ကြစို့ 
- UN Relieve report on Burma (MM) FYI
- အသွားမတော်ရင် တစ်လှမ်း..ဒီခေတ်ကြမ်းကြီးထဲ
- စာရေးဆရာ ကျော်ဝင်း စာဖတ် သူများသို့ ပြန်ကြားခြင်း
- နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဝိုင်းဝန်းကြို...
- တိုင်းထပ်ခွဲတယ်..
- နအဖ စစ်ခွေးလောက်ကောင်တွေ
- (၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနာ...
- Gmail Address ကိုသူများမသိရအောင် ဘယ်လိုလုပ်မလည်း
- အရေးကြီးဆုံးစိတ်ဓာတ်
- G Talk လုံခြုံရေး..
- မြန်မာ နဲ့ အာရှရဲ့ ရေအဆိပ်သင့်မှု
- သူတို့ မှဘဲ အသက်ရှိ...
- သန်းရွှေပုံတူ ပြပွဲ
- REAL VIRUS (Conficker)
- တရုတ်လဲ ချီးထုပ်ကို စိတ်ညစ်နေပြီ
- အောင်ပွဲသတင်း
- ကုန်ပါပြီဗျာ..
- စော်ကားချည့်ခံနေရတဲ့ မြန်မာ
- မြန်မာနိုင်ငံမှာတော့ အယ်ဒီဆင်ကို နေ့တိုင်းဂုဏ်ပြု...
- ရည်ရွယ်ချက်ရှိရှိ သာသနာတော် ညှိုးနွမ်းပျက်စီးစေတဲ့...
- တော်လှန်ရေး နေ့ အကြိုဗုံးပေါက် ကွဲမှုသည် ပြည်ပအဖွဲ ...
- ဗိုလ်မှူး(ဟောင်း)အောင်လင်းထွဋ် (စစ်ထောက်လှမ်းရေးနှ...
- ဗမာပြည် အတွင်းမှ မတူညီသော လူနေမှုအဆင့်အတန်း
- ကျေးဇူးတင်ပေးကြပါခင်ဗျာ
- (၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား
- Tracking to former ABSDF chairman Tun Aung Kyaw
- အင်္ဂလိပ်စာ ကြောက်စရာမလို
- Earth Hour (မတ် ၂၉ ၂၀၀၉ ည ၈း ၃၀ မှ ၉း၃၀ အထိ)
- မတန်မရာအသက် ၉၀ နေချင်ရသတဲ့ အဟိ
- ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီမှ ထုတ်ဝေသော မတ်လထု...
- အစိုးရမကောင်းလို့  အလောင်းမလှ အရပ်ကောင်းမှ အလောင်း...
- မိပြီ..ဒင်းတို့ လက်ချက်
- တွံတေး ကျူရှင်ဆရာ ဆန္ဒပြပြန်ပြီ
- မတ် ၂၇ ၂၀၀၉ သတင်းများ
- ဖက်ဆစ် တော်လှန်ရေးနေ့သာဖြစ်ဟု အန်အယ်ဒီ ပြောကြား
- မြန်မာပြည် လူ့အခွင့်အရေးချိုးဖောက်မှု ကုလ ရှုတ်ချ
- မယား ငယ်ချွဲချွဲရုံနဲ့  ဒို့ တွေ မယုံ
- သူဘဲ လူတတ်ကြီး
- မြို့ပြအပူမီး ဖိစီးနေတဲ့မြို့
- ဗိုလ်ချူပ်ဖွဲ့ခဲ့တာ ပြည်သူတပ်မတော် နွားတွေလက်ထက်ကျ...
- မီးမလာ ရေမလာ ဆိုးဆေး များတဲ့ မြန်မာ
- မုဒိန်းတပ်မတော်ကို အညှီ ပျောက်အောင်လျှော်စေချင်တယ်
- လူတစ်ယောက် သုံးသိန်းဘဲ တန်လား
- ခွေးတွေ ခွေးပါးဝနေတယ်
- သတ်မတော်နေ့ 
- အကောင်းဆုံး မြေသြဇာ အဖွဲ့ရဲ့ မတ်လတော်လှန်ရေး..
- ဆန္ဒတွေ ထုတ်ဖေါ်ကြစို့ 
- ဗိုလ်မိုးကြိုး အပြန် နောက်ကြောင်း လှန်လိုက်သည့် ဗု...
- သာသနာ့ဥသျှောင်(ဘင်္ဂလာဒေ့ရှ်)၏ ကျေညာချက်
- ဗိုလ်ချုပ်အောင်ဆန်း၏ပင်ကိုသဘာဝစရိုက်..
- အိုးဝေသံမြိုင်မြိုင် တဖန်ပြန်ကာနိုးထမဲ့ ဟစ်တိုင်
- မြောက်ဥက္ကလာပတွင် ဗုံးပေါက်ကွဲ
- ရဲဘော်သုံးကျိပ်ဝင်က တပ်မတော် ဦးဆောင်မှုကို မလိုလား...
- ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်
- ဧရာတီကို တရားစွဲဆိုလိုက်သည်ဟု UDP ဦးကျော်မြင့်ြေ...
- (၈၈) မျိုးဆက်ကျောင်းသားများက စစ်အစိုးရ၏ အခြေခံဥပဒေ...
- ၂၀၁၀ ရွေးကောက်ပွဲ အားလုံးလက်ခံနိုင်အောင် ကျင်းပဖို...
- စုစည်းကြပါ...
- ခလေးတောင်သိတယ်
- ကိုယ်ဟာကိုယ်တောင်မနိုင်ဘဲ သူများနိုင်ငံရေးလာပွဲစား...
- ဖိုးလပြည့်..ဘာညာဘာညာလုပ်ခံရတဲ့ ဝတ်မှုံရွှေရည်
- ဗိုလ်ချုပ်မူးကြီးသန်းရွှေ ရာထူးကျသွားပြီ
- မြန်မာ ကောင်လေးကိုသိကြပါသလား..သိသူရှိရင် ဖော်ထုတ်ေ...
- မြန်မာ သူခိုးတွေ သတ်တယ်တဲ့ဗျာ.( Yachtsman killed b...
- ကျောင်းသားအရေးတော်ပုံ ( ကိုဗဟိန်း ရေးသည်)
- UN Special Rapporteur on Human Rights in Burma (VO...
- Global Campaign for Free Political Prisoners (VOA ...
- မမေ့နိုင်တဲ့ မြန်မာ့အာဇာနည်များ..(ဗိုလ်အောင်ကျော်)
- မမေ့နိုင်တဲ့ မြန်မာ့အာဇာနည်များ..(ဆလိုင်း တင်မောင်...
- အဆိုတော် စိုင်းထီးဆိုင် ၁ နှစ်ပြည့် အလှူ
- ဗိုင်းရပ်စ် အသစ်
- ၂၀၀၉ မတ် ၂၄ , ၂၅ သတင်းများ
- နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး တောင်းဆု...
- Invitation Letter : Resistance Day of Burma - Wash...
- မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ NLD ခေါင်းဆောင်ပိုင...
- ရခိုင်အမျိုးသားသတင်းစာ၊အတွဲ-၃-အမှတ်-၃(၂၀၀၉)မတ်လ
- မစုစုနွေးကို လွှတ်ပေးပါ
- ကြားရသမျှ မြန်မာအကြောင်း အကောင်းသိပ်မရှိ
- မပျော်ကြပါနဲ့ မီးပေးဖို့မဟုတ်ပါ သန်းရွှေကို short ရ...
- ဖိအားပေးသည်ကို အလျှော့ပေးမည် မဟုတ်ဟု KNU ပြော
- စစ်အာဏာရှင်များမှ ကိုယ်တိုင်ဖြစ်စေ၊ ထိုင်းအစိုးရမှ...
- အိပ်ရာ ကမထ ကာလနာကျကောင်
- Freedom from fear,Aun San Suu Kyi, Free Burma
- Freedom Now DASSK
- Statement of 88 Generation Students (Exile)
- မတ် ၂၄ ၂၀၀၉ သတင်းများ
- ဒေါ်အောင်ဆန်းစုကြည် နှင့် ဘီလ်ရစ်ချဒ်ဆန် စကားဝိုင်း...
- နိုင်ငံရေးသမားကောင်း ဖြစ်မြောက်ရေး (ရေးသူ မောင်ဝံသ)
- ရုပ်ကြမ်းကြီးနဲ့ နွဲ့ နေသူ..
- အာဏာရှင် ၏ လုပ်ပိုင်ခွင့်မရှိဘဲ အတင်း အဓမ္မ တရားမ၀င...
- ပညာဒါန ပါဗျို့ 
- မြို့နယ်အင်ဂျင်နီယာမှူးက ငွေပေးသည့်နေရာများသာ မီးေ...
- တခါတည်းရိုက်သတ်ပြစ်ရမှာ
- စီးပွားရေး အကျပ်အတည်း လူသန်းပေါင်းများစွာ ထိခိုက်န...
- မြန်မာ ဘယဆေးနှစ်မျိုး ခဲဆိပ်ပါ၊ ဖို့ဒ်ဝိန်းကျန်းမာ...
- ဘူးသီးတောင်ထောင်မှ နိုင်ငံရေး အကျဉ်းသား လေဖြတ်
- ကုလသမဂ္ဂက အသံတွေ..
- ဗိုလ်မှူးအောင်လင်းထွဋ်၏ တော်လှန်ရေးနေ့ သ၀ဏ်လွှာ
-
▼
March
(468)
No comments:
Post a Comment