Tuesday, March 31, 2009

စင်ကာပူမှာ မြန်မာ လက်ဖက်များ ပိတ်ပြီ

31/Mar/2009

မြန်မာနိုင်ငံမှ တင်သွင်းခဲ့သည့် လက်ဖက်စိမ်းများမှာစားသုံးရန်မသင့်တော်ကြောင်းဖြင့် ပစ္စည်းများ
ပြန်လည်ရုပ်သိမ်းရန်အမိန့်ထုတ်ခဲ့သည့် စိုက်ပျိုးရေးစားကုန်နှင့် တိရိစ္ဆာန်ဆေးဝါးကုသရေး အာဏာပိုင်(AVA) က
ပြောကြားခဲ့သည်။ ၄င်းကလက်ဖက်အတွင်းတွင်ပိုးထည်၊ ချည်ထည်၊ စက္ကူနှင့်သရေများအား အရောင်ဆိုးရာတွင်
အသုံးပြုသည့် အော်ရာမင်အိုခေါ်ဆိုးဆေးအဝါရောင်များပါရှိကြောင်းစမ်းသပ်တွေ့ရှိခဲ့ရသည်ဟုဆိုသည်။ဆိုးဆေး

အားအစာအစားများတွင် သုံးခွင့်မပြုခြင်းကြောင့်ဆိုးဆေးပါသောကုန်ပစ္စည်းများအားပြန်လည်ရုပ်သိမ်း၍ဖျက်ဆီး
စေခဲ့သည်။ ထိုသို့ပြုလုပ်ရခြင်းမှာမြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ တံဆိပ်၄၃မျိုးရှိသည့် လက်ဖက်အမျိုးမျိုး
တို့တွင်စား၍သင့်တော်သော အရောင်ဆိုးဆေးများအစား ဓါတုဗေဒ ဆိုးဆေးများ ကိုတွေ့ရှိခဲ့ရ၍ဖြစ်သည်။ အစား
အစာ ဆိုးဆေးမှာ အိုရာမင်အိုထက် အဆ ၂၀မျှဈေးနှုန်းမြင့်မားသည်။ အချဉ်ထည့်ထားသည့်လက်ဖက်ကိုစားသုံး
ဆီနှင့် နှမ်း၊ ကြက်သွန်ကြော်၊မြေပဲတို့ရောနှော၍လက်ဖက်သုတ်အဖြစ် အထူး လူကြိုက်များစွာ စားသုံးကြသည်။
စင်ကာပူတွင် လက်ဖက်အမျိုး၂၀ခန့်ကို မြန်မာနိုင်ငံမှတင်သွင်းခဲ့ရာ အရီးတောင်း၊ M& N၊ ရွှေတုတ်၊ ဦးကာကာ၊
ဇယန်းလက်ဖက်များအပါအဝင် လက်ဖက်များတွင် အိုရာမင်အို အရောင် ဆိုးဆေးကိုတွေ့ခဲ့ရသည်။ မြန်မာနိုင်ငံမှ
ပို့ကုန်လက်ဖက်များအား စစ်ဆေးပြီးအိုရာမင်အိုပါဝင်မှုကင်းမှရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း(AVA)ကပြောကြား
သည်။ ထိုလက်ဖက်များကို ဝယ်ယူထားသောစားသုံးသူများသည် စားသုံးခြင်းမပြုပဲ စွန့်ပစ်ကြရန် အကြံပေးထား
သည်။ စုံစမ်းလိုသူများမှာ စင်ကာပူအရေးပေါ် ဖုန်း၆၃၂၅၆၂၅သို့ ဆက်သွယ်နိုင်ကြကြောင်း ၂၀၀၉ခုနှစ် ဧပြီလ၂
ရက်နေ့ထုတ် News Week ဂျာနယ်တွင်ဖော်ပြထားပါသည်။

1 comment:

pyaesoneperfect said...

is it April Fool???

How do you get April 2 newspaper on April 1. ???

Post a Comment

ယခင် သတင်းများ ဖတ်ရန်