Wednesday, March 25, 2009

ဗိုလ်ချုပ်မူးကြီးသန်းရွှေ ရာထူးကျသွားပြီ


အေးချမ်းမြေ့ Wednesday, 25 March 2009

ကမ္ဘာ့ အဆိုး ရွားဆုံး ခေါင်းဆောင်များ စာရင်း တွင် ယမန်နှစ်က တတိယ နေရာ ရရှိခဲ့သော မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာ ယခုနှစ်တွင် စတုတ္ထ နေရာသို့ ကျဆင်း ခဲ့ပြီ ဖြစ် ကြောင်း Parade အွန်လိုင်း မဂ္ဂဇင်း၏ မဲခွဲ စာရင်း ပြုစုချက်အရ သိရသည်။

၂၀၀၇ ခုနှစ်၊ စက်တင်ဘာ လက သံဃာတော်များ အရေး တော်ပုံတွင် ရက်စက်စွာ ပစ်ခတ် နှိမ်နင်းခဲ့ သောကြောင့် ကမ္ဘာ့ အဆိုး

ရွားဆုံး ခေါင်းဆောင်များ စာရင်းတွင် တတိယ ချိတ်ဆွဲခဲ့သူ ဗိုလ်ချုပ် မှူး ကြီး သန်းရွှေသည် ၂၀၀၈ ခုနှစ်အတွက် နာဂစ် ဆိုင်ကလုန်း ဒဏ်ခံရ သည့် ဒုက္ခသည်များ ထံ နိုင်ငံတကာ အကူအညီ များကို အချိန်ဆွဲ နောက်ကျကာ ရောက်ရှိစေ ခဲ့သောကြောင့် ကမ္ဘာ့ အဆိုးရွားဆုံး စတုတ္ထ နေရာကို ရရှိခဲ့သည်။

၂၀၀၈ ခုနှစ်အတွက် ကမ္ဘာ့ အဆိုးရွား ဆုံး တတိယ နေရာကို ရရှိသွား သူမှာ မြောက်ကိုရီးယား စစ်ခေါင်းဆောင် ကင်မ်ဂျုံအီး ဖြစ်ပြီး ၎င်းက ကမ္ဘာ့ အဖိနှိပ်ဆုံး စစ်ခေါင်းဆောင် အဖြစ် ထိုနေရာကို ရရှိခဲ့ခြင်း ဖြစ်ကာ ယမန်နှစ်က ပထမနေရာ ရရှိသူဖြစ်သည်။

၂၀၀၈ ခုနှစ်အတွက် အဆိုးရွားဆုံးခေါင်းဆောင် စာရင်းတွင် ပထမရရှိသူမှာ ဇင်ဘာဘွေသမ္မတ ရောဘတ် မူဂါဘီဖြစ်ပြီး ၎င်းမှာ ယမန်နှစ်က နံပါတ် ၆ နေရာတွင်ရှိခဲ့သည်။ ၎င်းနိုင်ငံတွင်း၌ အလုပ်လက်မဲ့ ဦးရေမှာ ၂၀၀၈ ခုနှစ်တွင် ၈၅ ရာခိုင်နှုန်းကျော်ခဲ့သည်။ မူဂါဘီသည် ၁၉၈၀ ပြည့်နှစ်ကတည်းက အာဏာရယူခဲ့သူဖြစ်ပြီး ၎င်းအနိုင်ရရှိရန် သေချာမှသာ ရွေးကောက်ပွဲကျင်းပရန် သဘောတူညီမည်ဟု ပြောဆိုခဲ့သည်။

ဇင်ဘာဘွေအစိုးရကို တော်လှန်ခဲ့သည့် အတိုက်အခံ တက်ကြွလှုပ်ရှားသူများကို မူဂါဘီကပြင်းထန်စွာ နှိမ်နင်း ခဲ့ရာ ၁၆၃ ဦးသေဆုံးခဲ့ပြီး လူ ၅၀၀၀ ကျော်ကို နှိပ်စက်ညှဉ်းပန်း ခဲ့သည်။ Parade အွန်လိုင်းမဂ္ဂဇင်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်းကို ဖော်ပြရာ၌ ၂၀၀၈ မေလက တိုက်ခတ် ခဲ့သော နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၁ သိန်း ၄ သောင်းကျော်သေဆုံး၍ လူ ၂ သန်း နီးပါး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသော်လည်း ၎င်းမှာ နိုင်ငံတကာအကူအညီကို ချက်ချင်း လက်မခံဘဲ အခြေခံဥပဒေသစ် အတည် ပြုရေးကိုသာ ဆောင်ရွက်နေခဲ့သည်ဟု ပါရှိသည်။
http://myochitmyanmar.org/news/2008-07-25-07-40-33/2125-2009-03-25-14-15-11

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်