Sunday, March 29, 2009

မြန်မာနိုင်ငံမှာတော့ အယ်ဒီဆင်ကို နေ့တိုင်းဂုဏ်ပြုနေပါတယ်

“ကမ္ဘာမြေရဲ့ အချိန်” အတွက် ဂုဏ်ပြု မီးပိတ်ခဲ့


alt

ကမ္ဘာမြေရဲ့ အချိန်များနေ့ အထိမ်းအမှတ်အဖြစ် သြစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့မှလှုပ်ရှားမှုတခု အဖြစ် ယနေ့ည လျှပ်စစ်မီးများ ပိတ်ထားစဉ် © AP

ရာစုနှစ်များ၏ အမေရိကန် တီထွင်ပါရဂူ ဥာဏ်ကြီးရှင် သောမတ်(စ်) အယ်ဒီဆင်သည် ကမ္ဘာမြေအား ကမ္ဘာ့ ပတ်ဝန်းကျင်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုများ စွမ်းဆောင် ခဲ့ခြင်း၊ ကမ္ဘာ့ တောက်ပသော အနာဂါတ် နှင့် ညအမှောင်ထု တွင်းမှ

အလင်းဆောင်ကျင်း ပေးခဲ့ခြင်းအား ဂုဏ်ပြုသော အားဖြင့် ကမ္ဘာမြေရဲ့ အချိန်နေ့ အဖြစ် မတ်လ (၂၈) ရက် ည ၈း၃၀ မှ ၉း၃၀ အထိ ၁နာရီကြာ တကမ္ဘာလုံး အနေအထားဖြင့် လျှပ်စစ်မီးများ ပိတ်ထား ခဲ့ကြသည်ဟု သိရှိရသည်။

ယခုနှစ်တွင် နိုင်ငံပေါင်း ၈၄နိုင်ငံ မြို့ကြီးပေါင်း ၂၀၀၀ ကျော်ရှိ လူပေါင်း သန်း၁ထောင်ကျော်သည် ည၈း၃၀ မှ ၉း၃၀ အထိ ၁နာရီ မီးများပိတ်ကာ လျှပ်စစ်မီးတီထွင်ခဲ့သူ သောမတ်(စ်) အယ်ဒီဆင်အား ဂုဏ်ပြုကြမည်ဟု သိရှိရသည်။

ယခုအကြံအဥာဏ်ကို ၁၉၆၂ ခုနှစ်က အမေရိကန် ဇီဝဗေဒ ပညာရှင် ရေချယ်လ် ကာလ်ဆင်က သူမ ထုတ်ဝေခဲ့သော “တိတ်ဆိတ်ငြိမ်သက်သော နွေဦး” စာအုပ်တွင်ထည့်သွင်း ရေးဖွဲ့ထားခြင်းမှ အကြံအဥာဏ် ဖွံ့ဖြိုးထွန်းကား လာခြင်းဖြစ်ကာ ၁၉၉၂ ခုနှစ် ဘရာဇီးနိုင်ငံ ရီယိုဒီ ဂျနေရိုးမြို့တွင် ကျင်းပသော the United Nations Conference on Environment and Development (UNCED), ၏ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကမ္ဘာမြေ ထိပ်သီးညီလာခံတွင် ယင်းအဆိုကို ထည့်သွင်း စဉ်းစားခဲ့ကြသေးသည်ဟု သိရှိရသည်။

ယခုနှစ်တွင် ဒေသစံတော်ချိန် အလိုက် ပထမဆုံးအကြိမ် အဖြစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ကြခြင်း ဖြစ်ပြီး၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချူပ် ဘန်ကီမွန်းက “ ဒီအကျိုးကျေးဇူးဟာ အထိမ်းအမှတ်လဲဖြစ်၊ စွမ်းအင် ချွေတာရာလဲ ရောက်သမို့ ဒီလိုလှုပ်ရှားမှုကို တမ္ဘာလုံး အနာဂါတ်အတွက် အတူတွဲ လုပ်ဆောင်သွားကြ ” ဖို့ တိုက်တွန်း နှိုးဆော်လိုက်သည်။

http://www.peoplemediavoice.com/international-news/world-cities-begin-big-switch-off.html


Summary

Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်