Thursday, March 26, 2009

ကိုယ်ဟာကိုယ်တောင်မနိုင်ဘဲ သူများနိုင်ငံရေးလာပွဲစားလုပ်နေတဲ့ ကိုရွှေထိုင်းရဲ့ဘဝ




ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်ထောက်ခံသည့် အင်္ကျီအနီဝတ် ဆန္ဒပြသူများ ယနေ့နေ့လယ်ပိုင်းမှစ၍ ထိုင်းဝန်ကြီးချုပ်ရုံးကို ချီတက်ဝိုင်းကြတော့မည်ဖြစ်ပြီး ၀န်ကြီးချုပ်အာဘီဆစ် မပြုတ်မချင်း ရက်ရှည်ဆန္ဒပြကြမည် ဖြစ်သည်ဟု ဆန္ဒပြခေါင်းဆောင်ပိုင်းက ပြောသည်။

ဆန္ဒပြပွဲခေါင်းဆောင်များ၏ပြောဆိုချက်အရ ဆန္ဒပြသူ (၃၀,၀၀၀) ကျော်ရှိမည်ဟု မှန်းထားပြီး ဆန္ဒပြပွဲကို ထိန်းရန်အတွက်

သောင်းနှင့်ချီသည့် ရဲများကိုလည်း ချထားမည်ဖြစ်သည်။ မွန်းလွဲပိုင်းတွင် ရှေ့ပြေးဆန္ဒပြသူအဖွဲ့ (၁၅,၀၀၀) ကျော် ထိုင်းဝန်ကြီးချုပ်ရုံးသို့ ရောက်လာပြီဖြစ်သည်။

ဆန္ဒပြသူများ အဓိကတောင်းဆိုသည့်အချက်မှာ နိုင်ငံခြားရေးဝန်ကြီး ကာဆစ်သည် ပီအေဒီအဖွဲ့ဝင်ဖြစ်နေသည့် အတွက် ၎င်းအား ရာထူးမှ ထုတ်ပယ်ရန်၊ ပါလီမန်ကို ဖျက်သိမ်းပေးရန်နှင့် ပီအေဒီခေါင်းဆောင်များကို အရေးယူရန် တို့ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ရုံးတ၀ိုက်တွင် လုံခြုံရေးများ ထူထပ်စွာချထားသည်။ ဆန္ဒပြသူများအား ထိန်းမရပါက အမိန့်ပေးရန် ၀န်ကြီးချုပ် အာဘီဆစ်က တာဝန်ပေးထားကြောင်း ဒု-၀န်ကြီးချုပ် ဆူထက်က ပြောသည်။ ယနေ့ည (၇) နာရီတွင် ပြည်ပရောက် တပ်ဆင်က ဆန္ဒပြသူများအား ဗီဒီယိုအဆက်အသွယ်လုပ်ပြီး စကားပြောမည်ဟု သိရသည်။


Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်