ကြံ့ဖွံ့ ပါတီထောင်တော့မည်
Friday, 06 March 2009 20:19 ဧရာဝတီ
မြန်မာစစ်အစိုးရ၏ အဓိကအားထားရာ၊ အရပ်သား အဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့) က ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီထူထောင်မည်ဟူသည့် သတင်းများ ထွက်ပေါ်လျှက် ရှိသည်။
အကယ်၍ ရွေးကောက်ပွဲ ဥပဒေကို စစ်အစိုးရက သင်္ကြန် နှစ်သစ်ကူး ပွဲတော်မတိုင်မီ ထုတ်ပြန်လိုက်လျှင် ကြံ့ဖွံ့အသင်းကလည်း နိုင်ငံရေးပါတီတခုအဖြစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာတော့မည် ဖြစ်ကြောင်း ၎င်းအသင်းနှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ ကြားသိရသည်။
မြန်မာနိုင်ငံတဝန်းရှိ ကြံ့ဖွံ့အသင်းဝင်များမှာ နိုင်ငံရေးပါတီအဖြစ် အသွင်ကူးပြောင်းရေးအတွက် ကြိုတင် ပြင်ဆင်လျှက်ရှိပြီး ပါတီ၏ အမည်ကိုမူ ယခုထိ အတည်မပြုရသေးကြောင်း ဝါရင့်ကြံ့ဖွံ့အသင်းဝင် တဦးက ပြောသည်။
ကြံ့ဖွံ့အသင်းမှာ နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲ ဝင်မည်ဖြစ်သော်လည်း အစိုးရမဟုတ်သော လူထုကိုယ်စားပြုသည့် အသင်း အဖြစ်လည်း ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းစာရင်းပေါက်သူများ၏ ကိုယ်ရေးရာဇဝင် အချက်အလက်များကို ကြံ့ဖွံ့အသင်းက ဦးဆောင် စာရင်းပြုစုလျှက်ရှိသည်ဟုလည်း သတင်းရရှိသည်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကျင်းပစဉ်က မဲဆန္ဒနယ်ပေါင်း ၄၉၂ နေရာရှိခဲ့သော်လည်း ၂၀၀၈ ခုနှစ်က အတည်ပြုခဲ့သည့် အခြေခံ ဥပဒေမူကြမ်းအရ ဆိုလျှင် လာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်တွင် နေရာပေါင်း ၄၄၀ သာ ရှိတော့မည်ဖြစ် သည်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ ပြည်သူ့ လွှတ်တော်၏ နေရာပေါင်း ၃၃၀ သို့မဟုတ် လေးပုံ သုံးပုံကိုသာ ပြည်သူများက ရွေးချယ်ခွင့် ရမည်ဖြစ်ပြီး ကျန်သည့် ၁၁၀ သို့မဟုတ် လေးပုံတပုံမှာမူ ကာကွယ်ရေးဦးစီးချုပ်က အဆိုပြုသူများ အတွက်သာ ဖြစ်နေပေလိမ့်မည်။
၁၉၉၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်မည့် မဲဆန္ဒနယ် ၁၆၂ နေရာ လျော့ပါး သွားမည်ဖြစ်သည်။
ကြံ့ဖွံ့အသင်းမှ နိုင်ငံရေးပါတီဖွဲ့၍ ရွေးကောက်ပွဲဝင်မည့်သူများမှာ လူထုက ယုံကြည်လေးစားသည့် လူထု ထဲမှ လာသူများ ဖြစ်သော် လည်း ထိုအထဲမှ တချို့မှာ အမှန်တကယ် ကြံ့ဖွံ့အသင်းဝင်များ မဟုတ်ကြောင်း ၎င်း အသင်းနှင့် နီးစပ်သူ တဦးကပြောသည်။
“ဝင်အရွေးခံမယ့် ပုဂ္ဂိုလ်တွေက အခြေခံအားဖြင့် လူထုက တကယ်လေးစား ယုံကြည်တဲ့သူတွေ ဖြစ်ရမယ်၊ နိုင်ငံတော်အစိုးရကို ဆန့်ကျင် ဆန္ဒပြတဲ့သူတွေ မဖြစ်ရဘူး၊ သူတို့ရဲ့ အပြုအမူတွေက ကောင်းမွန်ရမယ်၊ အကျင့် စာရိတ္တကောင်းမွန်ရမယ်၊ ပြီးတော့ စီးပွား ရေးတောင့် တင်းတဲ့ သူတွေဖြစ်ရမယ်” ဟု ၎င်းက ဆက်ပြောသည်။ ရွေးကောက်ပွဲဝင်မည့် ကြံ့ဖွံ့အဖွဲ့ဝင်များ အနေနှင့် နိုင်ငံရေးနှင့် စီးပွားရေးအမြင် ရှိရမည်ဖြစ်ကြောင်းလည်း သိရသည်။
၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲကို ဦးတည်သည့် ယခုကာလတွင် စစ်အစိုးရက ပြည်သူလူထုအတွက်ဟု ကြွေးကြော်ကာလမ်းတည် ဆောက် ပေးခြင်း အစရှိသည့် ဖွံ့ဖြိုးရေးအစီအစဉ်များကို ပြုလုပ်ပေးနေကြောင်း ကြေညာလျှက်ရှိသည်။
ကြံ့ဖွံ့အသင်းအနေနှင့်လည်း အသေးစားချေးငွေများကို ရန်ကုန်မြို့ရှိ လှိုင်သာယာ၊ ဒဂုံမြို့သစ် အစရှိသည့် ဆင်းရဲသားရပ်ကွက် များရှိ အခြေခံ လူတန်းစားများအား ထုတ်ချေးပေးလျှက်ရှိကြောင်း ရန်ကုန်အခြေစိုက် သတင်းထောက် တဦးကပြောသည်။
၁၉၆၂ မှ ၁၉၈၈ အထိ အုပ်ချုပ်ခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) လက်ထက်က ပါတီဝင်များသာ ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်နိုင်ခဲ့သည်။
Friday, March 6, 2009
နေရာမရွေး..သူတို့  လက်ချည်းဘဲ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
March
(468)
- တပ်မဟာ (၅) အောင်ပွဲသတင်း
- ဒေါ်စုကို မဲပေးလိုသူများ..မဲပေးနိုင်ပါပြီ
- တပ်မတော်နေ့ ညစာစာပွဲ လောက်ကောင်တွေ ၀င်နွဲနေတယ်
- 8888 people power စာစောင် ဧပြီ၂၀၀၉
- မျှော်လင့်ချက် က မှုန်တရေးရေး..
- တော်ဝင်နန်းတည်းခိုခန်း က ဗုံးကွဲမှုဓါတ်ပုံများ
- Bomb explosion in Yangon inn assessed to have kill...
- များလိုက်တဲ့စည်းကမ်းတွေ
- သူခိုးတွေပျော်ပြီး ခွေးဘုရားဖူးလည့်တော့မယ်
- မယက ဘောလုံးပွဲအတွက် ရွာသားများ ငွေကြေးထောက်ပံ့ပေးရ
- Mr Robertson ရဲ.အလောင်းရှာဖွေတွေ.ရှိ
- စင်ကာပူမှာ မြန်မာ လက်ဖက်များ ပိတ်ပြီ
- အဖားကောင်းသူ ငါနားတိုးလဟဲ့
- လူမ၀င်အောင်ဘဲ ကာတာပါ ခင်ဂျ
- အလွဲသုံးစားမှု ပုဒ်မ မြန်မာပြည်မှာ အစရှာမရဖူး
- မလုံခြုံသော ဘ၀များ..
- လူ့ ဘ၀နှင့် ဒဿနအမြင်များ(၄၈)
- နူပါတယ်ဆိုမှ သူခိုးက လာထောင်းနေပြန်ပြီ။
- ရွေကို မလို ။ ယူရေနီယမ်ကို လိုသည်။
- လူသတ်၊ ဓားပြတိုက်၊ စိန်ရွှေငွေ လုယက်နေတဲ့ စစ်ခေါင်း...
- ယဇန လ္ဘက်မှာ ဆိုးဆေးပါသည်ဟုဆိုပြီး စင်္ကာပူ အစိုးရတား...
- ဒီမိုကရေစီ ဥယျာဉ်မှူးကြီး
- မြန်မာ နယ်စပ် သံဆူးကြိုးကာမှု ဘင်္ဂလားဒေ့ရှ်က ဖြေရှင်...
- ရေပေါ်ဆီ လူတန်းစားတွေ..နဲ့ ကျူပ်တို့ မြန်မာပြည်..
- လာပါ အတူသွားစို့ 
- အာဏာပိုင်တို့ ရက်ရက်ရောရော လှူဒါန်းကြပြီ
- လမင်းတရာ ( ကြည်အောင်)
- စစ်ငနွားတွေက မြန်မာပြည်ကို တိုင်းတစ်ပါးသား လက်ထဲရေ...
- မြန်မာ ဘလော့ဂါ တစ်ဦးပြုစုသော "မြန်မာ-အင်္ဂလိပ်" အဘိ...
- ကန်ထုတ်ကြစို့ 
- UN Relieve report on Burma (MM) FYI
- အသွားမတော်ရင် တစ်လှမ်း..ဒီခေတ်ကြမ်းကြီးထဲ
- စာရေးဆရာ ကျော်ဝင်း စာဖတ် သူများသို့ ပြန်ကြားခြင်း
- နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဝိုင်းဝန်းကြို...
- တိုင်းထပ်ခွဲတယ်..
- နအဖ စစ်ခွေးလောက်ကောင်တွေ
- (၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနာ...
- Gmail Address ကိုသူများမသိရအောင် ဘယ်လိုလုပ်မလည်း
- အရေးကြီးဆုံးစိတ်ဓာတ်
- G Talk လုံခြုံရေး..
- မြန်မာ နဲ့ အာရှရဲ့ ရေအဆိပ်သင့်မှု
- သူတို့ မှဘဲ အသက်ရှိ...
- သန်းရွှေပုံတူ ပြပွဲ
- REAL VIRUS (Conficker)
- တရုတ်လဲ ချီးထုပ်ကို စိတ်ညစ်နေပြီ
- အောင်ပွဲသတင်း
- ကုန်ပါပြီဗျာ..
- စော်ကားချည့်ခံနေရတဲ့ မြန်မာ
- မြန်မာနိုင်ငံမှာတော့ အယ်ဒီဆင်ကို နေ့တိုင်းဂုဏ်ပြု...
- ရည်ရွယ်ချက်ရှိရှိ သာသနာတော် ညှိုးနွမ်းပျက်စီးစေတဲ့...
- တော်လှန်ရေး နေ့ အကြိုဗုံးပေါက် ကွဲမှုသည် ပြည်ပအဖွဲ ...
- ဗိုလ်မှူး(ဟောင်း)အောင်လင်းထွဋ် (စစ်ထောက်လှမ်းရေးနှ...
- ဗမာပြည် အတွင်းမှ မတူညီသော လူနေမှုအဆင့်အတန်း
- ကျေးဇူးတင်ပေးကြပါခင်ဗျာ
- (၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား
- Tracking to former ABSDF chairman Tun Aung Kyaw
- အင်္ဂလိပ်စာ ကြောက်စရာမလို
- Earth Hour (မတ် ၂၉ ၂၀၀၉ ည ၈း ၃၀ မှ ၉း၃၀ အထိ)
- မတန်မရာအသက် ၉၀ နေချင်ရသတဲ့ အဟိ
- ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီမှ ထုတ်ဝေသော မတ်လထု...
- အစိုးရမကောင်းလို့  အလောင်းမလှ အရပ်ကောင်းမှ အလောင်း...
- မိပြီ..ဒင်းတို့ လက်ချက်
- တွံတေး ကျူရှင်ဆရာ ဆန္ဒပြပြန်ပြီ
- မတ် ၂၇ ၂၀၀၉ သတင်းများ
- ဖက်ဆစ် တော်လှန်ရေးနေ့သာဖြစ်ဟု အန်အယ်ဒီ ပြောကြား
- မြန်မာပြည် လူ့အခွင့်အရေးချိုးဖောက်မှု ကုလ ရှုတ်ချ
- မယား ငယ်ချွဲချွဲရုံနဲ့  ဒို့ တွေ မယုံ
- သူဘဲ လူတတ်ကြီး
- မြို့ပြအပူမီး ဖိစီးနေတဲ့မြို့
- ဗိုလ်ချူပ်ဖွဲ့ခဲ့တာ ပြည်သူတပ်မတော် နွားတွေလက်ထက်ကျ...
- မီးမလာ ရေမလာ ဆိုးဆေး များတဲ့ မြန်မာ
- မုဒိန်းတပ်မတော်ကို အညှီ ပျောက်အောင်လျှော်စေချင်တယ်
- လူတစ်ယောက် သုံးသိန်းဘဲ တန်လား
- ခွေးတွေ ခွေးပါးဝနေတယ်
- သတ်မတော်နေ့ 
- အကောင်းဆုံး မြေသြဇာ အဖွဲ့ရဲ့ မတ်လတော်လှန်ရေး..
- ဆန္ဒတွေ ထုတ်ဖေါ်ကြစို့ 
- ဗိုလ်မိုးကြိုး အပြန် နောက်ကြောင်း လှန်လိုက်သည့် ဗု...
- သာသနာ့ဥသျှောင်(ဘင်္ဂလာဒေ့ရှ်)၏ ကျေညာချက်
- ဗိုလ်ချုပ်အောင်ဆန်း၏ပင်ကိုသဘာဝစရိုက်..
- အိုးဝေသံမြိုင်မြိုင် တဖန်ပြန်ကာနိုးထမဲ့ ဟစ်တိုင်
- မြောက်ဥက္ကလာပတွင် ဗုံးပေါက်ကွဲ
- ရဲဘော်သုံးကျိပ်ဝင်က တပ်မတော် ဦးဆောင်မှုကို မလိုလား...
- ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်
- ဧရာတီကို တရားစွဲဆိုလိုက်သည်ဟု UDP ဦးကျော်မြင့်ြေ...
- (၈၈) မျိုးဆက်ကျောင်းသားများက စစ်အစိုးရ၏ အခြေခံဥပဒေ...
- ၂၀၁၀ ရွေးကောက်ပွဲ အားလုံးလက်ခံနိုင်အောင် ကျင်းပဖို...
- စုစည်းကြပါ...
- ခလေးတောင်သိတယ်
- ကိုယ်ဟာကိုယ်တောင်မနိုင်ဘဲ သူများနိုင်ငံရေးလာပွဲစား...
- ဖိုးလပြည့်..ဘာညာဘာညာလုပ်ခံရတဲ့ ဝတ်မှုံရွှေရည်
- ဗိုလ်ချုပ်မူးကြီးသန်းရွှေ ရာထူးကျသွားပြီ
- မြန်မာ ကောင်လေးကိုသိကြပါသလား..သိသူရှိရင် ဖော်ထုတ်ေ...
- မြန်မာ သူခိုးတွေ သတ်တယ်တဲ့ဗျာ.( Yachtsman killed b...
- ကျောင်းသားအရေးတော်ပုံ ( ကိုဗဟိန်း ရေးသည်)
- UN Special Rapporteur on Human Rights in Burma (VO...
- Global Campaign for Free Political Prisoners (VOA ...
- မမေ့နိုင်တဲ့ မြန်မာ့အာဇာနည်များ..(ဗိုလ်အောင်ကျော်)
- မမေ့နိုင်တဲ့ မြန်မာ့အာဇာနည်များ..(ဆလိုင်း တင်မောင်...
- အဆိုတော် စိုင်းထီးဆိုင် ၁ နှစ်ပြည့် အလှူ
-
▼
March
(468)
No comments:
Post a Comment