စစ်အစိုးရရဲ့ အပြောထက် လုပ်ရပ်ကို အတိုက်အခံတို့ မြင်လို
27 March 2009
ဒီကနေ့ ကျရောက်တဲ့ ၆၄ ကြိမ်မြောက် ဖက်ဆစ်ဂျပန် တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပနေချိန်မှာပဲ ဒီမိုကရေစီရေး ဦးတည်တဲ့ လုပ်ရပ်တွေကို ညီညီညွတ်ညွတ် လုပ်သွားဖို့၊ နိုင်ငံရေးအင်အားစုတွေ အနေနဲ့လည်း သင့်သင့်မြတ်မြတ်နဲ့ နိုင်ငံရေးလုပ်ငန်းတွေကို လုပ်သွားဖို့ မြန်မာစစ်အစိုးရ အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။
အတိုက်အခံ နိုင်ငံရေးအသိုင်းအ၀န်းကတော့ ဒီလို တိုက်တွန်းချက်တွေကို ကြိုဆိုခဲ့ပေမဲ့ အပြောထက် အလုပ်နဲ့ လက်တွေ့ ပြဖို့၊ နိုင်ငံရေးအရ တိုးတက်မှုတွေကိုလည်း သိသာမြင်သာအောင် လုပ်ပြဖို့ လိုနေသေးတယ်လို့ ဆိုလိုက်ပါတယ်။ ဒီမိုကရေစီနိုင်ငံဖြစ်အောင် လုပ်နေတယ်လို့ ပြောနေတဲ့ စစ်အစိုးရနဲ့ အတိုက်အခံတို့ကြား မတူကွဲပြားတဲ့ သဘောထား တွေကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
၆၄ ကြိမ်မြောက် ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့၊ အခုအခါ တပ်မတော်နေ့လို့ ခေါ်ဝေါ်လာတဲ့ အခမ်းအနားတွေကို မြန်မာ စစ်အစိုးရရော၊ တော်လှန်ရေးတိုက်ပွဲဝင် နိုင်ငံရေးသမားဟောင်းတွေ အပါအ၀င် အတိုက်အခံ နိုင်ငံရေးအင်အားစုတွေကပါ။ ကိုယ့်နည်းကိုယ့်ဟန် နဲ့ ကျင်းပကြရင်း နိုင်ငံရေးအရ သူတို့ရဲ့ သဘောထား ရပ်တည်ချက်တွေကို ပြောခဲ့ကြတာပါ။
အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ မနက်အစောပိုင်းက စကျင်းပတဲ့ အခမ်းအနားအတွင်း စစ်သည်ပေါင်း ၁၃,၀၀၀ ရှေ့ ပြောကြားတဲ့ မိန့်ခွန်းမှာ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နိုင်ငံရေးအင်အားစုတွေအနေနဲ့ ပြည်ထောင်စု မပြိုကွဲအောင်၊ သွေးစည်း ညီညွတ်မှု၊ ပြည်ထောင်စုစိတ်ဓာတ်တွေနဲ့ ဆောင်ရွက်သွားဖို့လိုတယ်ဆိုပြီး ပြောလိုက်တာပါ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ တည်ဆောက် ရေးဟာ နုနယ်သိမ့်မွေ့တာမို့ ဂရုတစိုက် စိတ်ရှည်လက်ရှည် ပြုစု ပျိုးထောင်သွားဖို့ လိုတယ် ဆိုပြီးတော့လည်း ပြောခဲ့တာပါ။ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေဘက်ကတော့ ဒီလို ဒီမိုကရေစီရေးကို ရည်ညွှန်းတဲ့ တိုက်တွန်းမှုတွေဟာ လက်ခံစရာ ဖြစ်ပေမယ့်လို့ ဒီလိုပြောရုံနဲ့ မပြီးဘဲ လက်တွေ့လုပ်ဖို့ လိုနေသေးတယ်လို့ မြင်ကြပါတယ်။
“မိန့်ခွန်းမှာပါတဲ့ အယူအဆတွေ၊ ဒီမိုကရေစီရေးနဲ့ပတ်သက်ပြီးတော့ တိုင်းပြည်ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီးတော့ ပြောသွား တဲ့ဟာတွေက ကျနော်တို့အနေနဲ့တော့ ဒါ ဘာမှ ငြင်းစရာမရှိဘူး။ သို့သော်လည်း တကယ်တမ်းအားဖြင့် အဲဒါတွေကို လက်တွေ့ လုပ်ဆောင်ဖို့က ပိုပြီးအရေးကြီးတယ်လို့ ကျနော်တို့က ယူဆတယ်။ မြန်မာ့တပ်မတော်ဟာ တော်လှန်ရေးကာလ က စတင်ပြီး ပေါ်ပေါက်လာတာ။
“အဲဒီလို ပေါ်ပေါက်လာတဲ့ တပ်မတော်နဲ့ ပတ်သက်ပြီးတော့ တပ်မတော်ရဲ့ ဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ဟာ ပြည်သူအတွက်ပဲ ဖြစ်ရမယ်၊ တဦးတယောက် ပါတီ အဖွဲ့အစည်းတခုအတွက် မဖြစ်စေရဘူး၊ ပြီးတော့ တပ်မတော်ဟာ လွှတ်တော်ရဲ့ အောက်မှာပဲ ရှိရမယ်၊ လွှတ်တော်ပေါ် တပ်မတော်က လွှမ်းမိုးမှု မရှိစေရဘူးလို့ ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်းတွေ ပြောခဲ့တယ်။ ဒါတွေကိုလည်း ဒီနေ့ ကြေညာချက်မှာ လွှမ်းခြုံပြီးတော့ တင်ပြထားပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကလည်း တပ်မတော်အပေါ်မှာ ဘယ်တုန်းကမှ အာဃာတမရှိဘူး။ တပ်မတော်ကောင်း တရပ်ဖြစ်ဖို့ အမြဲတမ်းလိုလားတယ်။ တပ်မတော်အနေနဲ့ တိုင်းပြည်အတွက် တိုင်းပြည်ကို အကာအကွယ်ပြုဖို့ လိုအပ်တယ် ဆိုတာ၊ ဒီလို ပြောကြား ချက်တွေကိုလည်း လွှမ်းခြုံပြီးတော့ ကျနော်တို့ တင်ပြထားပါတယ်။
“အဲဒီလို တပ်မတော် စတင်ဖွဲ့စည်းကတည်းကိုက ဒီတပ်မတော် ဖွဲ့စည်းလာတာဟာ တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး ရတဲ့ ရလဒ် ပေါ်မှာ အဖြေပေါ်လာတာ။ ဒါကြောင့် ယနေ့ တပ်မတော်အနေနဲ့လည်း တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီးတော့ နိုင်ငံ့ကောင်းကျိုး ကို ဆောင်ရွက် သွားဖို့ လိုအပ်တယ်လို့ ကျနော်တို့ တင်ပြပါတယ်။”
ရန်ကုန်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီ ဌာနချုပ်ရုံးမှာ တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပ နေရာက ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောသွားတာ ဖြစ်ပါတယ်။
စစ်အစိုးရ အကြီးအကဲရဲ့ မိန့်ခွန်းထဲမှာတော့ ရှေ့နှစ်ထဲ အစိုးရက ကမကထလုပ် ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရည်ညွှန်း ပြောဆိုမှုတွေ အများအပြား ပါဝင်ခဲ့တာပါ။ ဒါပေမယ့်လို့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေ ပါဝင်နိုင်မယ့် အခြေအနေမျိုးမရှိ ဖြစ်နေ ရတဲ့ ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဝေဖန်စစ်ကြောတာတွေကလည်း ရှိနေတာပါ။
ရန်ကုန်မြို့မှာပဲ မနက်အစောပိုင်း တော်လှန်ရေးနေ့ မိတ်ဆုံစားပွဲ ကျင်းပခဲ့ကြတဲ့ ၀ါရင့် နိုင်ငံရေးသမားကြီးများအဖွဲ့က ဗိုလ်မင်းလွင်က ဆိုရင်လည်း အစိုးရရဲ့ ရွေးကောက်ပွဲတွေဟာ လက်ရှိရင်ဆိုင်နေရတဲ့ နိုင်ငံရေးပြဿနာတွေရဲ့ အဖြေ မဟုတ်ဘူးလို့ ဆိုပါတယ်။
“ယနေ့လို အမျိုးသားသွေးစည်းညီညွတ်ရေး လိုအပ်နေဆုံး အချိန်မျိုးမှာ ဘာပဲပြောပြော အမျိုးသား သွေးစည်းညီညွတ်ရေး အတွက် တွေ့ဆုံဆွေးနွေး အဖြေရှာပြီးတော့ အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရေးကိုသာ အန်ကယ်တို့ တစိုက်မတ်မတ်ပြောနေတာ ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီနည်းကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မဟုတ်ဘူး၊ ရေးဆွဲထားတဲ့ ပုံစံ လည်း သဘောမကျဘူး၊ နောက်တခုက ဆန္ဒခံယူပွဲကိုလည်း ဖြစ်သလို တက်သုတ်ရိုက်ပြီးတော့ ပြည်သူတွေကို လေ့လာခွင့် မပေးဘဲ လုပ်သွားတာ၊ ဒါ အန်ကယ် တို့အနေနဲ့ လက်မခံနိုင်ဘူးလို့ ကြေညာချက်ပါထုတ်ပြီးတော့ အတိအလင်း ပြောထားပြီး သားပါ။
“အဲဒီတော့ နောက်လာမယ့် ရွေးကောက်ပွဲကိုလည်း အန်ကယ်တို့ သဘောထားကတော့ ဇွတ်အတင်းကြီး လုပ်မယ်ဆိုရင် လည်း လုပ်လို့ တော့ ဖြစ်သွားမှာပေါ့၊ သို့သော်လည်းအန်ကယ်တို့ ယုံကြည်တာကတော့ ဒီလိုလုပ်ခြင်းအားဖြင့် တိုင်းပြည်မှာ ငြိမ်းချမ်းရေးလည်း မရနိုင် ဘူး၊ တည်ငြိမ်မှုလည်း မရနိုင်ဘူး၊ ဒီမိုကရေစီနိုင်ငံလည်း မဖြစ်နိုင်ဘူး၊ တိုင်းပြည်စီးပွား ဖွံ့ဖြိုး တိုးတက်မှုလည်း မဖြစ်နိုင်ဘူးလို့ အန်ကယ်တို့က ရိုးရိုးသားသား ယုံကြည်တာပါ။ ယုံကြည်တဲ့အလျောက်ပဲ အန်ကယ်တို့ ပြောနေတာပါ။ အန်ကယ်တို့က ဖျက်လိုဖျက်ဆီး ပြောနေတာ မဟုတ်ပါဘူး။”
ရန်ကုန်မြို့က ၀ါရင့်နိုင်ငံရေးသမားကြီးတဦးဖြစ်တဲ့ ဗိုလ်မင်းလွင် ပြောပြသွားတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ တော်လှန်ရေးနေ့ အခမ်းအနားတွေကို အသီးသီးကျင်းပကြတဲ့နေရာမှာ စစ်အစိုးရအနေနဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုကို ပြသဖို့အတွက် ဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ကိုလည်း ၀ါရင့် နိုင်ငံရေးသမားကြီး တွေနဲ့ အန်အယ်လ် ဒီပါတီ တို့က တိုက်တွန်းခဲ့ကြပါသေးတယ်။
Friday, March 27, 2009
မယား ငယ်ချွဲချွဲရုံနဲ့  ဒို့ တွေ မယုံ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
March
(468)
- တပ်မဟာ (၅) အောင်ပွဲသတင်း
- ဒေါ်စုကို မဲပေးလိုသူများ..မဲပေးနိုင်ပါပြီ
- တပ်မတော်နေ့ ညစာစာပွဲ လောက်ကောင်တွေ ၀င်နွဲနေတယ်
- 8888 people power စာစောင် ဧပြီ၂၀၀၉
- မျှော်လင့်ချက် က မှုန်တရေးရေး..
- တော်ဝင်နန်းတည်းခိုခန်း က ဗုံးကွဲမှုဓါတ်ပုံများ
- Bomb explosion in Yangon inn assessed to have kill...
- များလိုက်တဲ့စည်းကမ်းတွေ
- သူခိုးတွေပျော်ပြီး ခွေးဘုရားဖူးလည့်တော့မယ်
- မယက ဘောလုံးပွဲအတွက် ရွာသားများ ငွေကြေးထောက်ပံ့ပေးရ
- Mr Robertson ရဲ.အလောင်းရှာဖွေတွေ.ရှိ
- စင်ကာပူမှာ မြန်မာ လက်ဖက်များ ပိတ်ပြီ
- အဖားကောင်းသူ ငါနားတိုးလဟဲ့
- လူမ၀င်အောင်ဘဲ ကာတာပါ ခင်ဂျ
- အလွဲသုံးစားမှု ပုဒ်မ မြန်မာပြည်မှာ အစရှာမရဖူး
- မလုံခြုံသော ဘ၀များ..
- လူ့ ဘ၀နှင့် ဒဿနအမြင်များ(၄၈)
- နူပါတယ်ဆိုမှ သူခိုးက လာထောင်းနေပြန်ပြီ။
- ရွေကို မလို ။ ယူရေနီယမ်ကို လိုသည်။
- လူသတ်၊ ဓားပြတိုက်၊ စိန်ရွှေငွေ လုယက်နေတဲ့ စစ်ခေါင်း...
- ယဇန လ္ဘက်မှာ ဆိုးဆေးပါသည်ဟုဆိုပြီး စင်္ကာပူ အစိုးရတား...
- ဒီမိုကရေစီ ဥယျာဉ်မှူးကြီး
- မြန်မာ နယ်စပ် သံဆူးကြိုးကာမှု ဘင်္ဂလားဒေ့ရှ်က ဖြေရှင်...
- ရေပေါ်ဆီ လူတန်းစားတွေ..နဲ့ ကျူပ်တို့ မြန်မာပြည်..
- လာပါ အတူသွားစို့ 
- အာဏာပိုင်တို့ ရက်ရက်ရောရော လှူဒါန်းကြပြီ
- လမင်းတရာ ( ကြည်အောင်)
- စစ်ငနွားတွေက မြန်မာပြည်ကို တိုင်းတစ်ပါးသား လက်ထဲရေ...
- မြန်မာ ဘလော့ဂါ တစ်ဦးပြုစုသော "မြန်မာ-အင်္ဂလိပ်" အဘိ...
- ကန်ထုတ်ကြစို့ 
- UN Relieve report on Burma (MM) FYI
- အသွားမတော်ရင် တစ်လှမ်း..ဒီခေတ်ကြမ်းကြီးထဲ
- စာရေးဆရာ ကျော်ဝင်း စာဖတ် သူများသို့ ပြန်ကြားခြင်း
- နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဝိုင်းဝန်းကြို...
- တိုင်းထပ်ခွဲတယ်..
- နအဖ စစ်ခွေးလောက်ကောင်တွေ
- (၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနာ...
- Gmail Address ကိုသူများမသိရအောင် ဘယ်လိုလုပ်မလည်း
- အရေးကြီးဆုံးစိတ်ဓာတ်
- G Talk လုံခြုံရေး..
- မြန်မာ နဲ့ အာရှရဲ့ ရေအဆိပ်သင့်မှု
- သူတို့ မှဘဲ အသက်ရှိ...
- သန်းရွှေပုံတူ ပြပွဲ
- REAL VIRUS (Conficker)
- တရုတ်လဲ ချီးထုပ်ကို စိတ်ညစ်နေပြီ
- အောင်ပွဲသတင်း
- ကုန်ပါပြီဗျာ..
- စော်ကားချည့်ခံနေရတဲ့ မြန်မာ
- မြန်မာနိုင်ငံမှာတော့ အယ်ဒီဆင်ကို နေ့တိုင်းဂုဏ်ပြု...
- ရည်ရွယ်ချက်ရှိရှိ သာသနာတော် ညှိုးနွမ်းပျက်စီးစေတဲ့...
- တော်လှန်ရေး နေ့ အကြိုဗုံးပေါက် ကွဲမှုသည် ပြည်ပအဖွဲ ...
- ဗိုလ်မှူး(ဟောင်း)အောင်လင်းထွဋ် (စစ်ထောက်လှမ်းရေးနှ...
- ဗမာပြည် အတွင်းမှ မတူညီသော လူနေမှုအဆင့်အတန်း
- ကျေးဇူးတင်ပေးကြပါခင်ဗျာ
- (၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား
- Tracking to former ABSDF chairman Tun Aung Kyaw
- အင်္ဂလိပ်စာ ကြောက်စရာမလို
- Earth Hour (မတ် ၂၉ ၂၀၀၉ ည ၈း ၃၀ မှ ၉း၃၀ အထိ)
- မတန်မရာအသက် ၉၀ နေချင်ရသတဲ့ အဟိ
- ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီမှ ထုတ်ဝေသော မတ်လထု...
- အစိုးရမကောင်းလို့  အလောင်းမလှ အရပ်ကောင်းမှ အလောင်း...
- မိပြီ..ဒင်းတို့ လက်ချက်
- တွံတေး ကျူရှင်ဆရာ ဆန္ဒပြပြန်ပြီ
- မတ် ၂၇ ၂၀၀၉ သတင်းများ
- ဖက်ဆစ် တော်လှန်ရေးနေ့သာဖြစ်ဟု အန်အယ်ဒီ ပြောကြား
- မြန်မာပြည် လူ့အခွင့်အရေးချိုးဖောက်မှု ကုလ ရှုတ်ချ
- မယား ငယ်ချွဲချွဲရုံနဲ့  ဒို့ တွေ မယုံ
- သူဘဲ လူတတ်ကြီး
- မြို့ပြအပူမီး ဖိစီးနေတဲ့မြို့
- ဗိုလ်ချူပ်ဖွဲ့ခဲ့တာ ပြည်သူတပ်မတော် နွားတွေလက်ထက်ကျ...
- မီးမလာ ရေမလာ ဆိုးဆေး များတဲ့ မြန်မာ
- မုဒိန်းတပ်မတော်ကို အညှီ ပျောက်အောင်လျှော်စေချင်တယ်
- လူတစ်ယောက် သုံးသိန်းဘဲ တန်လား
- ခွေးတွေ ခွေးပါးဝနေတယ်
- သတ်မတော်နေ့ 
- အကောင်းဆုံး မြေသြဇာ အဖွဲ့ရဲ့ မတ်လတော်လှန်ရေး..
- ဆန္ဒတွေ ထုတ်ဖေါ်ကြစို့ 
- ဗိုလ်မိုးကြိုး အပြန် နောက်ကြောင်း လှန်လိုက်သည့် ဗု...
- သာသနာ့ဥသျှောင်(ဘင်္ဂလာဒေ့ရှ်)၏ ကျေညာချက်
- ဗိုလ်ချုပ်အောင်ဆန်း၏ပင်ကိုသဘာဝစရိုက်..
- အိုးဝေသံမြိုင်မြိုင် တဖန်ပြန်ကာနိုးထမဲ့ ဟစ်တိုင်
- မြောက်ဥက္ကလာပတွင် ဗုံးပေါက်ကွဲ
- ရဲဘော်သုံးကျိပ်ဝင်က တပ်မတော် ဦးဆောင်မှုကို မလိုလား...
- ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်
- ဧရာတီကို တရားစွဲဆိုလိုက်သည်ဟု UDP ဦးကျော်မြင့်ြေ...
- (၈၈) မျိုးဆက်ကျောင်းသားများက စစ်အစိုးရ၏ အခြေခံဥပဒေ...
- ၂၀၁၀ ရွေးကောက်ပွဲ အားလုံးလက်ခံနိုင်အောင် ကျင်းပဖို...
- စုစည်းကြပါ...
- ခလေးတောင်သိတယ်
- ကိုယ်ဟာကိုယ်တောင်မနိုင်ဘဲ သူများနိုင်ငံရေးလာပွဲစား...
- ဖိုးလပြည့်..ဘာညာဘာညာလုပ်ခံရတဲ့ ဝတ်မှုံရွှေရည်
- ဗိုလ်ချုပ်မူးကြီးသန်းရွှေ ရာထူးကျသွားပြီ
- မြန်မာ ကောင်လေးကိုသိကြပါသလား..သိသူရှိရင် ဖော်ထုတ်ေ...
- မြန်မာ သူခိုးတွေ သတ်တယ်တဲ့ဗျာ.( Yachtsman killed b...
- ကျောင်းသားအရေးတော်ပုံ ( ကိုဗဟိန်း ရေးသည်)
- UN Special Rapporteur on Human Rights in Burma (VO...
- Global Campaign for Free Political Prisoners (VOA ...
- မမေ့နိုင်တဲ့ မြန်မာ့အာဇာနည်များ..(ဗိုလ်အောင်ကျော်)
- မမေ့နိုင်တဲ့ မြန်မာ့အာဇာနည်များ..(ဆလိုင်း တင်မောင်...
- အဆိုတော် စိုင်းထီးဆိုင် ၁ နှစ်ပြည့် အလှူ
- ဗိုင်းရပ်စ် အသစ်
- ၂၀၀၉ မတ် ၂၄ , ၂၅ သတင်းများ
- နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး တောင်းဆု...
- Invitation Letter : Resistance Day of Burma - Wash...
- မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ NLD ခေါင်းဆောင်ပိုင...
- ရခိုင်အမျိုးသားသတင်းစာ၊အတွဲ-၃-အမှတ်-၃(၂၀၀၉)မတ်လ
- မစုစုနွေးကို လွှတ်ပေးပါ
- ကြားရသမျှ မြန်မာအကြောင်း အကောင်းသိပ်မရှိ
- မပျော်ကြပါနဲ့ မီးပေးဖို့မဟုတ်ပါ သန်းရွှေကို short ရ...
- ဖိအားပေးသည်ကို အလျှော့ပေးမည် မဟုတ်ဟု KNU ပြော
- စစ်အာဏာရှင်များမှ ကိုယ်တိုင်ဖြစ်စေ၊ ထိုင်းအစိုးရမှ...
- အိပ်ရာ ကမထ ကာလနာကျကောင်
- Freedom from fear,Aun San Suu Kyi, Free Burma
- Freedom Now DASSK
- Statement of 88 Generation Students (Exile)
- မတ် ၂၄ ၂၀၀၉ သတင်းများ
- ဒေါ်အောင်ဆန်းစုကြည် နှင့် ဘီလ်ရစ်ချဒ်ဆန် စကားဝိုင်း...
- နိုင်ငံရေးသမားကောင်း ဖြစ်မြောက်ရေး (ရေးသူ မောင်ဝံသ)
- ရုပ်ကြမ်းကြီးနဲ့ နွဲ့ နေသူ..
- အာဏာရှင် ၏ လုပ်ပိုင်ခွင့်မရှိဘဲ အတင်း အဓမ္မ တရားမ၀င...
- ပညာဒါန ပါဗျို့ 
- မြို့နယ်အင်ဂျင်နီယာမှူးက ငွေပေးသည့်နေရာများသာ မီးေ...
- တခါတည်းရိုက်သတ်ပြစ်ရမှာ
- စီးပွားရေး အကျပ်အတည်း လူသန်းပေါင်းများစွာ ထိခိုက်န...
- မြန်မာ ဘယဆေးနှစ်မျိုး ခဲဆိပ်ပါ၊ ဖို့ဒ်ဝိန်းကျန်းမာ...
- ဘူးသီးတောင်ထောင်မှ နိုင်ငံရေး အကျဉ်းသား လေဖြတ်
- ကုလသမဂ္ဂက အသံတွေ..
- ဗိုလ်မှူးအောင်လင်းထွဋ်၏ တော်လှန်ရေးနေ့ သ၀ဏ်လွှာ
-
▼
March
(468)
No comments:
Post a Comment