Friday, March 6, 2009

သခင်အားရ ကျွန်ပါးဝတွေ။

နာမည်ဆိုးဖြင့်ကြော်ကြားလာသော ဘူသီးတောင်ထောင်ပိုင်ကြီးနှင့် ထောင်ဝန်ထမ်းများ

ဘူးသီးတောင်ထောင်ထဲတွင် ဦး*သရိယ။ ကိုဌေးကြွယ်တို့အပါအ၀င် တောင်ကုတ်မြို့နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်။ အတွင်းရေးမှူး နှင့် ကိုဇော်နိုင်။ ကိုသန်းဌေးအပါအ၀င် အဖွဲ့ဝင်(၁၀)ဦးတို့ရှိကြောင်း NLD အဖွဲ့ဝင်(၄)ဦးမှအပ ကျန်နိုင်ငံရေးအကျဉ်းသားများအား တိုက်ပိတ် ထားကြောင်းနှင့် ၄င်းနိုင်ငံရေး အကျဉ်း သားများနှင့် ဆက်သွယ်ပြောကြားလျှင်လည်းကောင်း စားသောက်ဖွယ်ရာများအား ပေးကမ်း လျှင် လည်း ကောင်း ဆက်သွယ်ပြောကြားပေးကမ်းသည့် အကျဉ်းသားများအား ဒေါက်ခတ် တိုက်ပိတ်ခံ ရကြောင်း ပြောပြကြသည်၊

ကိုဌေးကြွယ်အပါအ၀င် ကျန်နိုင်ငံရေးအကျဉ်းသားများတို့သည် မိမိတို့ရှိခဲ့သည့် (၁၈)လအတွင်းတွင်ထောင်ဝင် စာတွေ့ခွင့်မပေး အခြား အကျဉ်းသားများနှင့် စကားပြောခွင့်မပေးကြောင်း ပါဆယ်ထုတ် ကိုသာ သွင်း ခွင့်ပေးထားကြောင်း ပါဆယ်ထုတ်များကိုလည်း သူတို့စစ်ဆေးသည် ဆိုပြီးဖွင့်ကာ တ၀က်ခန့် ကို ယူငင်ပြီးမှာ ပေးသွင်းကြောင်း ဆက်လက်ပြောပြသည်၊

တောင်ကုတ် အန်အယ်ဒီအဖွဲ့ဝင်များကိုယ်စီတွင် လက်မောင်း၌ ခမောက်နဲ့ NLD ဆိုပြီး မှင်ထိုးထားကြောင်းနှင့် အမျိုးသမီး တဦးလည်းပါဝင် ကြောင်း ပြောပြကြသည်၊

စစ်တွေသံဃာခေါင်းဆောင် ဦးအိသရိယအား အစိုးရထံတွင်အယူခံအသနားစာတင်လျှင် လွတ်ငြိမ်း ချမ်းသာခွင့်ပေးမည်ဟု ထောင်မှူးကြိး မှပြောကြားသော်လည်း ဦးအိသရိယ ကပြောကြားသည်မှာ မိမိ၌ မိန်းမရှိ တာလည်းမဟုတ်ဘူး သားသမီးရှိတာလဲ မဟုတ်ဘူး။ တယောက်တည်းဘဲ ပူပန်နေစရာမလိုဘူး။ လွတ်နေ့စေ့ တဲ့အခါ လွတ်မှာပေါ့ဟု ပြောကြားကာ အယူခံစာတင်သွင်းရန် လက်မခံခဲ့ကြောင်း ရဟန်းတော်မှပြောပြသည်၊

ဘူးသိးတောင်တွင် ထောင်ပိုင်ကြီး- ဦးစိန်ထွန်း။ ထောင်မှူးကြီးများ ဦးသိန်းရွေ။ ထောင်မှူး စိုင်းအောင်ကျော် တို့အုပ်ချုပ်နေပြီး။
တပ်ကြပ် ကျော်ဌေး။ ဒု-တပ်ကြပ် မောင်လှထွေး သိန်းမောင် တို့သည် ထောင်ဝင်စာလာတွေ့သူများထံမှ ငွေကြေးများ အဆမတန်တောင်းရမ်းသည့်အပြင် အကျဉ်းသား အလုပ်ဘုတ်တွင်လည်း ငွေမပေးနိုင် သည့် အ ကျဉ်းသားများအား အလွန်ရက်စက်ကြမ်းကြုတ်ကြောင်း အကျဉ်းသားများအား ရက်စက်စွာ ရိုက်နှက်ရာ တွင် "မင်း တို့ကို သတ်ပုတ်လို့ ငါတို့ဘာတခုမှမဖြစ်ဘူး။ ဘီဘီစီမက ဘာသတင်းဌာနမှ အော်အော် တိုင် ချင် နေရာမှာတိုင် ငါတို့မှာ အမွေးတပင်တောင်ကျွတ်မှာမဟုတ်ဘူး "လို့ ပြောကြား ကြိမ်းမောင်းကြောင်း ကို အကျဉ်းထောင်လွတ်မြောက်လာသော အမည်မဖေါ်လိုသည့် သံဃာတော်မှ ဆက်လက် ပြောပြ သည်၊

အဆိုပါအကျဉ်းသား(၂)ဦးတွင်တဦးမှာ ရဟန်းတော်တပါးဖြစ်သည်၊ ၄င်းရဟန်းတော်သည် ၂၀၀၇-ခု နိုဝင်္ဘာလ (၁၁)ရက်နေ့တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ မိမိနေရပ်သို့ မိခင်ထံအလည်သွားရာ (နစက)နယ်မြေ-၃ ၊တောင်ပြို(၀ဲ)ဘုန်းတော်ကြီးကျောင်းမှ နယ်မြေမှူး ဗိုလ်မှုးနေမျိုး အမိန့်ဖြင့် (နစက)တပ်ဖွဲ့ဝင်များဖမ်းဆီးခြင်းဖြစ်ပြီး။ (နစက)နယ်မြေ-၃ အဖွဲံ(၃)မှ ဘုန်းတော်ကြီးထံမှ သိက္ခှာပုဒ်မချဘဲအတင်းအဓမ္မ လူဝတ်လဲ ညှင်းပမ်း နှိပ်စက်ကာ မသင်္ကာမှု။ တခြားတိုင်းပြည်သို့ တရားမ၀င်ခိုးထွက်မှုဖြင့် ထောင်ဒါဏ် (၂)နှစ်ခွဲကို ၂၁-၁၁-၂၀၀၇ နေ့တွင် မောင်တောတရားရုံးတော်မှ ပြစ်ဒါဏ်ပေးခြင်းခံရခြင်းဖြစ်သည်။
ဘူးသီးတောင်အကျဉ်းထောင်တွင် (၁၆)လခန့်ပြစ်ဒါဏ်ခံရပြီးနောက် ၂၁-၀၂-၀၉ နေ့တွင် လွတ်ငြိမ်း ချမ်းသာ ခွင့်တွင် လွတ်မြောက် လာခြင်းဖြစ်သည်၊ ရခိုင်ပြည်နယ်။မြောက်ဦး။ဝသဲရပ်ကွက်မှ ဖြစ်သည်၊ အမည်ကိုမဖေါ်ပြရန် တားမြစ်သောကြောင့် နောက်တဦးမှာ ရခိုင်ပြည်နယ်။ ပလက်ဝမြို့နယ်။ ပလုတ် တောင်ကျေးရွာနေ မောင်မောင်သန်း(အဘ)ဦးသာမောင်ဖြစ်ပြီး တဘက်နိုင်ငံမှခိုးဝင်မှုဖြင့် ၂၀၀၇-ခု စက်တင်ဘာလ(၁၄)ရက်နေ့တွင် (နစက)နယ်မြေ-၃ မှ ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ၁၇-၁၀-၂၀၀၇ နေ့တွင် မောင်းတောတရားရုံးတော်မှ (လ၀က)မှုဖြင့် ထောင်ဒါဏ်(၂)နှစ်ခွဲချမှတ်ခံရသည်၊ ၂၁-၀၂-၀၉ နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်တွင် လွတ်မြောက်လာခြင်းဖြစ်သည်၊

ဘူးသီးတောင်ထောင်သည် အစားအသောက်အလွန်ဆိုးဝါးကာ ဆေးဝါးကုသမှုကိုလည်း လုံလောက် လောက်မရရှိကြောင်း နံနက်ပိုင်းတွင် ပဲဖြူတခွက် ထမင်းတခွက်။ ညနေချိန်တွင်တာလဘောဟင်းတခွက် ထမင်း တခွက် ကိုသာ ပေးကျွေးကြောင်း ၄င်းအကျဉ်းသား(၂)ဦးမှ ပြောပြသည်၊ ကိုဌေးကြွယ်မှာ ကျန်းမာ ရေးအခြေအနေတော့ အနည်းငယ်ကောင်းမွန်နေပြီး ကိုယ်ခန္ဂာကတော့ ပန်ချုံးလျှက်ရှိကာ အင်တာဗျူး သည့် ရဟန်းတော်မှာ ကိုဌေးကြွယ်နှင့်စကားသွားပြောမိ၍ ထောင်မှူးများမှ ပြင်းထန်စွာသတိပေးခံရပြီး။ အင်တာ ဗျူးခံသည့် မောင်မောင်သန်းမှာ တောင်ကုတ် အန်အယ်ဒီအတွင်းရေးမှူးအား ရေပူသွားပေး၍ ဒေါက်ခတ်(၁)လနှင့် တိုက်ပိတ်(၇)ရက်အပြစ်ပေးခံရကြောင်း သိရှိရပါသည်။
--
http://nldlaaus.blogspot.com
www.nldlaaus.org

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်