မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ မတ်လ 27 2009 16:00 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ ရန်ကုန်တိုင်း တွံတေးမြို့မှ တကိုယ်တော် ဆန္ဒပြသမား ကျူရှင်ဆရာ ဦးအောင်ဖေသည် ယနေ့နံနက်ပိုင်းက ဆန္ဒပြရာ အာဏာပိုင်များက ဖမ်းဆီး ခေါ်ဆောင်သွားသည်။
အသက် ၅၂ နှစ်အရွယ် ဦးအောင်ဖေသည် တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ယနေ့နံနက် ၆ နာရီခန့်မှ နေ့လယ် ၁၁ နာရီခွဲအထိ (၅ နာရီခွဲခန့်အကြာ) မတ်တပ်ရပ် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
“သူက ဘာမှ မလုပ်ဘူး။ သူ့စာ သူ ဖတ်နေတာ။ စည်းဝိုင်းတားပြီး မတ်တပ်ရပ်တယ်။ တမနက်လုံး ရဲတွေ မတွေ့ဘူး။ တွေ့တော့မှ ဓာတ်ပုံရိုက်ပြီး ခေါ်သွားတာပဲ။ ရိုးရိုးရဲတွေ၊ ရဲသတင်းတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်လူကြီး (ရယက) တွေ ပါတယ်” ဟု မျက်မြင်သက်သေတဦးက မဇ္ဈိမကို ပြောသည်။
ဆန္ဒပြစဉ်တလျှောက်လုံး မည်သည့် ကြွေးကြော်အော်ဟစ်မှုမျိုးမှ မရှိကြောင်း သိရသည်။ ယနေ့သည် ၆၄ နှစ်မြောက် တပ်မတော်နေ့ (ယခင်အခေါ် တော်လှန်ရေးနေ့) ဖြစ်ပြီး စစ်အစိုးရက နေပြည်တော်တွင် အခမ်းအနားပြုလုပ်နေခဲ့ကာ လူမြင်ကွင်းတွင် မိန့်ခွန်း ပြောဆိုလေ့နည်းပါးသော စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှုးကြိးသန်းရွှေက ဂုဏ်ပြုတပ်ဖွဲ့သို့ မိန်းခွန်းပြောကြားသွားခဲ့သည်။
ဦးအောင်ဖေသည် ယခင်နှစ်များကလည်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့သူဖြစ်သည်။
၂ဝဝ၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် တိုင်းပြည်၌ အမှန်တကယ် လွတ်လပ်ခြင်း မရှိကြောင်း ပြသသည့်အနေဖြင့် လက်ကို ပလပ်စတစ်ကြိုးနှင့် ချည်ကာ လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ၂ မိနစ်ခန့် အလေးပြုဆန္ဒပြခဲ့သည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ကျရောက်သည့် အမျိုးသားနေ့တွင် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ သွားရောက်နေစဉ် တွံတေးမြို့နယ် ရဲမှူးက မေးစရာရှိသည်ဟုဆိုကာ အချုပ်ခန်းတွင် တလကျော်ကြာ ထိန်းသိမ်းခံရသေးသည်။
ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေ့က ရှစ်လေးလုံးနေ့ အမှတ်တရ ပြုလုပ်ခြင်း၊ မေလအတွင်းက လူထုဆန္ဒခံယူပွဲကျင်းပရာ မဲရုံတွင် မဲလိမ်လည်မှုကို ကန့်ကွက်ခြင်း၊ အဖွဲ့ချုပ် လက်ကမ်းစာရွက်များကို NO အင်္ကျီဝတ်ကာ လိုက်လံဝေငှခြင်းတို့ကြောင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်ပျက်ပြားစေသည်ဟုဆိုကာ တွံတေးမြို့နယ်တရားရုံးက ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်ကာ သူ့ကို တနှစ် ခြေချုပ်ချထားခဲ့သည်။
၂ဝဝ၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း ၁ဝ တန်းကျောင်းသားများနှင့်အတူ လွတ်လပ်ရေး ကျောက်တိုင်တွင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အခမ်းအနား ပြုလုပ်ခဲ့သဖြင့် နောက်တရက်တွင်မူ သူ့ကို မြို့နယ်တရားရုံးက ပုဒ်မ ၂၃ - ကျူရှင်အက်ဥပဒေဖြင့် တရားစွဲကာ ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချခဲ့ရာ ၂ဝဝ၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြန်လွတ်လာသည်။
တွံတေးမြို့နယ်တွင် ယနေ့ ဆန္ဒပြမှုသည့် ယခုလအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်သည်။ နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်များကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းချုပ်က ပေးဝေထားသည့် နေအိမ်များကို ဒေသအာဏာပိုင်များက ဆွေမျိုးနီးစပ်များအတွက် ဦးစားပေး ဝေငှလိုက်သဖြင့် မကျေနပ်သည့် ရွာသား ၂ဝ ခန့်က တွံတေးမြို့ လေဘေး ပြန်လည်ထူထောင်ရေးရုံးရှေ့တွင် ယခုလ ၂ဝ ရက်နေ့က ဆန္ဒပြခဲ့သေးသည်။
Friday, March 27, 2009
တွံတေး ကျူရှင်ဆရာ ဆန္ဒပြပြန်ပြီ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
March
(468)
- တပ်မဟာ (၅) အောင်ပွဲသတင်း
- ဒေါ်စုကို မဲပေးလိုသူများ..မဲပေးနိုင်ပါပြီ
- တပ်မတော်နေ့ ညစာစာပွဲ လောက်ကောင်တွေ ၀င်နွဲနေတယ်
- 8888 people power စာစောင် ဧပြီ၂၀၀၉
- မျှော်လင့်ချက် က မှုန်တရေးရေး..
- တော်ဝင်နန်းတည်းခိုခန်း က ဗုံးကွဲမှုဓါတ်ပုံများ
- Bomb explosion in Yangon inn assessed to have kill...
- များလိုက်တဲ့စည်းကမ်းတွေ
- သူခိုးတွေပျော်ပြီး ခွေးဘုရားဖူးလည့်တော့မယ်
- မယက ဘောလုံးပွဲအတွက် ရွာသားများ ငွေကြေးထောက်ပံ့ပေးရ
- Mr Robertson ရဲ.အလောင်းရှာဖွေတွေ.ရှိ
- စင်ကာပူမှာ မြန်မာ လက်ဖက်များ ပိတ်ပြီ
- အဖားကောင်းသူ ငါနားတိုးလဟဲ့
- လူမ၀င်အောင်ဘဲ ကာတာပါ ခင်ဂျ
- အလွဲသုံးစားမှု ပုဒ်မ မြန်မာပြည်မှာ အစရှာမရဖူး
- မလုံခြုံသော ဘ၀များ..
- လူ့ ဘ၀နှင့် ဒဿနအမြင်များ(၄၈)
- နူပါတယ်ဆိုမှ သူခိုးက လာထောင်းနေပြန်ပြီ။
- ရွေကို မလို ။ ယူရေနီယမ်ကို လိုသည်။
- လူသတ်၊ ဓားပြတိုက်၊ စိန်ရွှေငွေ လုယက်နေတဲ့ စစ်ခေါင်း...
- ယဇန လ္ဘက်မှာ ဆိုးဆေးပါသည်ဟုဆိုပြီး စင်္ကာပူ အစိုးရတား...
- ဒီမိုကရေစီ ဥယျာဉ်မှူးကြီး
- မြန်မာ နယ်စပ် သံဆူးကြိုးကာမှု ဘင်္ဂလားဒေ့ရှ်က ဖြေရှင်...
- ရေပေါ်ဆီ လူတန်းစားတွေ..နဲ့ ကျူပ်တို့ မြန်မာပြည်..
- လာပါ အတူသွားစို့ 
- အာဏာပိုင်တို့ ရက်ရက်ရောရော လှူဒါန်းကြပြီ
- လမင်းတရာ ( ကြည်အောင်)
- စစ်ငနွားတွေက မြန်မာပြည်ကို တိုင်းတစ်ပါးသား လက်ထဲရေ...
- မြန်မာ ဘလော့ဂါ တစ်ဦးပြုစုသော "မြန်မာ-အင်္ဂလိပ်" အဘိ...
- ကန်ထုတ်ကြစို့ 
- UN Relieve report on Burma (MM) FYI
- အသွားမတော်ရင် တစ်လှမ်း..ဒီခေတ်ကြမ်းကြီးထဲ
- စာရေးဆရာ ကျော်ဝင်း စာဖတ် သူများသို့ ပြန်ကြားခြင်း
- နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဝိုင်းဝန်းကြို...
- တိုင်းထပ်ခွဲတယ်..
- နအဖ စစ်ခွေးလောက်ကောင်တွေ
- (၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနာ...
- Gmail Address ကိုသူများမသိရအောင် ဘယ်လိုလုပ်မလည်း
- အရေးကြီးဆုံးစိတ်ဓာတ်
- G Talk လုံခြုံရေး..
- မြန်မာ နဲ့ အာရှရဲ့ ရေအဆိပ်သင့်မှု
- သူတို့ မှဘဲ အသက်ရှိ...
- သန်းရွှေပုံတူ ပြပွဲ
- REAL VIRUS (Conficker)
- တရုတ်လဲ ချီးထုပ်ကို စိတ်ညစ်နေပြီ
- အောင်ပွဲသတင်း
- ကုန်ပါပြီဗျာ..
- စော်ကားချည့်ခံနေရတဲ့ မြန်မာ
- မြန်မာနိုင်ငံမှာတော့ အယ်ဒီဆင်ကို နေ့တိုင်းဂုဏ်ပြု...
- ရည်ရွယ်ချက်ရှိရှိ သာသနာတော် ညှိုးနွမ်းပျက်စီးစေတဲ့...
- တော်လှန်ရေး နေ့ အကြိုဗုံးပေါက် ကွဲမှုသည် ပြည်ပအဖွဲ ...
- ဗိုလ်မှူး(ဟောင်း)အောင်လင်းထွဋ် (စစ်ထောက်လှမ်းရေးနှ...
- ဗမာပြည် အတွင်းမှ မတူညီသော လူနေမှုအဆင့်အတန်း
- ကျေးဇူးတင်ပေးကြပါခင်ဗျာ
- (၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား
- Tracking to former ABSDF chairman Tun Aung Kyaw
- အင်္ဂလိပ်စာ ကြောက်စရာမလို
- Earth Hour (မတ် ၂၉ ၂၀၀၉ ည ၈း ၃၀ မှ ၉း၃၀ အထိ)
- မတန်မရာအသက် ၉၀ နေချင်ရသတဲ့ အဟိ
- ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီမှ ထုတ်ဝေသော မတ်လထု...
- အစိုးရမကောင်းလို့  အလောင်းမလှ အရပ်ကောင်းမှ အလောင်း...
- မိပြီ..ဒင်းတို့ လက်ချက်
- တွံတေး ကျူရှင်ဆရာ ဆန္ဒပြပြန်ပြီ
- မတ် ၂၇ ၂၀၀၉ သတင်းများ
- ဖက်ဆစ် တော်လှန်ရေးနေ့သာဖြစ်ဟု အန်အယ်ဒီ ပြောကြား
- မြန်မာပြည် လူ့အခွင့်အရေးချိုးဖောက်မှု ကုလ ရှုတ်ချ
- မယား ငယ်ချွဲချွဲရုံနဲ့  ဒို့ တွေ မယုံ
- သူဘဲ လူတတ်ကြီး
- မြို့ပြအပူမီး ဖိစီးနေတဲ့မြို့
- ဗိုလ်ချူပ်ဖွဲ့ခဲ့တာ ပြည်သူတပ်မတော် နွားတွေလက်ထက်ကျ...
- မီးမလာ ရေမလာ ဆိုးဆေး များတဲ့ မြန်မာ
- မုဒိန်းတပ်မတော်ကို အညှီ ပျောက်အောင်လျှော်စေချင်တယ်
- လူတစ်ယောက် သုံးသိန်းဘဲ တန်လား
- ခွေးတွေ ခွေးပါးဝနေတယ်
- သတ်မတော်နေ့ 
- အကောင်းဆုံး မြေသြဇာ အဖွဲ့ရဲ့ မတ်လတော်လှန်ရေး..
- ဆန္ဒတွေ ထုတ်ဖေါ်ကြစို့ 
- ဗိုလ်မိုးကြိုး အပြန် နောက်ကြောင်း လှန်လိုက်သည့် ဗု...
- သာသနာ့ဥသျှောင်(ဘင်္ဂလာဒေ့ရှ်)၏ ကျေညာချက်
- ဗိုလ်ချုပ်အောင်ဆန်း၏ပင်ကိုသဘာဝစရိုက်..
- အိုးဝေသံမြိုင်မြိုင် တဖန်ပြန်ကာနိုးထမဲ့ ဟစ်တိုင်
- မြောက်ဥက္ကလာပတွင် ဗုံးပေါက်ကွဲ
- ရဲဘော်သုံးကျိပ်ဝင်က တပ်မတော် ဦးဆောင်မှုကို မလိုလား...
- ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်
- ဧရာတီကို တရားစွဲဆိုလိုက်သည်ဟု UDP ဦးကျော်မြင့်ြေ...
- (၈၈) မျိုးဆက်ကျောင်းသားများက စစ်အစိုးရ၏ အခြေခံဥပဒေ...
- ၂၀၁၀ ရွေးကောက်ပွဲ အားလုံးလက်ခံနိုင်အောင် ကျင်းပဖို...
- စုစည်းကြပါ...
- ခလေးတောင်သိတယ်
- ကိုယ်ဟာကိုယ်တောင်မနိုင်ဘဲ သူများနိုင်ငံရေးလာပွဲစား...
- ဖိုးလပြည့်..ဘာညာဘာညာလုပ်ခံရတဲ့ ဝတ်မှုံရွှေရည်
- ဗိုလ်ချုပ်မူးကြီးသန်းရွှေ ရာထူးကျသွားပြီ
- မြန်မာ ကောင်လေးကိုသိကြပါသလား..သိသူရှိရင် ဖော်ထုတ်ေ...
- မြန်မာ သူခိုးတွေ သတ်တယ်တဲ့ဗျာ.( Yachtsman killed b...
- ကျောင်းသားအရေးတော်ပုံ ( ကိုဗဟိန်း ရေးသည်)
- UN Special Rapporteur on Human Rights in Burma (VO...
- Global Campaign for Free Political Prisoners (VOA ...
- မမေ့နိုင်တဲ့ မြန်မာ့အာဇာနည်များ..(ဗိုလ်အောင်ကျော်)
- မမေ့နိုင်တဲ့ မြန်မာ့အာဇာနည်များ..(ဆလိုင်း တင်မောင်...
- အဆိုတော် စိုင်းထီးဆိုင် ၁ နှစ်ပြည့် အလှူ
-
▼
March
(468)
No comments:
Post a Comment