ရန်ကုန်သားတာတေ၊ဧရာဝတီ
“အေးစေ … သက်သာ … ဘယ်ကြည့် … ညာကြည့် …”
နေပြည်တော် စစ်ရေးပြကွင်းကြီးထဲမှ ထွက်ပေါ်လာသော အသံများဖြစ်သည်။ ဤနေ့သည် မတ်လ ၂၇ ၇က်နေ့ ဖြစ်သောကြောင့် စစ်ရေးပြ အခမ်းအနား ကြည့်ရှုရန် နေပြည်တော်သို့ ဦးရုက္ခစိုး ရောက်ရှိနေခြင်းဖြစ်သည်။ စစ်ရေးပြ ကွင်းကြီးထဲတွင် လှံနှင့် ဓားများ ကိုင်ဆောင်ထားကြသော ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား စသည့် ဧရာမ ရုပ်တုကြီးများက မတ်မတ်ရပ်နေကြသည်။ အားပါးတရ ချီတက် စစ်ရေးပြနေသော ရာထောင်ချီသည့် စစ်သား၊ ရဲ၊ မီးသတ် နှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များလည်း ရှိသည်။ ၎င်းတို့ကို ကြည့်ပြီး ဦးရုက္ခစိုး စိတ်ဓာတ် တက်ကြွလာသည်။
ထိုသို့ စိတ်ကြွနေစဉ် ဦးရုက္ခစိုး အနီးသို့ ကွမ်း တမြုံ့မြုံ့ ဝါးပြီး မျက်မှောင်ကုပ်ထားသည့် တပ်မတော်သားတဦး ရောက်လာသည်။
ရုက္ခစိုး။ ။ ဟေ့ … ရဲဘော်၊ နေကောင်းရဲ့လား၊ မျက်နှာလည်း မကောင်းဘူး။ စစ်ရေးပြတဲ့ထဲ မပါရလို့ မှိုင်နေတာလား။
ရဲဘော်။ ။ ဒီနေ့ နှစ်လုံးထီ မပေါက်ဘူးဗျ။ ဒါကြောင့် မှိုင်နေတာ။
ရုက္ခစိုး။ ။ ဒီနေ့ ထီမပေါက်ဘူး ဆိုတော့ မနေ့ကရော ပေါက်လို့လား။
ရဲဘော်။ ။ ဟဲဟဲ … ဒီလိုပဲပေါ့ ဦးလေးရာ။ ဦးလေးဆီမှာ နံပါတ်လေး ဘာလေး ရှိရင် ပေးပါဦး။
ရုက္ခစိုး။ ။ ရှိပါဘူးကွာ။ မင်းက … ဘယ်လို ဝတ်ထားတာလဲ၊ ဒီနေ့ တပ်မတော်နေ့လေကွာ။ ဒီနေ့မှာ တပ်မတော်သား တယောက်က ယူနီဖောင်းအသစ် ဝတ်သင့်တာပေါ့။ ခုတော့ …
ရဲဘော်။ ။ (အဖာအထေးများဖြင့် ပြည့်နေသော သူ၏ အင်္ကျီ နှင့် ဘောင်းဘီကို ငုံ့ကြည့်လိုက်ပြီး) ဒါ … ကျနော့်ရဲ့ အသားနားဆုံး ယူနီဖောင်းဗျ။
ရုက္ခစိုး။ ။ ဘာလဲ … ယူနီဖောင်း အသစ်တွေက ထီထိုးဖို့ ရောင်းလိုက်ပြီပေါ့၊ ဟုတ်လား။
ရဲဘော်။ ။ ဘာယူနီဖောင်းအသစ်လဲ။ ကျနော်တို့မှာ ဘာမှ မရတာ ဘယ်လောက်ကြာပြီလဲ။
သူ့စကား မှားသွားသဖြင့် ဦးရုက္ခစိုးက ရဲဘော်လေးကို အားနာသွားသည်။ ထိုအခိုက် သူတို့အနားသို့ တပ်ကြပ် တဦး ရောက်လာသည်။ ရဲဘော်လေး၏ သူငယ်ချင်း ဖြစ်သည်။ တပ်ကြပ်၏ လက်ထဲတွင် ပုလင်းတလုံး၊ ခွက်တလုံး တွေ့ရသည်။
ရုက္ခစိုး။ ။ ဟာ … အာမီရမ် (Army Rum)တွေ ဘာတွေနဲ့ပါလားကွ။
ရဲဘော်။ ။ ဘာ အာမီရမ်လဲ၊ အာမီရမ်ကို ရာဇဝင်ထဲမှာ ထားခဲ့ပါ ဦးလေးရာ။ ဒီကောင် သောက်နေတာ ထန်းရည်တွေဗျ။ ကျနော်တို့ အာမီထဲမှာ အာမီရမ် မရတာ ကြာလှပြီ။
ရုက္ခစိုး။ ။ ဟာ … ဘယ်လိုဖြစ်တာလဲ မင်းတို့ဟာက။ ယူနီဖောင်းလည်းမရ၊ အာမီရမ်ဆိုရင်လည်း ရှားပါးပစ္စည်း ဖြစ်နေပြီ ဆိုတော့မင်းတို့တပ်ထဲမှာ ပေါတာ ဘာရှိသေးလဲ။
တပ်ကြပ်။ ။ (ထန်းရည်ကို တကျိုက် သောက်လိုက်ပြီး) တပ်ထဲမှာ ပေါတာကတော့ အမိန့်တွေပေါ့ဗျာ။
ရဲဘော်။ ။ အမိန့်အကြောင်းတော့ ဒီကောင် ပိုသိတယ်။ ဒီကောင် ရှေ့တန်း သွားနေတုန်း နောက်တန်းက သူ့မိန်းမအတွက်တောင် အထက်က အမိန့် ရောက်လာတယ်၊ လုပ်အားပေး တဲ့။
ရဲဘော်လေးက ကိုင်ထားသည့် ကြွပ်ကြွပ်အိတ် အတွင်းသို့ ကွမ်းကို ပစ်ခနဲ ပစ်ခနဲ ထွေးထည့်လိုက်သည်။ ထို့နောက် အိတ်ထဲမှ ကွမ်းယာ တရာကို ယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။
ရုက္ခစိုး။ ။ မင်းတို့နှစ်ယောက်က သူငယ်ချင်း ဆိုပေမယ့် ရာထူးမတူကြပါလား။ မင်းက ရှေ့တန်းမှာ ရွပ်ရွပ်ချွံချွံ စစ်တိုက်ခဲ့လို့ လက်မောင်းမှာ အရစ်တွေ ရသွားတာ ထင်တယ်။
တပ်ကြပ်။ ။ ဟီးဟီး … ဟုတ်ပါဘူးဗျာ။ တရစ်က ရှေ့တန်းမှာ မုဒိမ်းကျင့်လို့ ရခဲ့တာ။ နောက်တရစ်က ဘုန်းကြီး အရေးအခင်းတုန်းက ကျနော် “ရပ်ပစ်ရှစ်ပါး” လုပ်လိုက်လို့ ခေါင်းရိုက်ခွဲလိုက်လို့ ရတာလေ။ တပည့်တော် … အဲ … ကျနော်တို့က ဘုန်းကြီးတွေကို မရိုက်ချင် မပစ်ချင်ပါဘူး။ ပစ်ဆိုတော့လည်း ပစ်ရတာပေါ့။ အမိန့်က အမိန့်ပဲလေဗျာ။ နောက်တရစ်က ကျောင်းသားတွေကို ပစ်တုန်းက ရတာ။
ရုက္ခစိုး။ ။ အေး … မင်းတို့လိုကောင်တွေပဲ ရဲဘော်မသေ သေသော် ငရဲသွားပေါ့ကွာ။ ဒါကြောင့် မင်းတို့တပ်က ပြည်သူနဲ့ ဝေးပြီး ပြည်သူ့ချဉ်ဖတ်တပ် ဖြစ်နေတာကွ။
တပ်ကြပ်။ ။ မဝေးပါဘူးဗျာ။ ဒီကောင့်မိန်းမဆိုရင် လူထုနဲ့ နေ့စဉ်နေ့တိုင်း အရမ်း အရမ်းကို ရင်းရင်းနှီးနှီး ထိတွေ့ခွင့် ရနေတာ။
ရဲဘော်။ ။ ဟိတ်ကောင် … ငါ့လစာ တခုတည်းနဲ့မှ မစားလောက်လို့ သူ့ခမျာ ဖာဘဝ ရောက်ရတာပါကွာ။
ရုက္ခစိုး။ ။ ဟိုက် … ဗိုလ်ချုပ်အောင်ဆန်းပြောတာ မှန်လိုက်လေ။ ငါတို့နိုင်ငံလည်း အခုတော့ ဖာနိုင်ငံကြီး ဖြစ်နေပါပေါ့လား။ ကဲ … ကဲ … စကားကောင်းနေလိုက်ကြတာ တပ်ချုပ်ကြီး မိန့်ခွန်း ပြောတော့မယ်ဟေ့ နားထောင်ရအောင်။
စစ်ရေးပြကွင်းကြီးအတွင်းရှိ အလေးပြုခံသည့် စင်မြင့်ပေါ်တွင် တပ်ချုပ်ကြီးက စကားပြောရန် ပြင်ဆင်နေသည်။ မိုက်ကရိုဖုန်းကို လက်ဖြင့် သုံးလေးချက် လှမ်းတောက်လိုက်သည်။ ထို့နောက် မျက်မှန်ကို လက်ဖြင့် တချက် ပင့်တင်ကာ “အဟမ်း အဟမ်း” ဟု ချောင်းဟန့်ပြီး အသံစမ်းလိုက်ပြန်သည်။ ထိုသို့ စမ်းသပ်မှုများ ပြုလုပ်ပြီးသကာလ တပ်ချုပ်ကြီး၏ တပ်မတော်နေ့ မိန့်ခွန်း စတင်လေသည်။
“ရဲဘော်တို့ … … ဒီနေ့ ဒီအချိန်မှာ ငါတို့ဟာ ခေတ်မီ ဖွံ့ဖြိုး တိုးတက်တဲ့ ဖာနိုင်ငံကြီးကို တည်ဆောက်နေတာ ဖြစ်တယ် … …”
တပ်ချုပ်ကြီး၏ မိန့်ခွန်းအစပိုင်းမှာပင် ဦးရုက္ခစိုး၊ ရဲဘော်လေး၊ တပ်ကြပ်တို့ မျက်လုံး ပြူးသွားကြသည်။
တပ်ချုပ်ကြီး၏ မလှမ်းမကမ်းတွင် ရှိနေကြသော ဗိုလ်ချုပ်မောင်အေး၊ ဗိုလ်ချုပ်ရွှေပန်း၊ ဗိုလ်ချုပ်မြင့်ဆွေတို့က ခေါင်းဆောင်ကြီးများပီပီ အိနြေ္ဒ ဆည်ထားကြသော်လည်း အံကို တင်းတင်း ကြိတ်ထားလိုက်ကြသည်။
ဗိုလ်ချုပ်ရွှေပန်းက “ဒီဘဲနာကြီး ဘာတွေပြောနေပါလိမ့်။ င့ါကိုလည်း တပ်မတော် ကြည်းရေလေညှိနှိုင်းရေးမှူး ဆိုတဲ့ ရာထူးနဲ့ ချွေးသိပ်ထားတယ်။ ဒီရာထူးက မတက်တော့ဘူး။ ငါ့မိန်းမလည်း ဒီဘဲနာကြီးအိမ်မှာ ကြမ်းတိုက် အဝတ်လျှော်လုပ်ရတာ မောနေပြီ။ ဒီငနဲကြီးက တပ်ချုပ်ကြီး နေရာမှာ မရှိသင့်ဘူး။ တကယ်တော့ သူ့နေရာ ငါ ရသင့်နေပြီ။ ဒီမိန့်ခွန်းဟာ ငါပြောရမယ့် မိန့်ခွန်း” စသဖြင့် စိတ်ထဲမှ တကိုယ်တည်း ပြောဆိုနေသည်။
စင်ပေါ်တွင် တပ်ချုပ်ကြီးက မိန့်ခွန်း ဆက်လက် ချွေနေသည်။
“ရဲဘော်တို့ … ငါတို့တပ်မတော်ဟာ ပြည်သူလူထုရဲ့ ချစ်ခင်၊ လေးစား၊ ကြည်ညို၊ ကိုးကွယ်မှုကို ဘယ်ခေတ်ကနဲ့မှ မတူအောင် ရနေပါပြီ … …” ဟု တပ်ချုပ်ကြီးက ပြောသည်။ ပြောရင်းနှင့် အင်္ကျီ လက်မောင်း နှစ်ဘက်ကို ပင့်တင်လိုက်သည်။ (နေပူထဲတွင် တန်းစီနေသော ရဲဘော်များထံမှ လှောင်ပြောင်သံများကို စတင် ကြားနေရသည်။)
ရုက္ခစိုး။ ။ သူပြောနေတာတွေ မှန်ရဲ့လားကွ။
ရဲဘော်။ ။ (ကွမ်းတံတွေးကို ပစ်ခနဲ ထွေးလိုက်ရင်း) ပေါက်ကရတွေပါဗျာ။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဗိုလ်ချုပ်နေဝင်း ခေတ်ကဆိုရင် ဖြစ်နိုင်သေးတယ်။ အဲဒီတုန်းကတော့ တပ်မတော်သားဆိုရင် ပြည်သူတွေက ပန်းကုံးစွပ်ပြီး ကြိုဆိုခဲ့ကြတာဗျ။
တပ်ကြပ်။ ။ အေး … ခုတော့ ပြည်သူတွေက တို့ကို ချေးထုပ် (ချီးထုပ်)နဲ့ ပေါက်ချင်နေကြတာ။
တပ်ချုပ်ကြီးက လက်နှစ်ဘက်ကို ဘေးသို့ ဆန့်ကားလိုက်ပြီး “ရဲဘော်တို့ … ခေတ်မီတဲ့၊ ကြီးမားတဲ့ အဆောက်အဦးကြီးတွေ၊ တံတားကြီးတွေ၊ ဆည်ကြီးတွေဟာ နိုင်ငံတဝန်းလုံးမှာ တွေ့နေရပြီ … …” ဟု ပြောပြန်သည်။
ရဲဘော်။ ။ ဆောက်စရာ တခု ကျန်သေးတယ်။ တွင်းတူးပြီး သူတို့ကိုယ်သူတို့ မြှုပ်ရမှာ။
စစ်ရေးပြ စစ်ကြောင်းများတွင် ရှိသော စစ်သည် ရဲဘော်များလည်း သိသိသာသာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး တယောက်နှင့် တယောက် ကြည့်ကာ ဝေခွဲမရ ဖြစ်နေကြသည်။
တပ်ကြပ်။ ။ အဆောက်အဦးကြီးတွေကတော့ ဆောက်တယ်ဗျ။ အရာရှိကြီးတွေက အိမ် တလုံးပြီးတလုံး ဆောက်နေတာကို ပြောတာ ဖြစ်မယ်။
ရုက္ခစိုး။ ။ အေး … နန်းတော်ကြီးတွေ ဆောက်နေတယ်လို့ ကြားတာပဲ၊ ပထမ ရန်ကုန်မှာ ဆောက်တယ်၊ နောက်တော့ နေပြည်တော်မှာ အကြီးအကျယ် ဆောက်တယ်၊ အဲဒီကမှ မေမြို့မှာ ထပ်ဆောက်တယ်။ အခုနောက်ဆုံး မန္တလေး နန်းတွင်းထဲမှာ ဆောက်မယ်လို့ ဆိုတယ်။
ရဲဘော်။ ။ နန်းတွင်းထဲမှာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရှိတယ်လေ။ တပ်တွေက ဘယ်မှာ သွားနေရမှာလဲ။
တပ်ကြပ်။ ။ မန္တလေးတောင်ခြေက ဇရပ်တွေမှာ သွားနေပေါ့ကွာ။
ထိုအချိန်တွင် တပ်ချုပ်ကြီးက လက်သီး လက်မောင်း တန်းပြီး မိန့်ခွန်း အဆက်မပြတ် ပြောလျက်ပင် ရှိသေးသည်။
“ရဲဘော်တို့ … ငါတို့ တပ်မတော်ဟာ အနာဂတ် နိုင်ငံတော် အနာ ဂတ် … ဂတ် … ဂတ် … ဂတ် … ”
မိန့်ခွန်းက တဂတ်ဂတ်နှင့် ရပ်သွားသည်။ တပ်ချုပ်ကြီး ပါးစပ်မှ အမြှုပ်များ ထွက်လာသည်။ စကားပြောစင်မြင့်ပေါ်မှ ခုံကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ မျက်လုံးနှစ်ဘက်လည်း ပြူးထွက်နေသည်။
မလှမ်းမကမ်းတွင် ရှိသော တပ်မတော်ခေါင်းဆောင်များထဲမှ ဗိုလ်ချုပ်ရွှေပန်းက ဦးစွာ မတ်တပ်ရပ်လိုက်ပြီး တပ်ချုပ်ကြီးဆီသို့ ပြေးသွားကာ မိုက်ကရိုဖုန်းကို လုယူရန် ကြိုးစားလိုက်သည်။
ဗိုလ်ချုပ်မောင်အေးက ရှောင်လင် တရုတ်သိုင်းကားထဲတွင် တွေ့ရတတ်သော လေကဲ့သို့ လျှင်မြန်ခြင်းမျိုးဖြင့် နောက်မှ ပြေးလိုက်ကာ ဗိုလ်ချုပ်ရွှေပန်း၏ အင်္ကျီကော်လာကို လှမ်းဆွဲပြီး ဘေးသို့ တွန်းထုတ်လိုက်သည်။ “ငါအရင်ဦးတာကွ၊ ဘာရမလဲ…” ဟု ဆိုသည်။ ထို့နောက် မိုက်ကရိုဖုန်းကို ကိုင်ကာ အောင်မြင်သည့် လေသံကြီးဖြင့် ပြောဆိုလိုက်လေသည်။
“ရဲဘော်တို့ … အခုအချိန်က စတင်ပြီး အခြေအနေဟာ တမျိုးတဖုံ ပြောင်းလဲသွားပြီ ဖြစ်ပါတယ်”
သို့သော် ဗိုလ်ချုပ်မောင်အေးသည်လည်း စကားဆုံးအောင် မပြောလိုက်နိုင်ပေ။ ဗိုလ်ချုပ်မြင့်ဆွေ ထလာပြီး ဝါယာကြိုးကို လှမ်းဆွဲလိုက်သဖြင့် မိုက်ကရိုဖုန်းက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ “ငါ့ဦးလေး တပ်ချုပ်ကြီးကို မထိနဲ့ကွ” ဟု အော်ပြောလိုက်သည်။
ဗိုလ်ချုပ်သိန်းစိန်က စင်ပေါ်သို့ ပြေးတက်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ဘေးတွင် ရှိနေသော ရှစ်လုံးထိုး ဗိုလ်ချုပ်တင်အောင်မြင့်ဦးက ခြေထိုးလိုက်သဖြင့် ဗိုလ်ချုပ်သိန်းစိန် ဒလိမ့်ခေါက်ကွေး လဲကျသွားကာ သူ၏ pace maker ခေါ် နှလုံးခုန်စက် ပြုတ်ကျသွားပြီး အသက်ရှူ ရပ်သွားသည်။
စကားပြောစင်ပေါ်တွင် ရုန်းရင်းဆန်ခတ် ဖြစ်နေသော ဗိုလ်ချုပ်များဖြင့် ရှုပ်ထွေးနေသည်။ အချင်းချင်း ဆဲသံ အော်သံများလည်း မိုက်ကရိုဖုန်းမှတဆင့် ဆူညံစွာ ထွက်ပေါ်လာသည်။
“ငါ … … သား ”
“မအေ … … ”
“ခွေး … …” (မိမိ အဆင်ပြေသလို ဖြည့်စွက် ဖတ်ရှုကြပါရန်)
“တပ်ထိန်းခေါ်ဟေ့ … ၊ တပ်ထိန်းခေါ်ဟေ့ …” ဟု အရာရှိတယောက်က လှမ်းအော်လိုက်သည်။
ဦးရုက္ခစိုးနှင့် စကားပြောနေသော ရဲဘော်လေးက လက်ထဲတွင် ရှိသော ကွမ်းတံတွေးထုပ်ကို စင်ပေါ်သို့ ပစ် ပေါက်လိုက်သည်။ ထို့နောက် တပ်ကြပ်၏ လက်ထဲမှ ထန်းရည်ပုလင်းကို ခပ်သွက်သွက် လှမ်းဆွဲယူကာ စင်ပေါ်သို့ လှမ်းပစ်လိုက်ပြန်သည်။ တပ်ကြပ်ကလည်း ၎င်း၏ လက်ထဲတွင် ကျန်ရှိသော ထန်းရည်ခွက်ကို ရုန်းရင်း ဆန်ခတ် ဖြစ်နေသော စင်ပေါ်သို့ ဝှီးခနဲ လှမ်းပစ်လိုက်သည်။ ခွက်က တပ်ချုပ်ကြီး၏ နဖူးကို ထိမှန်သွားရာ တပ်ချုပ်ကြီးမှာ တွန့်လိမ်ပြီး လဲကျသွားသည်။
စစ်ရေးပြ ရဲဘော်များကလည်း စစ်ဖိနပ်များကို ချွတ်ပြီး ဗိုလ်ချုပ်များ ရှိရာသို့ လှမ်း၍ တခဲနက်၊ တပျော်တပါး ပစ်ပေါက်ကြ တော့သည်။ “ဘီလူးတွေကို တောထုတ်ကြဟေ့ … ၊ ဘုန်းကြီးတွေကို သတ်တဲ့ ဗာလနံ လူမိုက်တွေကို မောင်းထုတ်ကြဟေ့ …” ဟု အော်ဟစ်ကြသည်။
ဤသို့ဖြင့် နေပြည်တော်တွင် ကျင်းပသော တပ်မတော်နေ့ အခမ်းအနားမှာ ရုန်းရင်းဆန်ခတ်ဖြင့် ပြီးဆုံးသွားလေသတည်း။ ။
Thursday, March 26, 2009
ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
March
(468)
- တပ်မဟာ (၅) အောင်ပွဲသတင်း
- ဒေါ်စုကို မဲပေးလိုသူများ..မဲပေးနိုင်ပါပြီ
- တပ်မတော်နေ့ ညစာစာပွဲ လောက်ကောင်တွေ ၀င်နွဲနေတယ်
- 8888 people power စာစောင် ဧပြီ၂၀၀၉
- မျှော်လင့်ချက် က မှုန်တရေးရေး..
- တော်ဝင်နန်းတည်းခိုခန်း က ဗုံးကွဲမှုဓါတ်ပုံများ
- Bomb explosion in Yangon inn assessed to have kill...
- များလိုက်တဲ့စည်းကမ်းတွေ
- သူခိုးတွေပျော်ပြီး ခွေးဘုရားဖူးလည့်တော့မယ်
- မယက ဘောလုံးပွဲအတွက် ရွာသားများ ငွေကြေးထောက်ပံ့ပေးရ
- Mr Robertson ရဲ.အလောင်းရှာဖွေတွေ.ရှိ
- စင်ကာပူမှာ မြန်မာ လက်ဖက်များ ပိတ်ပြီ
- အဖားကောင်းသူ ငါနားတိုးလဟဲ့
- လူမ၀င်အောင်ဘဲ ကာတာပါ ခင်ဂျ
- အလွဲသုံးစားမှု ပုဒ်မ မြန်မာပြည်မှာ အစရှာမရဖူး
- မလုံခြုံသော ဘ၀များ..
- လူ့ ဘ၀နှင့် ဒဿနအမြင်များ(၄၈)
- နူပါတယ်ဆိုမှ သူခိုးက လာထောင်းနေပြန်ပြီ။
- ရွေကို မလို ။ ယူရေနီယမ်ကို လိုသည်။
- လူသတ်၊ ဓားပြတိုက်၊ စိန်ရွှေငွေ လုယက်နေတဲ့ စစ်ခေါင်း...
- ယဇန လ္ဘက်မှာ ဆိုးဆေးပါသည်ဟုဆိုပြီး စင်္ကာပူ အစိုးရတား...
- ဒီမိုကရေစီ ဥယျာဉ်မှူးကြီး
- မြန်မာ နယ်စပ် သံဆူးကြိုးကာမှု ဘင်္ဂလားဒေ့ရှ်က ဖြေရှင်...
- ရေပေါ်ဆီ လူတန်းစားတွေ..နဲ့ ကျူပ်တို့ မြန်မာပြည်..
- လာပါ အတူသွားစို့ 
- အာဏာပိုင်တို့ ရက်ရက်ရောရော လှူဒါန်းကြပြီ
- လမင်းတရာ ( ကြည်အောင်)
- စစ်ငနွားတွေက မြန်မာပြည်ကို တိုင်းတစ်ပါးသား လက်ထဲရေ...
- မြန်မာ ဘလော့ဂါ တစ်ဦးပြုစုသော "မြန်မာ-အင်္ဂလိပ်" အဘိ...
- ကန်ထုတ်ကြစို့ 
- UN Relieve report on Burma (MM) FYI
- အသွားမတော်ရင် တစ်လှမ်း..ဒီခေတ်ကြမ်းကြီးထဲ
- စာရေးဆရာ ကျော်ဝင်း စာဖတ် သူများသို့ ပြန်ကြားခြင်း
- နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဝိုင်းဝန်းကြို...
- တိုင်းထပ်ခွဲတယ်..
- နအဖ စစ်ခွေးလောက်ကောင်တွေ
- (၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနာ...
- Gmail Address ကိုသူများမသိရအောင် ဘယ်လိုလုပ်မလည်း
- အရေးကြီးဆုံးစိတ်ဓာတ်
- G Talk လုံခြုံရေး..
- မြန်မာ နဲ့ အာရှရဲ့ ရေအဆိပ်သင့်မှု
- သူတို့ မှဘဲ အသက်ရှိ...
- သန်းရွှေပုံတူ ပြပွဲ
- REAL VIRUS (Conficker)
- တရုတ်လဲ ချီးထုပ်ကို စိတ်ညစ်နေပြီ
- အောင်ပွဲသတင်း
- ကုန်ပါပြီဗျာ..
- စော်ကားချည့်ခံနေရတဲ့ မြန်မာ
- မြန်မာနိုင်ငံမှာတော့ အယ်ဒီဆင်ကို နေ့တိုင်းဂုဏ်ပြု...
- ရည်ရွယ်ချက်ရှိရှိ သာသနာတော် ညှိုးနွမ်းပျက်စီးစေတဲ့...
- တော်လှန်ရေး နေ့ အကြိုဗုံးပေါက် ကွဲမှုသည် ပြည်ပအဖွဲ ...
- ဗိုလ်မှူး(ဟောင်း)အောင်လင်းထွဋ် (စစ်ထောက်လှမ်းရေးနှ...
- ဗမာပြည် အတွင်းမှ မတူညီသော လူနေမှုအဆင့်အတန်း
- ကျေးဇူးတင်ပေးကြပါခင်ဗျာ
- (၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား
- Tracking to former ABSDF chairman Tun Aung Kyaw
- အင်္ဂလိပ်စာ ကြောက်စရာမလို
- Earth Hour (မတ် ၂၉ ၂၀၀၉ ည ၈း ၃၀ မှ ၉း၃၀ အထိ)
- မတန်မရာအသက် ၉၀ နေချင်ရသတဲ့ အဟိ
- ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီမှ ထုတ်ဝေသော မတ်လထု...
- အစိုးရမကောင်းလို့  အလောင်းမလှ အရပ်ကောင်းမှ အလောင်း...
- မိပြီ..ဒင်းတို့ လက်ချက်
- တွံတေး ကျူရှင်ဆရာ ဆန္ဒပြပြန်ပြီ
- မတ် ၂၇ ၂၀၀၉ သတင်းများ
- ဖက်ဆစ် တော်လှန်ရေးနေ့သာဖြစ်ဟု အန်အယ်ဒီ ပြောကြား
- မြန်မာပြည် လူ့အခွင့်အရေးချိုးဖောက်မှု ကုလ ရှုတ်ချ
- မယား ငယ်ချွဲချွဲရုံနဲ့  ဒို့ တွေ မယုံ
- သူဘဲ လူတတ်ကြီး
- မြို့ပြအပူမီး ဖိစီးနေတဲ့မြို့
- ဗိုလ်ချူပ်ဖွဲ့ခဲ့တာ ပြည်သူတပ်မတော် နွားတွေလက်ထက်ကျ...
- မီးမလာ ရေမလာ ဆိုးဆေး များတဲ့ မြန်မာ
- မုဒိန်းတပ်မတော်ကို အညှီ ပျောက်အောင်လျှော်စေချင်တယ်
- လူတစ်ယောက် သုံးသိန်းဘဲ တန်လား
- ခွေးတွေ ခွေးပါးဝနေတယ်
- သတ်မတော်နေ့ 
- အကောင်းဆုံး မြေသြဇာ အဖွဲ့ရဲ့ မတ်လတော်လှန်ရေး..
- ဆန္ဒတွေ ထုတ်ဖေါ်ကြစို့ 
- ဗိုလ်မိုးကြိုး အပြန် နောက်ကြောင်း လှန်လိုက်သည့် ဗု...
- သာသနာ့ဥသျှောင်(ဘင်္ဂလာဒေ့ရှ်)၏ ကျေညာချက်
- ဗိုလ်ချုပ်အောင်ဆန်း၏ပင်ကိုသဘာဝစရိုက်..
- အိုးဝေသံမြိုင်မြိုင် တဖန်ပြန်ကာနိုးထမဲ့ ဟစ်တိုင်
- မြောက်ဥက္ကလာပတွင် ဗုံးပေါက်ကွဲ
- ရဲဘော်သုံးကျိပ်ဝင်က တပ်မတော် ဦးဆောင်မှုကို မလိုလား...
- ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်
- ဧရာတီကို တရားစွဲဆိုလိုက်သည်ဟု UDP ဦးကျော်မြင့်ြေ...
- (၈၈) မျိုးဆက်ကျောင်းသားများက စစ်အစိုးရ၏ အခြေခံဥပဒေ...
- ၂၀၁၀ ရွေးကောက်ပွဲ အားလုံးလက်ခံနိုင်အောင် ကျင်းပဖို...
- စုစည်းကြပါ...
- ခလေးတောင်သိတယ်
- ကိုယ်ဟာကိုယ်တောင်မနိုင်ဘဲ သူများနိုင်ငံရေးလာပွဲစား...
- ဖိုးလပြည့်..ဘာညာဘာညာလုပ်ခံရတဲ့ ဝတ်မှုံရွှေရည်
- ဗိုလ်ချုပ်မူးကြီးသန်းရွှေ ရာထူးကျသွားပြီ
- မြန်မာ ကောင်လေးကိုသိကြပါသလား..သိသူရှိရင် ဖော်ထုတ်ေ...
- မြန်မာ သူခိုးတွေ သတ်တယ်တဲ့ဗျာ.( Yachtsman killed b...
- ကျောင်းသားအရေးတော်ပုံ ( ကိုဗဟိန်း ရေးသည်)
- UN Special Rapporteur on Human Rights in Burma (VO...
- Global Campaign for Free Political Prisoners (VOA ...
- မမေ့နိုင်တဲ့ မြန်မာ့အာဇာနည်များ..(ဗိုလ်အောင်ကျော်)
- မမေ့နိုင်တဲ့ မြန်မာ့အာဇာနည်များ..(ဆလိုင်း တင်မောင်...
- အဆိုတော် စိုင်းထီးဆိုင် ၁ နှစ်ပြည့် အလှူ
- ဗိုင်းရပ်စ် အသစ်
- ၂၀၀၉ မတ် ၂၄ , ၂၅ သတင်းများ
- နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး တောင်းဆု...
- Invitation Letter : Resistance Day of Burma - Wash...
- မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ NLD ခေါင်းဆောင်ပိုင...
- ရခိုင်အမျိုးသားသတင်းစာ၊အတွဲ-၃-အမှတ်-၃(၂၀၀၉)မတ်လ
- မစုစုနွေးကို လွှတ်ပေးပါ
- ကြားရသမျှ မြန်မာအကြောင်း အကောင်းသိပ်မရှိ
- မပျော်ကြပါနဲ့ မီးပေးဖို့မဟုတ်ပါ သန်းရွှေကို short ရ...
- ဖိအားပေးသည်ကို အလျှော့ပေးမည် မဟုတ်ဟု KNU ပြော
- စစ်အာဏာရှင်များမှ ကိုယ်တိုင်ဖြစ်စေ၊ ထိုင်းအစိုးရမှ...
- အိပ်ရာ ကမထ ကာလနာကျကောင်
- Freedom from fear,Aun San Suu Kyi, Free Burma
- Freedom Now DASSK
- Statement of 88 Generation Students (Exile)
- မတ် ၂၄ ၂၀၀၉ သတင်းများ
- ဒေါ်အောင်ဆန်းစုကြည် နှင့် ဘီလ်ရစ်ချဒ်ဆန် စကားဝိုင်း...
- နိုင်ငံရေးသမားကောင်း ဖြစ်မြောက်ရေး (ရေးသူ မောင်ဝံသ)
- ရုပ်ကြမ်းကြီးနဲ့ နွဲ့ နေသူ..
- အာဏာရှင် ၏ လုပ်ပိုင်ခွင့်မရှိဘဲ အတင်း အဓမ္မ တရားမ၀င...
- ပညာဒါန ပါဗျို့ 
- မြို့နယ်အင်ဂျင်နီယာမှူးက ငွေပေးသည့်နေရာများသာ မီးေ...
- တခါတည်းရိုက်သတ်ပြစ်ရမှာ
- စီးပွားရေး အကျပ်အတည်း လူသန်းပေါင်းများစွာ ထိခိုက်န...
- မြန်မာ ဘယဆေးနှစ်မျိုး ခဲဆိပ်ပါ၊ ဖို့ဒ်ဝိန်းကျန်းမာ...
- ဘူးသီးတောင်ထောင်မှ နိုင်ငံရေး အကျဉ်းသား လေဖြတ်
- ကုလသမဂ္ဂက အသံတွေ..
- ဗိုလ်မှူးအောင်လင်းထွဋ်၏ တော်လှန်ရေးနေ့ သ၀ဏ်လွှာ
-
▼
March
(468)
No comments:
Post a Comment