Thursday, March 26, 2009

စုစည်းကြပါ...

ခေတ်အဆက်ဆက် ဒီအသံတွေပဲ ကြားနေရတယ်။ဘယ်သူက နိင်ငံရေးကို ခုတုန်းလုပ်ပြီး အမြတ်ထုတ်သွားပြီ
ဘယ်ဝါတွေကတော့ အဝေမတဲ့လို့ ကွဲကြပြဲကြ ပြန်ပြီ။ဒါတွေပဲ ကြားနေခဲ့ရတယ်။နောက်လည်းကြားနေရအုံးမှပဲ။

ဒါတွေနဲ့နေ့ရက်တွေ ကုန်ပြီး ၂၀၁၀ကို ရောက်လာတော့မယ်။ ရန်သူက စစ်ကျေညာ ပြီးလို့ စစ်ကို ပြင်ဆင်နေပြီ
ငါတို့လူတွေက စာရွက်တွေ ထုတ်ကောင်းတုန်း ။အေးလေ လက်နက်ဝယ်တာ ထက်စာရင် စာရွက်ဝယ်တာက
ကိုယ့်အတွက် ပိုကျန်တာကိုးဗျ။ကိုယ့်အချင်းချင်းပဲ အစိုးရအောင် လုပ်ကြအုံး အဝေးရောက်မင်းတို့ရေ။

ကျွန်တော့်သူငယ်ချင်းပြောသလိုဆို သူတို့တွေကွာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ထဲက
စစ်တပ်ထဲ ကိုယ့်လူယုံတွေ ထည့်ထားရင်တောင် သန်းရွှေ အခုလောက်ဆို သေနတ်စာမိပြီး အရိုးဆွေးနေလောက်ပြီတဲ့
မင်းစဉ်းစားကြည့်လေ သူတို့ကို တကယ်ဖြိုရမှာမှ အယောက်၃၀ ပေါ့ကွာ ငါတို့ဘက်က ထောင်ချီပြီး အကျိုးမဲ့ သေနေရတယ်တဲ့။
ကလေးတွေး တွေးပေမယ့် စာရွက်တွေ ထုတ်တာထက်တော့ ပိုလက်တွေ့ ကျတာ အမှန်ပဲ။

အခုကျန်တော်တို့ ပိုလက်တွေ့ကြတာတွေ လုပ်ကြရမယ်။မလိုက်လာတဲ့သူတွေကို ထားပစ်ခဲ့ကြတော့။
အခြေခံ ကျကျတွေးမယ်၊ဒီစစ်သားဆိုးတွေ နဲ့ကျွန်တော်တို့ ကြားက အနိင်အရှုံးကို ဆုံးဖြတ်တာ လက်နက်ရယ်
ဦးဆောင်မယ့် ခေါင်းဆောင်ရယ် ပဲ။ငါတို့ဘက်မှာလက်နက် ရှိနေဘို့ လိုတယ် ။ဘယ်လိုရှာမလဲ ဘယ်လိုအသုံးချ မလဲ
ထပ်ပြောမယ်။ခေါင်းဆောင်မရှိရင် ငါတို့ကိုယ်တိုင် ခေါင်းဆောင်ဖြစ်အောင် လုပ်ရမယ်။

ဒီအချိန်က အချိန်ကောင်းပါ ။အသုံးချတတ်ဘို့ပဲလိုတယ်.တနိင်ငံလုံး ကိုယ့်ဘက်ကို ချက်ချင်းပါလာမယ့် အချိန်ပါပဲ။
အကြိမ်ကြိမ်လည်း ပြည်သူတွေ ပါပေးခဲ့ပါတယ်။ရေရှည် အစီအစဉ်ရယ် ကျောထောက်နောက်ခံရယ်
အချိန်မှီမရှာထားနိင်ခဲ့လို့ ပြည်သူတွေ စတေးခဲ့ရတယ်။ပြည်သူတွေ ရင်ထဲမှာ ဒီစစ်အုပ်စုအပေါ်
အငြိုးအတေးနဲ့ အာဃာတ တွေအဆုံးစွန် ရောက်နေတဲ့ အချိန်ပဲ။

ကျွန်တော်ကတော့ တရားတာ မတရားတာ မကြည့်နိင်ဘူး နိင်ငံနဲ့ လူမျိုးမျက်နာပဲ ကြည့်မယ်.
ဒီကောင်တွေကို ရအောင်တိုက်ရမယ်။ဒီမို ကရေစီ ဘက်တော်သားများအားလုံး မိမိကိုယ်ကို တာဝန်ယူပေးကြပါ။
ကျွန်တော်တို့ အင်အားစုတွေ စုစည်းမယ်။ဘယ်လိုစုစည်းမယ်ဆိုတာ မကြာခင်ထပ်ပြောပါ့မယ်။
သတင်းဌာနတွေ အနေနဲ့ လုပ်ကြရမှာတွေ ရှိတယ်။ဒီမိုကရေစီ အင်အားစုတွေကို နီးစပ်ရာ စုကြပါ။

စုစည်းထားတဲ့ အင်အားစုတွေ ကို တစုတစည်းထဲ ဖြစ်အောင် ချိတ်ဆက် ဘို့အတွက် ထပ်ပြောပါ့မယ်။
နောက်အရေးတကြီး သတင်းတွေ ဖော်ပြရင် နာမည်နဲ့ နေရပ်လိပ်စာကို မဖော်ပြကြပါနဲ့
နောက်ထပ် ကျွန်တော်တို့ ဘက်တော်သားတွေ တယောက်မှထောင်ထဲ အ၀င်မခံနိင်ဘူး။
အားကျအတုယူဖွယ် နိင်ငံခေါင်းဆောင်တွေ အကြောင်းမကြာခဏ ဖော်ပြပေးကြပါ။

ပြည်တွင်းက အဖွဲ့အစည်းတွေ ကလည်း စာကပ်တာတွေ မလုပ်စေချင်ဘူး ။ခြေရာခံပြီး အင်အားစုတွေ
လျော့ကျသွားမှာ မလိုလားဘူး။သတိရှိပါ ။အနီးအနားကို စုစည်းပါ။
ကျွန်တော်တို့ ဘက်မှာလဲ အတတ်ပညာရှင်တွေ များစွာရှိပါတယ်။သူတို့လည်း စုစည်းရမယ်။

တာဝန်ခွဲဝေ ယူကြရမယ်.ကိုယ့်တာဝန် ကိုယ်ကျေကြရမယ်။ဘယ်သူမှ စိတ်ဓါတ်မကျကျပါနဲ့ ဒီတခါနောက်ဆုံးတိုက်ပွဲ
ဖြစ်အောင် လုပ်ကြရမယ်။အင်အားစုတွေ အားလုံး ကိုယ်နေတဲ့ ရပ်ကွက်ထဲမှာ ဒီမိုကရေစီ ဘက်တော်သားတွေထပ်စုကြပါ ။

ကိုယ်နေတဲ့ပါတ်ဝန်းကျင်မှာ အင်အားစုတွေ စုစည်းဘို့အတွက် တာဝန်ယူပါ။ပင်မ အရင်းအမြစ်ကို ချက်ချင်းမဖြိုနိင်သေးရင်တောင်
အခုလောလောဆယ် ကိုယ့်အနီးနားက ကြံ့ဖွံ့တွေ စွမ်းအားရှင်တွေ ကို သေသေသပ်သပ် ဖြိုကြပါ။
ကိုယ့်ရပ်ကွက်ကလူ တွေ စုစည်းအောင်ကြိုးစားကြပါ ။ပြီးရင် တခြားရပ်ကွက်က လူတွေနဲ့ချိတ်ဆက်ပါ။

တာဝန်ကြီးမှာစိုးလို့ ရပ်ကွက်လို့ ပဲ သုံးနှုန်းပါတယ်။အဓိကကတော့ ကိုယ်နေတဲ့ပါတ်ဝန်းကျင် ကို စုစည်းထားပါ။
မကြာခင်မှာ အားလုံးစုစည်းလို့ရမယ့် အုတ်ရောရော ကျောက်ရောရောကို စီစစ်မယ့် ဗဟိုတခု ကိုပြောပါ့မယ်။

စိတ်ဓါတ်တွေ ခိုင်မာအောင်ထားပါ ။မိမိကိုယ်ကို တာဝန်ယူကြပါ။လက်ရှိပြည်သူတွေ အတွက် အနာဂါတ် ပြည်သူတွေ အတွက် နိင်အောင်တိုက်ရမယ်။ပြိုင်တူတွန်းကြပါစို့..။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်