Friday, March 27, 2009

ခွေးတွေ ခွေးပါးဝနေတယ်

ပြည်သူများကို အင်တာနက်သုံးစွဲ ခွင့်မပေး ပြင်ဆင်ရန် ဟု အကြောင်းပြပြီး ၎င်း တို့ ကမူ စိတ်တိုင်းကျသုံးစွဲ နေ၍ အများစု က ထိုကိစ္စသည် အုံကြွမှုတစ် ခုဆီသို့ တွန်းပို့ နိုင်သည် ဟုခန့်မှန်း
March 27, 2009

Freedom News Group
၂ရ မတ် ရန်ကုန်၊ ၊ ဟိန်းခိုင်ထွန်း

စစ်အစိုးရ ချုပ်ကိုင်ထားသော မြန်မာတယ်လီပို့ မှ မတ်လ ၂၁ ရက်နေ့ ကတည်းက ဖိုင်ဘာရေ
အောက်ဆက်ကြောင်း ပြုပြင်ရန် ရှိသည် ဟု အကြောင်းပြကာ ၂၅ ရက်နေ့ ထိ အင်တာနက် ဆက်သွယ် မှုလိုင်းများဖြတ်တောက်ထားပြီး ၂၅ ရက် နေ့ တွင် ထပ်မံထုတ်ပြန်သောကြေငြာချက်ဖြင့် ဧပြီလ ၁ ရက် နေ့ ထိဟု

ထပ်မံတိုးမြှင့်ခဲ့သည်။

မတ်လ ၂၁ ရက် နေ့ မှစ၍ အများပြည်သူများ မှာ အင်တာနက်စာ မျက်နှာ များကို ကြည့်ရှုခွင့်မရရှိသော်လည်း ဌာနဆိုင်ရာရုံးများ မြန်မာအင်ဖို တက် အာဏာပိုင်တို့ ၏ မိသားစု အိမ်များတွင် အင်တာနက်ဆက် သွယ်မှု နှုန်းများမှာ နှေးကွေးမှုမရှိပဲ ပုံမှန်အတိုင်း သုံးစွဲ နိုင်ကြသည် ဟုသိရသည်။

ယမန်နေ့  က ပြည်လမ်းရှိ Air Bagan ရုံးတွင် လေယာဉ်လက် မှတ် သွားဝယ်သည့် သူတစ်ဦးက Air Bagan ၀န်ထမ်းအချို့ မှာ အင်တာနက် ၀ဘ်ဆိုတ်တစ်ခု ဖြစ်သည့် Face Book ကိုပင်သုံးစွဲနေကြောင်းတွေ့ ရှိရသည်ဟု ပြောသည်။

ထို့ ပြင် ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှုးချုပ် အောင်သိန်းလင်း အိမ်နှင့်
အာဏာပိုင် တချို့ နေအိမ် များတွင် ကြည့်ရှု၍ ရကြောင်းထို အသိုင်းအ၀ိုင်း နှင့် နီးစပ်သူ များကFreedom News Group သို့ ပြောသည်။

အင်တာနက် စာမျက်နှာများ ကြည့်ရှု၍ မရသောကြောင့် မြန်မာ စာနယ်ဇင်းများ အင်တာနက် ကဖီးများနှင့် ကုမ္ပဏီ နှင့် စီးပွားရေးလုပ်ငန်းများ အခက်အခဲ ဖြစ်ရသည့် ပြင် အင်တာနက် အွန်လိုင်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းသား များမှာလည်း ဒုက္ခရောက် ကြရသည်။

“ကျွန်မ တို့ က အင်တာနက် ဆိုင် ဖွင့်တာ မကြာသေးဘူး အခု အင်တာနက် သုံးလို့ မရတော့ဘူး
အင်တာနက် တောင်သုံးခွင့် မပေးတော့ ဘူးကြားနေရ တော့ဘယ် လို လူလုပ်လို့ ရတော့ မလဲ”ဟုတောင်ဥက္ကလာ တွင် အင်တာနက် ဆိုင် ဖွင့်ထားသူ တစ်ဦးက ပြောသည်။

“တိုဖယ် ဖြေဆို ရန်ရှိသည့် လူငယ် တစ်ဦး ကလည်း ကျွန်တော်တို့  ကအွန် လိုင်းကနေ ပိုက်ဆံ
သွင်းပြီး အွန်လိုင်းက နေပဲ ဖြေရမှာ အခု ဘာမှာလုပ်လို့ မရတော့ဘူး”ဟု မြန်မာပြည်၏ အင်တာ
နက် ဆက်သွယ်ရေး စနစ် နှင့် နှင့် ပတ်သက် ၍ ပြောသည်။

ရန်ကုန် နှင့် မန္တလေး ရှိလူ ငယ် အချို့ ကမူ အင်တာနက် ကွန်နက်ရှင် ကို စစ်အစိုးရမှ တမင် ဖြတ်
တောက်ထားမှုကြောင့် အမျက်ဒေါသ ထွက်နေကြသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်