Wednesday, March 25, 2009

UN Special Rapporteur on Human Rights in Burma (VOA Burmese)


မြန်မာနိုင်ငံအတွင်းမှာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေးလ် ကင်တာနား(Tomas Ojea Quintana) က မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ မတ်လ ၁၈ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ (Switzerland) ဂျနီဗာ (Geneva) မြို့  ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ နဲ့ ပတ်သက်လို့ အစီရင်ခံစာ တင်သွင်းရင်း မစ္စတာ ကင်တားနား အခုလို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
In a report to be presented to the U.N. Human Rights Council in Geneva, UN special rapporteur on human rights in Burma Tomas Ojea Quintana urged the military junta to release all political prisoners.

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်