Tuesday, March 31, 2009

များလိုက်တဲ့စည်းကမ်းတွေ

စင်မြင့်ဖျော်ဖြေပွဲ များတွင် အဆိုတော်များတစ်ပုဒ်ပြီး တစ်ပုဒ်ဆက်တိုက် ဆိုရမည်
ဒီလိုမူးရူးနေမှဘဲ မနားတမ်းဆိုနိုင်မှာ


Freedom news group

စင်မြင့်ဖျော်ဖြေပွဲ များတွင် သီဆိုဖျော်ဖြေမည့် အဆိုတော်များ အနေဖြင့် များလွန်းလှသည့် ဆောင်ရန် ရှောင်ရန် များ အနက်မှ နောက်ဆုံးတစ်ခုကို စစ်အစိုးရကိုယ် စား မြန်မာနိုင်ငံဂီတ
အစည်းအရုံးက ထုတ်ပြန်လိုက်သည်။

ထပ်မံထုတ်ပြန်သည့် စည်းမျဉ်းသစ် မှာ အဆိုတော်များစင်ပေါ်တွင် သီဆိုနေစဉ် အချိန်အတွင်း

သီချင်းသီဆို မှုမစတင်မှီ သို့ မဟုတ် သီချင်းတစ်ပုဒ်နှင့် တစ်ပုဒ်ကြား နားနေသောကာလ အပိုင်းအခြားတွင် မိမိသီဆိုဖျော်ဖြေမည့် သီချင်းကို မိတ်ဆက်သည် မှ လွဲ၍ ရှေးဟောင်းနှောင်းဖြစ် များနှင့်ရောက်တတ်ရာရာ များကို လျှောက်မပြောရ ဟူသည့်စည်းမျဉ်းသစ်ကိုထုတ်ပြန်လိုက် သည်။

တစ်ချို့ အနုပညာရှင် များသည် စင်ပေါ်တွင် သီဆိုဖျော်ဖြေရင်း ပရိတ်သတ် နှင့် အပြန်အလှန် စ
ကားဖလှယ်မှုများကြောင့် ပိုမို၍ ပွဲစည်ကားမှုများရှိသော်လည်း တခါတရံ တွင် မလိုလားအပ်သည့်အကြောင်းအရာများ ပါလာ၍ ထိုသို့ စီမံရခြင်းဖြစ်ကြောင်း ဂီတအစည်းအရုံးမှ ၀န်ထမ်းတစ်ဦးကFreedom News Group သို့ ပြောသည်။

မကြာသေးခင်ကပင် ရက်(ပ)အဆိုတော် ရသ က သူ့ သီချင်းအကြောင်းပရိသတ် ကို အနည်းငယ် ရှင်းပြရာပွဲခင်းတွင် ရှိသော ရဲလုံခြုံရေးများက ရန်မူသည် အထိဖြစ်သေးသည်ဟုဆိုသည်။

ယခုကဲ့ သို့ စစ်အစိုးရ ၏ ဥပဒေ သစ်ကြောင့် စင်မြင့်ဖျော်ဖြေပွဲ များတွင်ပွဲ တောင်းခံရသော နာမည်ကျော်အဆိုတော် တစ်ယောက် က “စိတ်ညစ်တာပဲဗျာ ..ကျွန်တော် ကအသက်ကြီးပြီဆို တော့ တစ်ပုဒ်ပြီး တစ်ပုဒ် ဆက်တိုက် မဆို နိုင်ဘူး ကြားထဲမှာ ခွန်းထောက် ကလေး နားနားပြီးပြောရတယ်”ဟု စည်းမျဉ်းသစ်အပေါ် မကျေမနပ် ညည်းတွားခဲ့သည်။

ယခင် စည်းမျဉ်းသစ်ကို မထုတ်ပြန်ခင် က ဂီတ အစည်းအရုံးမ၀င် ထားသူများကို စင်မြင့်ဖျော်
ဖြေပွဲ အတွက် ကြော်ငြာဘီဘုဒ် များတွင် နာမည် ထည့်သွင်းခွင့်မပြုခြင်း၊ဖျော်ဖြေပွဲ များတွင်
သီဆိုမည့် သီချင်း နာမည် နှင့် ပုဒ်ရေတို့ ကို ဂီတအစည်းအရုံးတွင်တင်ပြထားသည့် အတိုင်းသာ
သီဆိုခွင့်ပြုခြင်း နှင့် ခွင့်ပြုထားခြင်းမရှိသော သီချင်းများကို သီဆိုဖျော်ဖြေခြင်းမပြုရ စသည်တို့ 
ကိုအခါအားလျှော်စွာ ထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်