Tuesday, March 3, 2009

မြန်မာမဟုတ်တဲ့ သန်ရွှေအကြောင်း ပေါ်ပြီ


သန်းရွှေ DNA ကို စစ်လျင် ထိုင်း လူမျိုးဖြစ်ကြောင်းတွေ့ လိမ့်မည်။


ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မြန်မာလူမျိုးမဟုတ်ကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီးဘက်မှဆွေမျိုးနီးစပ်တော်သူတစ်ဦးမှ ဖော်ထုတ်လိုက်သည်။ သန်းရွှေ ရဲ့ ထိုင်းငယ်နာမည်မှာ ခွိုင်ဒန် ( ကျွဲကြီး) ဖြစ်ကြောင်း သန်းရွှေ မိဘများမှာ ထိုင်းရာမနတ်ကို ကိုးကွယ်သူများဖြစ်ကြောင်း သူတို့ ငယ်စဉ်ကနစ်စဉ် ပူဇော်ပသမှုများပြုလုပ်လေ့ရှိကြောင်း။ ရာမနတ်ကွန်းကို မန္တလေးမြို့ တွင် ယနေတိုင်တွေ့ရှိနိင်သေးကြောင်း။

အဆိုပါပုဂ္ဂိုလ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ထံမှ အကူအညီလုံးဝမယူဘဲ ယနေ့ထက်တိုင်သက်ရှိထင်ရှားနေထိုင်လျက်ရှိသော

(အမည်မဖော်လိုသူ) အသက်အရွယ်ကြီးရင့်ပြီ ဖြစ်သောအမျိုးသားတစ်ဦးဖြစ်သည်။ 'လူတွေကပြောတယ်၊ သူ့ခေတ်သူ့အခါပဲ သူ့(သန်းရွှေ)ဆီ အကူအညီတောင်းလိုက်လို့တိုက်တွန်းကြတယ်။ အေးအေးပဲနေချင်တယ်။ သူတို့နဲ့မပတ်သတ်ချင်ဘူး'ဟုကိုယ့်အားကိုယ်ကိုး ရပ်တည်နေသော အဘမှပြောပြသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြောင်းနှင့်ပတ်သတ်၍သိရှိသမျှကိုပြန်လည်ပြောပြရာ'မွန်ပြည်နယ်မှဖြစ်ကြောင်း၊သန်းရွှေမှာ ထိုနယ်ရှိထိုင်းသုံ့ပန်းများမှပေါက်ဖွားလာသောထိုင်းအနွယ်ဖြစ်ကြောင်း၊ထိုသုံ့ပန်းများသည်မြန်မာမင်းများယိုးဒယားကို
တိုက်ခိုက်စဉ်ကဖမ်းဆီးလာသောသူများဖြစ်ကြောင်း၊အဆိုပါဒေသတွင်ထိုင်းသုံ့ပန်းတို့သည်ခက်ခဲပင်ပန်းစွာအသက်မွေးရကြောင်း၊
အချို့မှာလယ်ကျွန်နှင့်ပြည့်တန်ဆာများအဖြစ်လုပ်ကိုင်ကြကြောင်း၊ယနေ့တိုင်ထိုထိုင်းအနွယ်တို့ကိုတွေ့နိုင်သေးကြောင်း။

လူပျိုပေါက်အရွယ်တွင်သန်းရွှေသည် မြန်မာနိုင်ငံအလယ်ပိုင်းရှိကျောက်ဆည်နယ်သို့မိဘများဇာတိကိုဖျောက်၍ လာရောက်အလုပ်လုပ်ကိုင်သူဖြစ်ကြောင်း၊မြန်မာလူမျိုးမိသားစုတစ်စုကလက်ခံကာကျွေးမွေးခဲ့ကြောင်း၊ထိုမိသားစုကို ယနေ့တိုင် သန်းရွှေမှစောင့်ရှောက်ထားကြောင်းနှင့်¤င်းမိသားစုဝင်များသည် ယခုခရိုင် အုပ်ချုပ်ရေးမှူးထက်ပင်သြဇာအာဏာရှိကြောင်း၊ ဗိုလ်သင်တန်းတတ်ရန်အရွေးချယ်မခံရမီအထိ မိတ္ထီလာစာတိုက်တွင် ရုံးစာရေးလုပ်ခဲ့ကြောင်း၊ဗိုလ်သင်တန်းတတ်ရန်အတွက် အသက်ကြီးလွန်းနေသဖြင့် အသက်ကိုလိမ်ကာ(၁၉၃ဝ)တွင်မွေးသည်ဟု၎၊၅နှစ်ခန့်လိမ်လည်ခဲ့ကြောင်း၊မွေးနှစ်အမှန်ကိုမည်သူမျှမသိကြောင်း၊ စစ်ဗိုလ်ဘဝတွင်သန်းရွှေဦးဆောင်သောတိုက်ပွဲများအမြဲလိုရှုံးကြောင်း၊ ဒီအချက်ကလည်း ထိုင်းဇာတိကို ပြနေခြင်း ဖြစ်ကြောင်း။

ထိုစဉ်အခါကစစ်တပ်တွင်တိုက်ပွဲရှုံးပါကပြင်းပြင်းထန်ထန်အရေးယူသောစနစ်မရှိသေးဘဲတိုက်ပွဲမအောင်သောတပ်ကို ကားစီစဉ်မပေးဘဲလမ်းလျှောက်ပြန်စေခြင်းကဲ့သို့ပြစ်ဒဏ်များကိုသာပေးလေ့ရှိကြောင်း၊သန်းရွှေဦးစီးသောတပ်မှာ မကြာခဏလမ်းလျှောက်ပြန်လာရသောတပ်ဖြစ်ကြောင်း'တို့ကို ပြောပြသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရာထူးတိုးလာပုံနှင့်ပတ်သတ်၍'နေဝင်းအာဏာသိမ်းပြီးနောက်တွင်သန်းရွှေကိုစစ်မတိုက်ခိုင်းတော့ဘဲ မင်္ဂလာဒုံတွင်ဖွင့်လှစ်ထားသော ဆိုရှယ်လစ်စနစ်ကိုသင်ကြားပေးရသည့်ဗဟိုနိုင်ငံရေးတက္ကသိုလ်တွင် ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်ထားကြောင်း၊ နောက်ပိုင်းတွင် နေဝင်းကစောမောင်အား ကာကွယ်ရေး ဦးစီးချုပ်ခန့်ရာ စစ်အတွေ့အêကံနုသောသူကိုရှာဖွေ၍ စောမောင်နှင့်တွဲဖက်ပေးပါက အမိန့်နာခံမည်ဟုထင်ကာ လူရှာရာ သန်းရွှေကိုတွေ့ကြောင်း၊ သန်းရွှေမှာ 'ခပ်ထုံထုံ၊ခပ်အအ'ဖြစ်သည့်အတွက်အခြားထက်မြတ်သူများကဲ့သို့ခေါင်းဆောင်ကိုပြန်လည်တော်လှန်မည့်သူမဖြစ်နိုင်ဟု နေဝင်းနှင့်စောမောင်မှ ယူဆခဲ့ကြောင်း၊ ထို့ကြောင့်ဒုတိယကာကွယ်ရေးဦးစီးချုပ်ရာထူးကို ပေးအပ်ခဲ့ကြောင်း၊ စောမောင်မှာ၁၉၉ဝခုနှစ်တွင်ရွေးကောက်ပွဲကျင်းပပေးမိရာဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောအမျိုးသားဒီမိုကရေစီအဖွဲ့မှ အနိုင်ရသွားသဖြင့် 'အာဏာလွှဲမယ်'ဟု စကားကျွံသွားသောကြောင့် ရာထူးမှဖယ်ရှားခံရကာ သန်းရွှေနေရာရလာကြောင်း'တို့ကိုမှတ်သားဖွယ်ရာပြောပြခဲ့သည်။


သို့သော် ဤနေရာတွင်မရှင်းလင်းသည့်အချက်တစ်ချို့ကို အထက်ပါရှေးမီနောက်မီ အဘအားမေးမြန်းမိသည်။ 'ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထိုင်းလူမျိုးထဲကဆိုရင် သူကဘာဖြစ်လို့ထိုင်းနိုင်ငံကို မုန်းတာလဲ။သူ့လက်ထက်မှာ ယိုးဒယားလူမျိုးတွေကို မုန်းတီးတဲ့စာတွေကို ကျောင်းဖတ်စာအုပ်တွေထဲမှာ ထည့်သွင်းသင်ကြားရတာရယ်၊ ပြီးတော့ ထိုင်းနဲ့မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတင်းမာလာတွေကိုရောဘယ်လိုပြောမလဲ။'ဟုမေးမြန်းရာ 'ဒါသူ့ရဲ့ သိပ်တော်တဲ့နည်းဗျူဟာကွ၊ မင်းတို့ ၁၉၆၇ တုန်းက တရုတ်ဗမာ အဓိကရုဏ်းကိုမီချင်မှမီမယ်။ နေဝင်းလက်ထက်မှာ တရုတ်နဲ့ဗမာသတ်ကြတယ်။ အားလုံးသိတဲ့အတိုင်း နေဝင်းကတရုတ်။

သူ့နာမည်အရင်းက ရှုမောင်၊ တို့ဗမာအစည်းအရုံးထဲဝင်တော့ သခင်ရှုမောင်ဖြစ်လာတယ်။ နောက်တော့ရဲဘော်သုံးကျိပ်မှာ သခင်အောင်ဆန်းက ဗိုလ်တေဇနာမည်ပြောင်းတော့၊ သူကဗိုလ်နေဝင်းဖြစ်လာတယ်။

ဒီကောင်က မရိုးသားတဲ့ကောင်ဆိုတော့ ဗိုလ်ချုပ်(အောင်ဆန်း) မရှိတော့ တိုင်းပြည်အာဏာကို မတရားသိမ်းပြီးအုပ်ချုပ်တာ။ အဲဒီလိုအုပ်ချုပ်တာ သူ့ကိုတို့ဗမာတွေက တရုတ်လို့ထင်မှာစိုးတော့ မဆီမဆိုင်တရုတ်တွေကိုသွားပြီး နှိပ်ကွပ်တော့တာပဲ။ တရုတ်စာသင်ကျောင်းတွေ ပိတ်ပစ်လိုက်တယ်။တရုတ်သံရုံးက ဝန်ထမ်းတွေကိုသတ်တဲ့အထိလုပ်ပြလိုက်တယ်။

နေဝင်းတပည့်သန်းရွှေကလည်းသူ့ဆရာလုပ်သလိုလိုက်လုပ်တာပေါ့။ယိုးဒယားလူမျိုးတွေကိုသူကရန်လိုတဲ့ပုံစံပြ
ထားတော့သူ့ကိုဘယ်သူက ယိုးဒယားလို့ထင်ဦးမှာလည်းကွ။'အထက်ပါ အဘ၏စကားအဆုံးတွင် ခေါင်းထဲတွင်ယခင်ကမရှင်းလင်းသောအချက်တစ်ခုထင်းကနဲ မြင်လာသည်။

ကျောက်ဆည်သားတို့သည် ယဉ်ကျေးကြသည်။ မြန်မာဆန်သည်။ယနေ့အထိ ရိုးရိုးကြီး၊ တုံးတိကြီးစကားပြောကြသည်။မြန်မာအစ ကျောက်ဆည်က'ဟု ပညာရှင်တို့ခံယူထားသည်။ယခင်ကသန်းရွှေမှာ ကျောက်ဆည်သားဟုအများကသိရှိထားရာ'အဘယ့်ကြောင့်ကျောက်ဆည်သားဖြစ်လျက်ဤမျှလောက်ရိုင်းသနည်း၊ရဟန်း၊သံဃာကိုသတ်ဖြတ်ဝံ့သနည်း' ဟုတွေးမရသောအရာတို့သည်အဘ၏ရှင်းပြချက်ကို နားထောင်ပြီး ရှင်းလင်းသွားပါတော့သည်။

(အဘသည်မြန်မာပြည်တွင်းတွင် နေထိုင်လျက်ရှိသောကြောင့် အဘကိုငဲ့၍ အသေးစိတ်ကိုပြောပြရန်ခက်ခဲနေသည်။ အဘက သူ၏ပြောပြချက်များကို သက်သေအခိုင်အမာထူရန် တာဝန်ယူကြောင်း ပြောလိုက်ပါသေးသည်။ နောက်တွင် အဘမျက်စိမှိတ်သွားလျှင်သော်လည်းကောင်း၊ သန်းရွှေရာထူးပြုတ်ကျသွားလျှင်သော်လည်းကောင်းအဘမည်သူမည်ဝါဖြစ်သည်ကိုထုတ်ဖော်ပြောကြားပါမည်။

ယခုအချက်အလက်များသည်မြန်မာလူမျိုးတို့သိထားသင့်သည်ဟုအခိုင်အမာယုံကြည်၍တာဝန်သိသော(သို့မဟုတ်)တာဝန်ရှိသော မြန်မာတစ်ဦးအနေဖြင့်ဖော်ထုတ်လိုက်ပါသည်။ဖြစ်တန်၏၊မဖြစ်တန်၏'ကိုမိမိတို့ကိုယ်တိုင်သိရှိကြသောဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရုပ်ရည်ပုံပန်းသဏ္ဌာန်၊ အûပအမှု၊သဘောထားတို့မှတဆင့် စဉ်းစားဝေဖန်သုံးသပ်ကြပါ။

ကိုမိုးသီးမှကူးယူအမျှဝေပါသည်
http://komoethee.blogspot.com/2009/03/blog-post_7074.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်