Friday, March 13, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ သူရဦးတင်ဦးနှင့် အတွင်းရေးမှူး ဟံသာဝတီသတင်းစာဆရာကြီးဦးဝင်းတင်တို့၏ မွေးနေ့ဆုတောင်ပွဲအခမ်းအနား

၁၂-၃-၂၀၀၉

ဂျပန်နိုင်ငံတိုကျိုရှိ မြန်မာစစ်အခွန်ရုံရှေ့တွင် NLD(LA)JB,AAPP,LDP,DPNSစသည့်အဖွဲ့စည်းပေါင်းစုံတို့ဖြင့်ပူးပေါင်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ သူရဦးတင်ဦး(၈၂)နှစ် နှင့် အတွင်းရေးမှူး ဟံသာဝတီသတင်းစာဆရာကြီးဦးဝင်းတင်(၇၉)နှစ်ပြည့် မွေးနေ့ဆုတောင်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားသို့ ဂျပန်ရောက်ဒီမိုကရေစီအင်အားစုများ ၁၀၀ကျော်ခန့်တက်ရောက်ခဲ့ပါသည်။

ထို့အပြင်၈-၃-၂၀၀၉ ရက်နေ့တုန်းကIKEBUKURO,Toshimaku-Kanko Plaza(7F)တွင် NLD(LA)JBမှကျင်းပပြုလုပ်သော သူရဦးတင်ဦးနှင့် အတွင်းရေးမှူး ဟံသာဝတီသတင်းစာဆရာကြီးဦးဝင်းတင်တို့၏ မွေးနေ့ဆုတောင်ပွဲအခမ်းအနားကျင်းပခဲ့ရာ ကဗျာများရွတ်ဆိုချင်း၊အကျဉ်းကျဘ၀မှအမြန်လွတ်မြောက်ရန်နှင့် သက်တော်ရာကျော်ရှည်စေရန်ဆုတောင်းမေတ္တာပို့သပြီးအခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။


ဓါတ်ပုံ-ကိုထွဏ်းမြင့် သတင်း-NLD(LA)JBလူငယ်ဌာန

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်