Friday, March 13, 2009

ဖူးခွင့်ရစေချင်

ဝမ်းမြောက်ဖွယ်သတင်းလေးပါ.ဖတ်ပြီးတဲ့သူများနီးစပ်ရာကို အကြောင်းကြားစေချင်ပါတယ်။
အနေနီးသူများ ဖူးခွင့်ရစေချင်လို့ပါ။
ကျွန်တော်နေတဲ့မြို့ ကရန်ကုန်တဖက်ကမ်းက သန်လျင်မြို့ပါ။
အခုလေးတင် အိမ်ကို ဖုန်းဆက်တော့ တအိမ်လုံး ကျွန်တော်တို့ မြို့က ကျိုက်ဗောဓိ ဘုရားပေါ် ရောက် နေကြ တယ်။
ဘာဖြစ်လို့လဲမေးတော့ အဲဒီဘုရားရဲ့ထီးတော်က ရောင်ခြည်တော် လွှတ်တာ ဒီနေ့နဲ့ပါဆို ၄ ရက်ရှိ ပြီတဲ့။
ရောင်ခြည်တော် စလွှတ်တာက လပြည့်နေ့ အင်္ဂါ နေ့ထဲက ပါတဲ့။
အခု ဖုန်းပြောနေရင်းနဲ့တောင် လူတွေရဲ့ အားရ၀မ်းသာ နဲ့ ဟာခနဲ ဟင်ခနဲ အသံတွေပါ ကြားရပါတယ် ။
ဒီတခါတော်တော် လက်တယ် ဆိုတဲ့ကျွန်တော့် အမ ရဲ့ အသံလည်း ကြားနေရတယ်။
စိတ်ထဲကမှန်း ပြီးဖူးလို့လဲ ကျွန်တော့်အမ ကပြောပါတယ်။စိတ်မှန်းနဲ့ ကြည်ညို မိပါတယ်။
ဗုဒ္ဓဘာသာ လူမျိုး တယောက် အနေနဲ့ ကျွန်တော် အသံကြားရရုံ နဲ့တင် ပီတိ ဖြစ်ရပါတယ်။
ဘုရားတခုလုံး အမှောင်ချ ထားပြီး ရင်ပြင်တော်ပေါ်မှာ အနီးအနားမြို့ကလာတဲ့ သူတွေနဲ့ ပြည့်နေတယ်။
ပိုပြီးကြည်ညို ဘို့ကောင်းတာက ရောင်ခြည်တော်ရဲ့ အလင်းကြောင့် ထီးတော် မှာ မဟာမြတ်မုနိ ပုံတော်ပါ
ပေါ်ပေါ်လာတယ် လို့ပြောပါတယ်. ဒီသတင်းဖတ်ရတဲ့ သူများ နီးစပ်ရာကို ပြောပေးကြပါ။
သာသနာ ညိုးနွမ်း အောင် အလုပ်ခံရတဲ့ ခေတ်မှာမို့လို့ ဖူးမျှော်ခွင့် ရပြီး ပီတိနဲ့ ကြည်နူးတတ်ကြွ စေချင်လို့ပါ။
ကျိုတ်ဗောဓိ ကျောင်းဘုန်းကြီး အိပ်မက်အရ ဆို ရက်သတ္ထပါတ် တိတိ ရောင်ခြည်တော် လွှတ်မယ်လို့ ကြားရ ပါတယ်။သန်လျင်မြို့ကျိုတ်ဗောဓိ စေတီ ကို သွားဖူးမယ် ဆိုလျင် ရန်ကုန် သန်လျင် တံတားကြီး ကိုဖြတ်ပြီး
ဘုရားလမ်းအတိုင်းတည့်တည့် ကားမောင်းသွားပါ. နာရီစင် ကို ကျော်လျင် ရောက်ပါပြီ။
PM 11:48 (13.3.2009) http://page-28.blogspot.com/2009/03/blog-post_14.html မှ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်