Friday, March 13, 2009

၂၁နှစ်မြောက်ဗိုလ်ဖုန်းမော်နေ့ ထိုင်းမြန်မာနယ်စပ်ကျင်း




အကြီးကြည့်ရန်ရုပ်ပုံပေါ်ကလစ်နိပ်ပါ။

ထိုင်း-မြန်မာနယ်စပ်တနေရာတွင်၁၉၇၄ခုနှစ်မျိုးဆက်ကျောင်းသားဟောင်းများ၊ ၁၉၈၈ခုနှစ်မျိုးဆက်ကျောင်းသား ဟောင်းများနှင့်မျိုးဆက်သစ်ကျောင်းသားလူငယ်များ၊
ရွှေ့ ပြောင်းအလုပ်သမားများတက်ရောက်ကြသော၂၁နှစ်မြောက်ဗိုလ်ဖုန်းမော်နေ့
(၀ါ)မြန်မာနိုင်ငံလူအခွင့်အရေးနေ့ ကိုယနေ့ ကျင်းပခဲ့ကြသည်။

၁၉၈၈ခုနှစ်မတ်လ၁၃
ရက်နေ့ တွင်ထိုစဉ်ကမဆလတစ်ပါတီစနစ်၏အထွေထွေညံ့ ဖျင်းမှုများကြောင့်
ကျောင်းသား နှင့်အရပ်သားရန်ပွဲ ပုံစံပြသနာမှအစပြုကာကျောင်းသားအာဇာနည်ဗိုလ်ဖုန်းမော်၊ ထိုနောက်ဗိုလ်စိုးနိုင်တိုကျဆုံးခဲ့ရသည်။ဤမတ်လ၁၃ရက်နေ့ ကို
(မြန်မာနိုင်ငံလူအခွင့်အရေးနေ့ )ဟူ၍သတ်မှတ်သင့်ပါကြောင်းကို၁၉၈၉ခုနှစ်မတ်လ၊
၁၃ရက်နေ့ (ဗိုလ်ဖုန်းမော်အရေးတော်ပုံ)နှစ်ပတ်လည်နေ့ မှစတင်ကာ
ဒေါ်အောင်ဆန်းစုကြည်၊ ဦးခင်မောင်မြင့်စသော နိုင်ငံရေးခေါင်းဆောင်ကြီးများကအဆိုပြုတင်ပြခဲ့ခြင်းဖြစ်သည်။
ဤမှတ်တမ်းတင်ဓာတ်ပုံများတွင်အခမ်းအနား
ရှိရာအဆောက်အအုံအ၀င်ဝရှိဘိနပ်များ၊လက်ကမ်းကြေငြာမှတ်တမ်းများအပြင်တာဝန်ရှိသူအချို့ 
မှအမှတ်တရ အမှာစကားပြောကြားနေပုံများပါဝင်ပါသည်။

သတင်းမှတ်တမ်း………မြန်မာပြည်သား(JACBA)

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်