
နိုဝင်ဘာလ (၂၂)ရက် သတင်း။
ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ပြည်တွင်းပြည်ပသာသနာပြု ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ အာရှတော်ဝင်ဆေးကုခန်းတွင် ဆက်လက်ဆေးကုသမှု ခံယူလျှက်ရှိပါသည်။
ဘုန်းဘုန်းဦးအဂ္ဂဝရမိန့်မှာချက်အရ ကမ္ဘာတစ်ဝန်းတွင် ရောက်ရှိနေကြပါသော မြန်မာနိုင်ငံသားများမှ ဆရာတော်ဘုရားကြီးအတွက် စိုးရိမ်စွာ သတင်းမေးမြန်းမှုများကို အထူးပင်ကျေးဇူးတင်ရှိကြောင်းနှင့် အကယ်၍ မြန်မာနိုင်ငံသို့ ဆက်သွယ်ရန် အခက်အခဲရှိခဲ့ပါလျှင် ထိုင်းနိုင်ငံရှိ ဖုံးနံပါတ် (+668 5113 7722)သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
ကြည်ညိုလေးစားခင်မင်ရပါသော ဆရာတော်အရှင်သူမြတ်များ၊ ဓမ္မမိတ်ဆွေများနှင့် ဓမ္မဘလော့ဂ်ဂါ ညီအကို မောင်နှမအပေါင်းတို့ (ဘုရား) ခင်ဗျား.....
ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော်ဘုရားကြီး ရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ နှင့် ဗုဒ္ဓသာသနာတော် အတွက် အားထုတ် ကြိုးပမ်းဆောင်ရွက်လုပ်ဆောင်ခဲ့မှုများကို အာရုံပြုကြည်ညိုနှလုံးသွင်း၍ အောက်ပါသတင်းစာသားကို ဓမ္မမိတ်ဆွေ များ၏ ကိုယ်ပိုင် အင်တာနက်ဝက်ဘ်ဆိုဒ်များနှင့် အီးမေးလ်များမှတဆင့် ထပ်ဆင့် ဖြန့် ဖြူးဝေမျှပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်ခင်ဗျား။
ှ
လေးစားစွာဖြင့်
ဝိမုတ္တိသုခ
Sunday, November 22, 2009
ဖြူးဆရာတော်ဘုရားကြီး၏ နောက်ဆက်တွဲသတင်း
Monday, October 19, 2009
Saturday, August 22, 2009
ဖျက်မြင်း ကို တန်ပြန် ဖျက်မြင်းနဲ့ ပြန်ရင်ဆိုင်စို့ 
၂၀၁၀ ရွေးကောက်ပွဲသည် `အပြောင်းအလဲအတွက် အခွင့်အလမ်း´ ဟု ICG ပြော
မုံပီး
သောကြာနေ့၊ သြဂုတ်လ 21 ရက် 2009 ခုနှစ် 22 နာရီ 34 မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲအပေါ် ကျယ်ပြန့်စွာ ဝေဖန်ပြောဆိုမှုများ ရှိနေသော်လည်း ယင်းသည် `အပြောင်းအလဲအတွက် ဖြစ်နိုင်ခြေ´ တရပ်ဖြစ်ကြောင်းနှင့် ထို့ကြောင့်လည်း အစိုးရ၊ အတိုက်အခံ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုကျယ်ပြန့် သည့် နိုင်ငံတကာ အသိုင်းအဝိုင်းကို ဤအခွင့်အရေးအား `အချည်းနှီးဖြုန်းတီး´ မပစ်ရန် အပြည်ပြည်ဆိုင်ရာ ပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) က တိုက်တွန်းလိုက်သည်။
ရွေးကောက်ပွဲများသည် လွတ်လပ်မျှတမည် မဟုတ်သော်လည်း ယင်းသည် မြန်မာ့နိုင်ငံရေး မြေမျက်နှာသွင်ပြင်ကို ပြောင်းလဲစေနိုင် ကြောင်းနှင့် တိုင်းပြည်ကို အုပ်ချုပ်လျက်ရှိသော ဗိုလ်ချုပ်ကြီးများ အနေဖြင့်လည်း ရာထူးမှဆင်းပေးရပြီး အဆောင်အယောင်မျှသော ရာထူးများကိုသာ ယူထားရသည့် အခြေအနေမျိုး ကဲ့သို့သော အပြောင်းအလဲမျိုး ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ICG က ယမန်နေ့က ထုတ်ပြန် လိုက်သော အစီရင်ခံစာသစ်တရပ်တွင် ရေးသားထားသည်။
`ကာယကံရှင်အားလုံးအနေနှင့်လည်း အစိုးရကို ပြုပြင်ပြောင်းလဲရေးနှင့် ပြန်လည်သင့်မြတ်ရေးဆီသို့ တွန်းအားပေးသွားနိုင်မည့် အခွင့် အလမ်းများ ပေါ်ထွက်လာနိုင်သည့်အတွက် နိုးနိုးကြားကြား ရှိနေသင့်ကြောင်း´ ဟု `မြန်မာနိုင်ငံ-ရွေးကောက်ပွဲဆီသို့´ ဟူသော အစီရင်ခံစာတွင် ရေးသားထားသည်။
စစ်အစိုးရအနေဖြင့် မိမိတို့၏ လက်ရှိလွှမ်းမိုးချုပ်ကိုင်နိုင်မှုကို အာမခံချက်ရစေရန် ရွေးကောက်ပွဲကို အသုံးချလိုနေသည်ဟု ယူဆနိုင် သော်လည်း ၂၀၁၀ ရွေးကောက်ပွဲသည် မျိုးဆက်တဆက်အတွင်း အကျယ်ပြန့်ဆုံး လှုပ်ခါပစ်လိုက်နိုင်မည့် အခြေအနေဖြစ်သောကြောင့် ကာယကံရှင် အားလုံးအနေဖြင့် ဖြစ်နိုင်ခြေရှိသော အပြောင်းအလဲအတွက် ပြင်ဆင်ထားသင့်ကြောင်း ICG ၏ အရှေ့တောင်အာရှ အစီအစဉ် ဒါရိုက်တာ Jim Della-Giacoma က ပြောသည်။
ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်း၊ ဆန့်ကျင်ခြင်းတို့သည် စစ်အစိုးရ၏ အကြိုက်သာ ဖြစ်သွားမည်ဖြစ်ကာ၊ ရွေးကောက်ပွဲ ကျင်းပ မည်ကို တားဆီးနိုင်မည်မဟုတ်၍ အစိုးရဘက်သား မဟုတ်သော ကိုယ်စားလှယ်လောင်းမျာ၏ မဲရရှိနိုင်မှုကို ပိတ်ပင်ထားသလို ဖြစ်မည်ဖြစ် ကြောင်းနှင့် အနာဂတ် ဥပဒေပြုလွှတ်တော်များတွင် အသံအမျိုးမျိုး ထွက်နိုင်မှုကို လျော့နည်းသွားစေမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့က ပြောသည်။
ရွေးကောက်ပွဲကို သပိတ်မှောက် ဆန့်ကျင်နေမည့်အစား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အတိုက်အခံ အဖွဲ့များအနေနှင့် မိမိတို့ တပါတီချင်းသော်၎င်း၊ အဖွဲ့အစည်းများအနေနှင့်သော်၎င်း၊ ရွေးကောက်ပွဲတွင် မပါဝင်ရန် ဆုံးဖြတ်ခဲ့သည့်တိုင် ရွေးကောက်ပွဲဖြစ်စဉ်တွင် ဖြစ်နိုင်သမျှ အကျယ်ပြန့်ဆုံး ပါဝင်နိုင်မှုကို အားပေးကြရန် ဤအဖွဲ့က ဆိုထားသည်။
ဒီချုပ်ကမူ သူတို့၏ ရွှေဂုံတိုင်ကြေညာချက်၌ စစ်အစိုးရက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုအပ်သော ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ပေးပြီး လွတ်လပ်စွာ စည်းရုံးလှုပ်ရှားနိုင်ခွင့် ပေးမှသာ သူတို့အနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း မေလတွင် ကြေညာခဲ့သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်၊ နောက်ထပ် နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်း ဆီးခြင်းမှ ရပ်တန့်ရှောင်ရှားရန် စစ်အစိုးရကို ဤအဖွဲ့က တောင်းဆိုထားသည်။ ရွေးကောက်ပွဲကျင်းပရေးနှင့် စပ်လျဉ်းသည့် တရားမျှတ သော အုပ်ချုပ်မှုဥပဒေများ၊ စည်းမျဉ်းများကို ပြဋ္ဌာန်းပေးရန်၊ နိုင်ငံတကာနှင့် ပြည်တွင်းအကဲခတ်များကိုလည်း ရွေးကောက်ပွဲဖြစ်စဉ်ကို အကဲခတ်လေ့လာခွင့် ပေးရန်တို့ကိုလည်း သူတို့က တိုက်တွန်းတောင်းဆိုထားသည်။
မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးပြီး နောက်ထပ် ၁၈ လ ထိန်းသိမ်းထားရန် အမိန့်ချမှတ်လိုက်ခြင်းသည် `တိုင်းပြည်က နောက်နှစ်တွင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားသည့်အချိန်တွင် ဖြစ်နေသည့်အတွက် ဤနိုင်ငံရေးဖြစ်စဉ်အပေါ် ယုံကြည်ကိုးစားရမှုကို လျော့ပါးစေခဲ့ကြောင်း´ Giacoma က မဇ္ဈိမကို ယနေ့ ပြောသည်။
ရွေးကောက်ပွဲက လွတ်လပ်မျှတမည် မဟုတ်သော်လည်း မြန်မာအာဏာပိုင်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးပြီး ရွေးကောက်ပွဲတွင် အပြည့်အဝ ပါဝင်ခွင့်ပြုခြင်းဖြင့် သူတို့၏ ရွေးကောက်ပွဲဖြစ်စဉ်ကို ပို၍ ယုံကြည်ကိုးစားခံရအောင် လုပ်ဆောင်သင့်ကြောင်းလည်း သူက ပြောသည်။
`နိုင်ငံရေးလှုံ့ဆော်ချက်နဲ့ ဖမ်းဆီးတာတွေကို ရပ်ရမယ်။ အဓိကကျတဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို မြန်နိုင်သမျှ မြန်မြန်ပြဋ္ဌာန်းပေး ဘို့ကလည်း အရေးကြီးတယ်။ နိုင်ငံရေးပါတီတွေကို မလျော်ကန်တဲ့ ကန့်သတ်မှုတွေမရှိဘဲ မှတ်ပုံတင်ခွင့် ပေးရမယ်၊ ရွေးကောက်ပွဲ မဲဆွယ် လှုပ်ရှားမှုတွေကို ခွင့်ပြုရမယ်၊ မဲရေတွက်ရာမှာ ပွင့်လင်းမြင်သာမှု ရှိစေရမယ်´ ဟု သူက ဆက်လက်ပြောဆိုသည်။
ICG ၏ ဤအစီရင်ခံစာသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ချမှတ်လိုက်သည့်အတွက် အားမလိုအားမရ ဖြစ်နေကြချိန်၊ ဖိအားများတိုးမြင့်လာနေချိန်နှင့် စစ်အစိုးရသည် အပြောင်းအလဲများ လုပ်ဆောင်ရန် ဆန္ဒမရှိကြောင်း ပြသလိုက်ခြင်း ပင်ဖြစ်သည်ဟု အတိုက်အခံတို့က ပြောဆိုနေကြချိန်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။
ရွေးကောက်ပွဲများသည် လွတ်လပ်မျှတမည့် အလားအလာလည်းမရှိ၊ အပြောင်းအလဲများ အားလုံးသည်လည်း အပေါင်းလက္ခဏာ ဆောင်မည့် အလားအလာ မရှိကြသော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ဆံပုံအပေါ် ဒေါသထွက်ရခြင်း၊ ဒီမိုကရေစီရေး လှုပ်ရှားမှုအပေါ် ဖိနှိပ်နေခြင်းတို့ကြောင့်တော့ဖြင့် ဖြစ်ပျက်လာမည့် အဖြစ်အပျက်များအပေါ် သြဇာသက်ရောက်စေနိုင်မည့် အခွင့်အလမ်းများအပေါ်တော့ အတားအဆီး မဖြစ်စေသင့်ကြောင်း ICG ၏ အာရှအစီအစဉ် ဒါရိုက်တာ ရောဘတ်တင်ပလာ (Robert Templer) က ပြောသည်။
`နောက်ဆုံးအနေဖြင့်ပြောရလျှင် မြန်မာပြည်သူများသည် နိုင်ငံရေးအရ မတိုးသာမဆုတ်သာ ဖြစ်နေမှုအတွက် အကြီးမားဆုံးသော တန်ဖိုးကို ပေးခဲ့ရပြီးဖြစ်သည်။ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးအတွက် ပြင်ဆင်နေချိန်တွင် သက်ဆိုင်ရာ ဘက်အသီးသီးအနေဖြင့် အခွင့်အလမ်းသစ်များအတွက် နိုးနိုးကြားကြား ရှိနေသင့်ပြီး ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များအတွက်လည်း အလားတူ နိုးကြားနေသင့်ကြောင်း´ တင်ပလာက ပြောသည်။
http://www.mizzimaburmese.com/news/regional/3638----a--icg-.html
Thursday, August 20, 2009
ကြံ့ဖွံ့ အတွင်းရေးမှူးဂျပန်ရောက်ပြီ -ခေါင်းဆောင်တွေ ဦးဆောင်ကြပါ နောက်ကလိုက်ပါ့ မယ်
ကြံ့ဖွံ့ အတွင်းရေးမှူး မနက်ဖြန် ဂျပန် ရောက်မည်
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ 19 ရက် 2009 ခုနှစ် 17 နာရီ 59 မိနစ်နယူးဒေလီ (မဇ္စျိမ)။ ။ စစ်အစိုးရ ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးဌေးဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ မနက်ဖြန်တွင် ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိမည်ဖြစ်သည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဟီရိုဖူမီ နာဂါဆိုနီ (Hirofumi Nakasone) ဖိတ်ကြားထားသည့် ၇ ရက်ကြာ ခရီးစဉ်တွင် ကြံ့ဖွံ့ အတွင်းရေးမှူး ဗိုလ်ချုပ်ဌေးဦးတဖြစ်လည်း ဦးဌေးဦးနှင့်အတူ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေး စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွဋ်ဦး၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ အရာရှိများအပြင် စစ်ဘက်ဆိုင်ရာ လုံခြုံရေး အရာရှိများပါ သွားရောက်မည် ဖြစ်သည်။ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် ထိုင်းလေကြောင်း TG ဖြင့် မြန်မာနိုင်ငံမှ စတင်ထွက်ခွာပြီး၊ ဂျပန်မြို့တော် တိုကျိုသို့ ANA – 916 ခေါ် နီပွန်လေကြောင်းလိုင်းဖြင့် ၂ဝ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်မည်။ ယခုလ ၂၆ ရက်နေ့တွင် အဆုံးသတ်မည့် ခရီးစဉ်အတွင်း မြန်မာအဖွဲ့သည် တိုကျိုမြို့လယ်ရှိ Hotel New Otani တွင် တည်းခိုမည်ဖြစ်ကြောင်းနှင့် ရောက်ရှိသည့်နေ့တွင် တိုကျိုမြို့တောင်ဘက်ရှိ နိုင်ငံခြားသား ခရီးသွားများဖြင့် စည်ကားလျက်ရှိသော Kamakura အရပ်မှ ဗုဒ္ဓကြေးရုပ်ပွားတော်နှင့် ဇင်ဘုရား ပုထိုးဟောင်းများသို့ သွားရောက် ဖူးမျှော်မည်ဖြစ်ကြောင်း သတင်းရပ်ကွက်တခုက ဆိုသည်။ ၂၃-၂၄ ရက်နေ့များတွင် ဂျပန်နိုင်ငံ လက်ရှိ အတိုက်အခံပါတီမှ ပါလီမန် အမတ်တချို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး ၂၅ ရက်နေ့ နံနက်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟီရိုဖူမီနှင့်သော်၎င်း၊ ထိုနေ့ညနေတွင် စိုက်ပျိုးရေး ဒုဝန်ကြီးနှင့် တွေ့ဆုံမည်။ ချစ်ကြည်ရေး ခရီးစဉ်ဖြစ်သည့်အပြင်၊ ယခုလ ၃၀ ရက်နေ့တွင် ကျင်းပမည့် ဂျပန်ရွေးကောက်ပွဲ၌ လက်ရှိ အတိုက်အခံပါတီ Democratic Party of Japan (DPJ) က အနိုင်ရခဲ့ပါက ဂျပန်က မြန်မာအပေါ် ထားရှိသည့် မူဝါဒများအပေါ် ကြိုတင်ညှိနှိုင်းရေးအတွက် သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။
DPJ သည် ယခုရွေးကောက်ပွဲ၌ အနိုင်ရရှိလိမ့်မည်ဟု အကဲခတ်အများက တစ်ကြိုပေး ခန့်မှန်းထားကြသည်။ကြံ့ဖွံ့ခေါင်းဆောင်နှင့် အဖွဲ့သည် ယခင်ကလည်း အိမ်နီးချင်း တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့သေးသည်။အခြားသော ဆက်စပ်သတင်းတခုမှာ ကြံ့ဖွံ့အသင်း၏ သင်းလုံးကျွတ်အစည်းအဝေးကို အောက်တိုဘာလအတွင်း နေပြည်တော်ရုံးသစ်တွင် ပြုလုပ်သွားရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။အစည်းအဝေးပွဲကြီးမတိုင်မီ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပေါ်ထွက်လာဖွယ်ရှိနေပြီး အစည်းအဝေးက တခဲနက်အတည်ပြုရမည်ဟု အသင်းကြီး၏ ထိပ်တန်းသတင်းရပ်ကွက်များက ပြောသည်။နေပြည်တော်၏ ဆင်ခြေဖုံး ရန်ကုန်ဘက်သို့လာသည့် အဝေးပြေးလမ်းမဘေးတွင် ကြံ့ဖွံ့ရုံးသစ်ကြီးကို အပြီးသတ်လျှက်ရှိသည်။
New Otani Hotel မှာတည်းပါတယ်.
The Nearest Metro Station is the Akasakamitsuke on Ginza Line, Marunochi Line.
# Hotel is 3 minute walk from station.
Address of the New Otani Hotel Tokyo:
4-1 Kioi-cho Chiyoda-ku Tokyo 102-8578 Japan
Hotel New Otani ဆိုတာ Yotsuya မှာရှိတယ်လို့ ကြားပါတယ်။ ဟုတ်မဟုတ်စုံစစမ်းပေးကြပါ။ အမြန်ပြင်ဆင်စေချင်ပါတယ်။ နိုင်ငံတကာက ဒီမိုကရေစီ အင်အားစုတွေလည်းဂျပန်က ဆန္ဒပြမယ့် အစီအစဉ်ကို စိတ်ဝင်တစား မေးမြန်းလာကြပါတယ်။ ဌေးဦးဟာ ဒီပဲယင်းလူသတ်ပွဲရဲ့ တရားခံ တဦးပါ။ ဒီပဲယင်း အပြီးသတင်းစာရှင်းလင်းပွဲမှာ မေးခွန်းတွေကို ဝေ့လည်ကြောင်ပတ် မထေမဲ့မြင် ပြန်လည်ဖြေဆိုသွားသူပါ။ ဆန္ဒပြပွဲတွေ အမြန်စီစဉ်ပေးစေလိုပါတယ်။
http://demowaiyen. blogspot. com/
ဒီမိုဝေယံ
ဒီပဲယင်း လူသတ်ပွဲကြီးနဲ့ ရွှေဝါရောင် တော်လှန်ရေး လူသတ်ပွဲကြီးရဲ့ အဓိက စီစဉ်ညွှန်ကြားသူထဲမှာ ဌေးဦးလည်း ပါတယ်။
ဒီလိုလူက နိုင်ငံကို ကိုယ်စားပြုပြီး လူကြီးလူကောင်း ဟန်ဆောင်လာတာကို ခွင့်မပြုသင့်။
ရသလောက် ဆန့်ကျင်ကန့်ကွက်ဖို့ လိုတယ်။
လာမယ့် ဂျပန်အောက်လွှတ်တော် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ တစ်ပေးခံနေရတဲ့ အတိုက်အခံပါတီကို ကြံ့ဖွတ်က လာတွေ့တာကိုထောက်ရင် ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ဌေးဦး အပါအဝင် ကြံ့ဖွတ်တွေရဲ့ ကလိမ်ကကျစ် ရည်မှန်းချက်ကို ခန့်မှန်းလို့ ရနိုင်တယ်။
ဂျပန်ရောက် မြန်မာတွေ ဂျပန်ကို ဖိအားပေးဖို့ လိုပြီ။
လွင်အောင်စိုး
Monday, July 27, 2009
Sunday, July 5, 2009
Seven July မမေ့နိုင်သော နေ့တစ်ရပ်
စစ်အစိုးရ၏ သမိုင်းကိုပြန်ကြည့်လျှင် အာဏာရှင်စစ်အုပ်စုဟာ ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ၇က်နေ့ မှာ မြန်မာပြည်ပြည်သူအားလုံးရဲ့  လွတ်လပ်တဲ့ဘ၀တွေကို ကံကြမ္မာဆိုးရွားစေခဲ့တဲ့ အာဏာသိမ်းပွဲကို ပြုလုပ်ခဲ့တယ်။ ပြည်သူ့ အာဏာကို အဓမ္မကျင့်ပြီး တိုင်းပြည်ကို မတရား စတင် အုပ်ချူပ်ခဲ့တယ်။ သွေးစွန်းနေတဲ့လက်တွေ ယမ်းငွေ့ ညံ့နေတဲ့ လူသတ်လက်နက်တွေနဲ့  အာဏာရှင်အုပ်စုကို ဆန့် ကျင်အံတုသူတွေကို ဖမ်းဆီးထောင်ချခဲ့တယ်။
အာဏာရှင်အုပ်စုကို အဓိက ဆန့်ကျင်အံတုသူများ စုဝေးရာ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေရဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဇူလိုင်လ (၇) ရက်နေ့ မှာ ဒိုင်းနမိုက်နဲ့ ဖြိုခွင်းဖျက်ဆီးခဲ့ပြီး ကျောင်းအဆောင်တွေအတွင်း ၀င်ရောက်ရှောင်တိမ်း ပုန်းအောင်းနေတဲ့ ကျောင်းသူကျောင်းသားတွေကို မသေသေအောင် ပစ်သတ်ခဲ့ပါတယ်။ အာဇာနည်တို့ရဲ့ အသက်ပေါင်းများစွာ စတေးခဲ့ရတဲ့ နေ့တစ်ရပ်ဖြစ်ပါသည်။
ဒါက စာဖတ်သူသိထားပြီးဖြစ်သည့်အတိုင်း မြန်မာ့သမိုင်းမှာ မကောင်းလွန်းလှတဲ့ အတိတ်ကအရိပ်မဲကြီး တစ်ခုဖြစ်ပါတယ်။ ထိုအတိတ်ကအရိပ်မဲကြီးကို စစ်အစိုးရမည်သို့ပင် ဖျောက်ဖြတ်စေကာမူ ပျောက်မသွားပဲ မြန်မာ့အာဇာနည်တို့ ရင်ထဲမှာ အခဲမကြေပဲ အမြဲတစေရှိနေပါသည်။ ထိုသို့တည်ရှိနေခြင်းမှာ အထိမ်းအမှတ်ပွဲများနှစ်စဉ် ကျင်းပပြုလုပ်ခြင်းကြောင့်ဟု စာရေးသူထင်မြင်မိပါသည်။
ပြည်တွင်းမှာလည်း အခက်အခဲတွေကြားထဲမှ seven july အထိမ်းအမှတ်ပွဲများနှစ်စဉ် ကျင်းပနေသလို၊ ပြည်ပရောက် ဒီမိုကရေစီလှုပ်ရှားသူများမှလည်း အထိမ်းအမှတ်ပွဲများနှစ်စဉ် ကျင်းပပြုလုပ်လျှက်ရှိပါသည်။
ဂျပန်နိုင်ငံအနေဖြင့် seven july အထိမ်းအမှတ်ဆန္ဒပြပွဲ 7 july 2009 တိုကျိုမြို့ရှိ မြန်မာစစ်အခွန်ရုံးရှေ့တွင် နေ့လည် ၃းဝဝ နာရီတွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း ထပ်မံဖိတ်ကြားအပ်ပါသည်။
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
December
(180)
- မြက်ရိတ်နေရင်တောင် ခက်ဦးမယ်
- အလွမ်းများနဲ့ ဧရာဝတီဇတ်ကား ဂျပန်လူမျိုးများပါ စိတ်...
- ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်ဆိုတဲ့ ယုန်...
- ဒီပဲယင်းနိုင်ငံတော် လုပ်ကြံမကြီး(၇၉)လပြည့် ဝမ်းနည်...
- နတ်ပြည်ပေါ်မှဒုက္ခများ....စင်္ကာပူက အကြောင်း
- ဆရာစံတဲ့ဟေ့...ဒို့ များရဲ့ အာဇာနည်
- ကြီးလေချာလေ.. ကြီးလေ မိုက်လေတဲ့ ခိုးစားတတ်တဲ့ ကျီး...
- ကောင်မလေးတွေသာ ချွတ်တာမဟုတ်ဖူး..သူတို့ လည်း ကျွတ်က...
- ဘု ရင် ရူး ကြီး သန်း ရွှေ
- လေးစားထိုက်ပါသည်။ ရွက်ပုန်းသီး အာဇာနည် စစ်သည်များ
- သဘာဝ ဘေးအန္တရာယ် ရန်ပုံငွေ ရှာဖွေပွဲ
- နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲနီးလေ နအဖက လှည့်ဖြားကစားေ...
- သူတို့ ကျ တယ်ဟုတ်နေပါလား...
- ရဲက အန်အယ်ဒီတို့၏ ကိုယ်ရေးရာဇဝင်တောင်း
- အန်အယ်ဒီက CEC စုံညီ အစည်းအဝေး ကျင်းပလို
- နိုင်ငံခြားသားကျ ဖင်တုန်အောင်ကြောက်တာ နအဖ
- အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (ဂျပန်ဌာနခွဲ)တွင် န...
- The Voice Weekly JournalNo.8, Vol 6, December 28, ...
- မသေမချင်း..အမှုထပ်တတ်မယ်..နင်အကောင်ကြီးတယ် နှစ်ခါေ...
- ရွှေထက်ရှားတဲ့ ဆရာဝန်
- ညောင်မြစ်တူးမိလို့  ပေါ်ရတဲ့ ပုတ်သင်ညိုဥ (ဘယ်သူများ...
- သားဦး...စောက်ရူး
- လင်္ကာတမန်မဂ္ဂဇင်း မိတ်ဆက်ပွဲ ဖိတ်ကြားလွှာ
- ပြည်သူ့ သဘောထားအမှန်
- ကျနော် လူကြမ်းမင်းသား
- New perspective of Myanmar ( plastic Problem)
- People & Power - Myanmar: Beneath the surface
- နတ်ကိုးကွယ်မှုနဲ့  မြန်မာပြည်
- တိုးတက်နေသော မြန်မာပြည်ကြီး..
- UNICEF: Tsunami 5: Myanmar battles repeat disasters
- New Year Countdown
- စတားလုံး ရဲ့..မှိုင်းလုံးမိနေသူ..ဘယ်သူတုန်း..
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျ...
- အောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ
- ရာဇ၀င် မတွင်ခဲ့တဲ့သား
- သတင်းမှောင်ချထားမှု
- အာဇာနည် ဘလော့ခ်မှ ပြည်တွင်းရှိ ညီအစ်ကို များအတွက် ...
- အရှက်မရှိပါတဲ့.. မြန်မာစစ်အစိုးရ
- နေအိမ်ပြင်ဆင်နေမှု ရပ်ဆိုင်းခံရသည့် အပေါ်လူထုခေါင်းေ...
- မြန်မာတို့ရဲ့ ရွေမြန်မာ (ကောင်းလိုက်တဲ့ အစိုးရ အလွ...
- ရာမဇာတ်တော်ထဲက သမင်လိုက်ခန်း
- ဇီးစေ့နဲ့  ပေါက်ခံရတောင် မြင့်မိုရ်တောင်က မပြိုနို...
- ၀တို့  ဘိန်းတိုးချဲ့  စိုက်နေရသော အကြောင်းရင်း..
- ထူးချွန်တဲ့ မြန်မာပြည်ဖွား ပညာရှင်တွေ နိုင်ငံတကာမ...
- အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ထပ်မံတိုးချဲ့မည်
- သုခဆေးခန်းက တိုက်ရိုက်သွေးလှူမည်
- ဗုဒ္ဓေါဝါဒကျောင်းဖွင့်ပွဲနှင့် ကျောင်းရေစက်ချပွဲ ဖိ...
- နာဇီ ဆရာဝန်တွေလိုဘဲ လက်စွမ်းထက်သော မြန်မာ အထူးကုဆရ...
- AAPP(Burma) ၏ သတင်းထုတ်ပြန်ချက်
- တိုင်းတပါးသား..မတရားတာ ငုံခံနေကြရတာကြာပေါ့
- ဖြူမလား မဲမလား..ဗိုလ်ချုပ်မှူးကြီး သန်းရွှေ..
- ဒီဇင်ဘာ ၂၂ ၂၀၀၉ သတင်းများ
- အမှန်တရားသည် သေဒဏ်နှင့် အမိ မြန်မာပြည်
- ဒါ အောင်ဆန်း သားကွ...
- လေယာဉ်စုတ်တွေ အသစ်ဈေးနဲ့ ရောင်းမယ်..
- ပြောပြန်ရင်လည်း စိန်ဝင်း လွန်ရာကျဦးမယ်..
- ၂၀၁၀ ရွေးကောက်ပွဲအား သုံးသပ်ချက်
- ၇၁-နှစ်မြောက်ဗိုလ်အောင်ကျော်နေ့ အခမ်းအနားဓာတ်ပုံမှ...
- လူ့အခွင့်အရေးချိုးဖောက်မှု့နှင့် တိုက်ပွဲသတင်း
- ၇၁နှစ်မြောက်ဗိုလ်အောင်ကျော်နေ့အထိမ်းအမှတ်နှင့် ၈၈မ...
- အင်တာနက် သီချင်းဆိုတိုင်း ကွန်ပြူတာနဲ့ ဖွင့်မကြည့်...
- ရန်ကုန်က အမြင်မတော်စရာ နိုင်ငံခြားသူ
- ဗဟိုတရားရုံးချုပ်ရဲ့အထက်..နအဖ ရှိနေသလား..???
- မြန်မာအမျိုးသမီး ၅၀ ကျော်ကို အဓ္ဓမပြုကျင့်ခဲ့သူများ...
- Credit Suisse to pay $536 mn to US for bursting sa...
- အစောင့် ယမ်းများ၏ ဥပဒေမဲ့ လူသတ်မှုကြောင့် စက်ရုံတွင...
- အလင်းပျိုးမယ့် လက်များ…
- သတိပေး လျှောက်ထားအပ်ပါသည်။
- အသိပညာနှင့်ပြည်သူ့ အင်အား
- နိင်ငံတော်ခေါင်းဆောင်သော သားသမီးများကို နှိုင်းယှဥ...
- ဖြူဖြူကျော်သိန်း တင်ဆက်ပေးထားတဲ့ လူကုန်ကူးမှုတိုက်ဖ...
- သံဃာ့တပ်ပေါင်းစု ၏ ၃၀ . ၁၂. ၂၀၀၉ အထွေထွေသပိတ်ဆင်နွှ...
- ပုဂ္ဂလိကဆေးရုံ လူနာငြင်းပယ်မှုများ ရှိလာ
- ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများတွင် အချိန်ပိုင်း/အချိန်...
- ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ၄၈ နှ...
- ဗိုလိချုပ်ပြောတဲ့ ဖာနိုင်ငံကို တပ်မတော်မှ အကောင်အထ...
- ကွဲပြန်ပြီဟဲ့ ဗုံး
- နိင်ငံတော်ခေါင်းဆောင်၏ သားသမီးများကို နှိုင်းယှဉ်ြ...
- အမှန်ကို ၀န်မခံရဲတဲ့ စစ်သား
- ယခုနှစ် လျှပ်တပြက် နာမည်ကြီးသူ ဆယ်ဦးတွင် ယက်ထော ပ...
- ထိန်းသိမ်းခံ ညီညီအောင်ကိစ္စ ၀န်ကြီး ကလင်တန် ကြားဝင်...
- မြန်မာ့ အနာဂတ်မျိုးဆက် အန္တရာယ်ရှိနေ ဟု ITUC ပြော
- နအဖ ခွင့်ပြုချက်ဖြင့် NLD ခေါင်းဆောင် ၃ဦးကို ဒေါ်ဆ...
- MIAMI 2009 Recap
- Invitation Letter to Burma Conference in London
- တက္ကသိုလ်နန်း ( တေးရေး ။ ။ တက္ကသိုလ်ဘုန်းနိုင် )
- ၈၈၈၈ ပြည်သူ့သတင်းစဉ်၊ အတွဲ ၄၊ အမှတ် ၆၊ ဒီဇင်ဘာလ၊ ၂၀၀၉
- ကျမတော်တော်ညံ့ခဲ့ပါတယ် (ဟောပြောသူ- ဂျူး)
- မနက်ဖြန် အဖွဲ့ချုပ်ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးေ...
- FREE NYI NYI AUNG ( KYAW ZAW LWIN ) NOW!
- နအဖ၏ ဒို့တာဝန် အရေးသုံးပါး
- အာဇာနည် သူရဲကောင်း ကိုတင်မောင်ဦး
- သီပေါ စော်ဘွား စပ်ကြာဆိုင် နဲ့ စ၀်ဒေ၀ီ သြစတြီးယားသ...
- ဒါ..မြန်မာကွ..
- KNU နှင့် နအဖ တိုက်ပွဲသတင်း
- ပိဋကတ်ရွတ်ဆိုပွဲ (International Tipitaka Chatting)...
- Generation wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး)...
- မေမေ မမြင်ဖူးရသေးတဲ့ သမီးငယ်လေးရဲ့ မျက်နှာလေး..
- မြောက်ကိုရီးယားနိုင်ငံမှ လက်နက် ၃၅ တန် ဘန်ကောက်လေဆ...
- နောက်ကြည့်မှန်
-
▼
December
(180)