၂၀၁၀ ရွေးကောက်ပွဲသည် `အပြောင်းအလဲအတွက် အခွင့်အလမ်း´ ဟု ICG ပြော
မုံပီး
သောကြာနေ့၊ သြဂုတ်လ 21 ရက် 2009 ခုနှစ် 22 နာရီ 34 မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲအပေါ် ကျယ်ပြန့်စွာ ဝေဖန်ပြောဆိုမှုများ ရှိနေသော်လည်း ယင်းသည် `အပြောင်းအလဲအတွက် ဖြစ်နိုင်ခြေ´ တရပ်ဖြစ်ကြောင်းနှင့် ထို့ကြောင့်လည်း အစိုးရ၊ အတိုက်အခံ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုကျယ်ပြန့် သည့် နိုင်ငံတကာ အသိုင်းအဝိုင်းကို ဤအခွင့်အရေးအား `အချည်းနှီးဖြုန်းတီး´ မပစ်ရန် အပြည်ပြည်ဆိုင်ရာ ပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) က တိုက်တွန်းလိုက်သည်။
ရွေးကောက်ပွဲများသည် လွတ်လပ်မျှတမည် မဟုတ်သော်လည်း ယင်းသည် မြန်မာ့နိုင်ငံရေး မြေမျက်နှာသွင်ပြင်ကို ပြောင်းလဲစေနိုင် ကြောင်းနှင့် တိုင်းပြည်ကို အုပ်ချုပ်လျက်ရှိသော ဗိုလ်ချုပ်ကြီးများ အနေဖြင့်လည်း ရာထူးမှဆင်းပေးရပြီး အဆောင်အယောင်မျှသော ရာထူးများကိုသာ ယူထားရသည့် အခြေအနေမျိုး ကဲ့သို့သော အပြောင်းအလဲမျိုး ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ICG က ယမန်နေ့က ထုတ်ပြန် လိုက်သော အစီရင်ခံစာသစ်တရပ်တွင် ရေးသားထားသည်။
`ကာယကံရှင်အားလုံးအနေနှင့်လည်း အစိုးရကို ပြုပြင်ပြောင်းလဲရေးနှင့် ပြန်လည်သင့်မြတ်ရေးဆီသို့ တွန်းအားပေးသွားနိုင်မည့် အခွင့် အလမ်းများ ပေါ်ထွက်လာနိုင်သည့်အတွက် နိုးနိုးကြားကြား ရှိနေသင့်ကြောင်း´ ဟု `မြန်မာနိုင်ငံ-ရွေးကောက်ပွဲဆီသို့´ ဟူသော အစီရင်ခံစာတွင် ရေးသားထားသည်။
စစ်အစိုးရအနေဖြင့် မိမိတို့၏ လက်ရှိလွှမ်းမိုးချုပ်ကိုင်နိုင်မှုကို အာမခံချက်ရစေရန် ရွေးကောက်ပွဲကို အသုံးချလိုနေသည်ဟု ယူဆနိုင် သော်လည်း ၂၀၁၀ ရွေးကောက်ပွဲသည် မျိုးဆက်တဆက်အတွင်း အကျယ်ပြန့်ဆုံး လှုပ်ခါပစ်လိုက်နိုင်မည့် အခြေအနေဖြစ်သောကြောင့် ကာယကံရှင် အားလုံးအနေဖြင့် ဖြစ်နိုင်ခြေရှိသော အပြောင်းအလဲအတွက် ပြင်ဆင်ထားသင့်ကြောင်း ICG ၏ အရှေ့တောင်အာရှ အစီအစဉ် ဒါရိုက်တာ Jim Della-Giacoma က ပြောသည်။
ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်း၊ ဆန့်ကျင်ခြင်းတို့သည် စစ်အစိုးရ၏ အကြိုက်သာ ဖြစ်သွားမည်ဖြစ်ကာ၊ ရွေးကောက်ပွဲ ကျင်းပ မည်ကို တားဆီးနိုင်မည်မဟုတ်၍ အစိုးရဘက်သား မဟုတ်သော ကိုယ်စားလှယ်လောင်းမျာ၏ မဲရရှိနိုင်မှုကို ပိတ်ပင်ထားသလို ဖြစ်မည်ဖြစ် ကြောင်းနှင့် အနာဂတ် ဥပဒေပြုလွှတ်တော်များတွင် အသံအမျိုးမျိုး ထွက်နိုင်မှုကို လျော့နည်းသွားစေမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့က ပြောသည်။
ရွေးကောက်ပွဲကို သပိတ်မှောက် ဆန့်ကျင်နေမည့်အစား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အတိုက်အခံ အဖွဲ့များအနေနှင့် မိမိတို့ တပါတီချင်းသော်၎င်း၊ အဖွဲ့အစည်းများအနေနှင့်သော်၎င်း၊ ရွေးကောက်ပွဲတွင် မပါဝင်ရန် ဆုံးဖြတ်ခဲ့သည့်တိုင် ရွေးကောက်ပွဲဖြစ်စဉ်တွင် ဖြစ်နိုင်သမျှ အကျယ်ပြန့်ဆုံး ပါဝင်နိုင်မှုကို အားပေးကြရန် ဤအဖွဲ့က ဆိုထားသည်။
ဒီချုပ်ကမူ သူတို့၏ ရွှေဂုံတိုင်ကြေညာချက်၌ စစ်အစိုးရက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုအပ်သော ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ပေးပြီး လွတ်လပ်စွာ စည်းရုံးလှုပ်ရှားနိုင်ခွင့် ပေးမှသာ သူတို့အနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း မေလတွင် ကြေညာခဲ့သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်၊ နောက်ထပ် နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်း ဆီးခြင်းမှ ရပ်တန့်ရှောင်ရှားရန် စစ်အစိုးရကို ဤအဖွဲ့က တောင်းဆိုထားသည်။ ရွေးကောက်ပွဲကျင်းပရေးနှင့် စပ်လျဉ်းသည့် တရားမျှတ သော အုပ်ချုပ်မှုဥပဒေများ၊ စည်းမျဉ်းများကို ပြဋ္ဌာန်းပေးရန်၊ နိုင်ငံတကာနှင့် ပြည်တွင်းအကဲခတ်များကိုလည်း ရွေးကောက်ပွဲဖြစ်စဉ်ကို အကဲခတ်လေ့လာခွင့် ပေးရန်တို့ကိုလည်း သူတို့က တိုက်တွန်းတောင်းဆိုထားသည်။
မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးပြီး နောက်ထပ် ၁၈ လ ထိန်းသိမ်းထားရန် အမိန့်ချမှတ်လိုက်ခြင်းသည် `တိုင်းပြည်က နောက်နှစ်တွင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားသည့်အချိန်တွင် ဖြစ်နေသည့်အတွက် ဤနိုင်ငံရေးဖြစ်စဉ်အပေါ် ယုံကြည်ကိုးစားရမှုကို လျော့ပါးစေခဲ့ကြောင်း´ Giacoma က မဇ္ဈိမကို ယနေ့ ပြောသည်။
ရွေးကောက်ပွဲက လွတ်လပ်မျှတမည် မဟုတ်သော်လည်း မြန်မာအာဏာပိုင်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးပြီး ရွေးကောက်ပွဲတွင် အပြည့်အဝ ပါဝင်ခွင့်ပြုခြင်းဖြင့် သူတို့၏ ရွေးကောက်ပွဲဖြစ်စဉ်ကို ပို၍ ယုံကြည်ကိုးစားခံရအောင် လုပ်ဆောင်သင့်ကြောင်းလည်း သူက ပြောသည်။
`နိုင်ငံရေးလှုံ့ဆော်ချက်နဲ့ ဖမ်းဆီးတာတွေကို ရပ်ရမယ်။ အဓိကကျတဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို မြန်နိုင်သမျှ မြန်မြန်ပြဋ္ဌာန်းပေး ဘို့ကလည်း အရေးကြီးတယ်။ နိုင်ငံရေးပါတီတွေကို မလျော်ကန်တဲ့ ကန့်သတ်မှုတွေမရှိဘဲ မှတ်ပုံတင်ခွင့် ပေးရမယ်၊ ရွေးကောက်ပွဲ မဲဆွယ် လှုပ်ရှားမှုတွေကို ခွင့်ပြုရမယ်၊ မဲရေတွက်ရာမှာ ပွင့်လင်းမြင်သာမှု ရှိစေရမယ်´ ဟု သူက ဆက်လက်ပြောဆိုသည်။
ICG ၏ ဤအစီရင်ခံစာသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ချမှတ်လိုက်သည့်အတွက် အားမလိုအားမရ ဖြစ်နေကြချိန်၊ ဖိအားများတိုးမြင့်လာနေချိန်နှင့် စစ်အစိုးရသည် အပြောင်းအလဲများ လုပ်ဆောင်ရန် ဆန္ဒမရှိကြောင်း ပြသလိုက်ခြင်း ပင်ဖြစ်သည်ဟု အတိုက်အခံတို့က ပြောဆိုနေကြချိန်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။
ရွေးကောက်ပွဲများသည် လွတ်လပ်မျှတမည့် အလားအလာလည်းမရှိ၊ အပြောင်းအလဲများ အားလုံးသည်လည်း အပေါင်းလက္ခဏာ ဆောင်မည့် အလားအလာ မရှိကြသော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ဆံပုံအပေါ် ဒေါသထွက်ရခြင်း၊ ဒီမိုကရေစီရေး လှုပ်ရှားမှုအပေါ် ဖိနှိပ်နေခြင်းတို့ကြောင့်တော့ဖြင့် ဖြစ်ပျက်လာမည့် အဖြစ်အပျက်များအပေါ် သြဇာသက်ရောက်စေနိုင်မည့် အခွင့်အလမ်းများအပေါ်တော့ အတားအဆီး မဖြစ်စေသင့်ကြောင်း ICG ၏ အာရှအစီအစဉ် ဒါရိုက်တာ ရောဘတ်တင်ပလာ (Robert Templer) က ပြောသည်။
`နောက်ဆုံးအနေဖြင့်ပြောရလျှင် မြန်မာပြည်သူများသည် နိုင်ငံရေးအရ မတိုးသာမဆုတ်သာ ဖြစ်နေမှုအတွက် အကြီးမားဆုံးသော တန်ဖိုးကို ပေးခဲ့ရပြီးဖြစ်သည်။ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးအတွက် ပြင်ဆင်နေချိန်တွင် သက်ဆိုင်ရာ ဘက်အသီးသီးအနေဖြင့် အခွင့်အလမ်းသစ်များအတွက် နိုးနိုးကြားကြား ရှိနေသင့်ပြီး ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များအတွက်လည်း အလားတူ နိုးကြားနေသင့်ကြောင်း´ တင်ပလာက ပြောသည်။
http://www.mizzimaburmese.com/news/regional/3638----a--icg-.html
Saturday, August 22, 2009
ဖျက်မြင်း ကို တန်ပြန် ဖျက်မြင်းနဲ့ ပြန်ရင်ဆိုင်စို့ 
Labels:
သတင်း ကြေငြာချက်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
August
(236)
- နောင်ဆို အီးတောင် ပေါက်လို့ရမှာမဟုတ်ဘူး
- တရုပ်ထုတ် F-7M
- နာဇီဂျူးအကျဉ်းသားတွေ လို ဘဲ ဒို့ တွေသေကြရတော့မှာလား
- အမေရိကန်အောက်လွှတ်တော်အရာရှိများ အန်အယ်လ်ဒီနှင့် တေ...
- ချခြင်းချ..တရုတ်ကိုဘဲ လက်နက်ချမယ်။
- Senator Webb interview - by Warner
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၃လ၊(၇၅)လ ပြည...
- မြန်မာနိုင်ငံ ၏ စစ်လက်နက်ထုတ်လုပ်မှု မဟာစီမံကိန်းများ
- မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ
- မြန်မာတွေ ဘာကြောင့် အောက်ကျနေရလဲ
- ABSFU
- ပြည်သူအားနားလှည့် ပါးရိုက်တော့မယ့် အလံသူခိုးများ
- အမျိုးသားဒီမိုကရေစီအဖွဲံ့ချုပ် ဗဟိုအလုပ်အမှုဆောင် အ...
- စစ်ခွေးတွေကတမျိုး ပြည်သူတွေကိုဒုက္ခပေး၊ကျောင်းအုပ်ေ...
- ပြည်သူ့ ဘဏ္ဍာ နှင့်ထင်ရာစိုင်းနေတဲ့ တိုင်းပြည်
- ပညာရေး၊စီပွားရေး ယို့ ယွင်းလာသည်နှင့်အမျှ လူ့ ယဉ်ေ...
- NDF Statement
- မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့ကိုြ...
- Postcard of ABFSU
- မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေး မီဒီယာအားမီဒီယာဖြင...
- တပ်လှန့် မောင်းသံ
- ရဲဘော်စိုးချစ်ကတော့ ဒီလိုမြင်တယ်တဲ့
- MoeMaKa Daily e Newspaper - 26th August 2009
- မယုံ မယုံ မယုံဘူး
- အမေရိကန် အောက်လွှတ်တော် အရာရှိတွေ NLD နဲ့ တွေ့မည်
- ဘယ်သူ့ စကားကိုယုံ ဘယ်ဆီကို စားရပါ့
- အတိုက်အခံများရဲ့ အဝါရောင် လှုပ်ရှားမှု
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပြေးပြိုင်ပွဲ ကျ...
- ရက်တောနှင့် ပတ်သက်၍ အမေရိကန် တို့ ရဲ့ အမြင်
- ရွှေ့ ပြောင်းမြန်မာ အလုပ်သမားများအကြောင်း
- ရှစ်ကြီးခိုးတယ် ဆန်ရှင်ပြန်ဖွင့်
- ဂျင်ဝက်ဘ်တိုက်တွန်းမှု အမေရိကန်အစိုးရအလေးအနက်ထား
- NLD ရွေးကောက်ပွဲဝင်ဖို့ ဆီနိတ်တာ ဂျင်မ် ၀က်ဘ် တိုက...
- မခိုးဘဲနဲ့  ဒီလောက်ချမ်းသာတာ..ဘယ်သူ သားလေးတွေပါလည်း။
- ၀န်ခံပါတယ်..ကြံဖွတ်တွေ ကြောက်တာ အောင်ဆန်းစုကြည်တဲ့
- မြန်မာတွေ မျိုးများတုန်းတော့မလား..ကူုညီပေးကြပါ
- NLD လူငယ်မျာအား စာသင်ပေးနေသူ စစ်ကြောရေးတွင် ဖမ်းဆ...
- ကိုးကန့်တပ်ဖွဲ့အား နအဖ ထောက်ခံမှုဖြင့် အသစ်ဖွဲ့မည်
- Children on the Edge
- Burma refugees
- ကရင် မျိုးချစ်များ၏ လွတ်လပ်ရေး.လှုပ်ရှားမှု
- ကလေးစစ်သား..ကိစ္စနှင့် ပတ်သက်၍
- US senator lashes Myanmar sanctions
- ဘယ်တော့ မှ လက်နက်မချဖူး..
- Yettaw on Myanmar detention
- ကျနော်တို့ Generation Wave (မျိုးဆက်သစ် လူငယ်များ ...
- ပတ္တနိကုဇ္ဖန "PATTANIKKUJJANA"
- သံဃာတပ်ပေါင်းစု ပဲခူတိုင်း (ဝေါမြို့နယ်) ဖွဲ့စည်းပုံ။
- သံဃာတပ်ပေါင်းစု ဧရာဝတီတိုင်း (ဖွဲ့စည်းပုံ)။..။
- ကြံ့ဖွတ် အတွင်းရေးမှုးဋ္ဌေးဦး တည်းခိုရာ Hotel ရှေ့ က...
- သာသနာ့ဥသျှောင် ရွှေဝါရောင် နှစ်ပတ်လည် ပြုလုပ်မည် ။..။
- ကိုးကန့်သတင်း
- ရွေဝါရောင်နှစ်ပတ်လည် မေတ္တာပို့ ဆုတောင်းပွဲ
- သိပ်ရက်စက်ယုတ်ညံ့လွန်းသော အနဖ (သို့ ) စစ်အာဏာရှင်စ...
- ကြေးမုံအွန်လိုင်းသတင်းစာပါ အဝေးရောက်စင်ပြိုင် အစို...
- ဂျပန်နိုင်ငံခြားရေးရုံးရှေ့ ကြံ့ဖွတ်အတွင်းရေးမှုးဋ္ဌေ...
- MoeMaKa Daily e Newspaper - 23rd August 2009
- ဂျပန်ရောက်နေတဲ့ ဒီပဲယင်း တရားခံဌေးဦး တည်းခိုတဲ့ ဟ...
- သဲတောင်ရောင်းစားနေရတဲ့ မြန်မာ
- ဖြစ်ပျက်နေသော ဖြစ်စဉ်များ
- ဒီပဲယင်း တရားခံ ကြံ့ဖွတ်အတွင်းရေးမှုးအား ဆန္ဒပြမည့် ...
- ငရဲလားမဲ့ သူတွေ လက်ထက် တိုးတက်လာတဲ့ အဓမ္မ၀ါဒီ
- ပုညကာရီမွန်အမျိုးသားအသင်း(ဂျပန်)ကပြုလုပ်သည့် (၆၂)န...
- အမှန်တရားအတွက် အသက်ဖက်နှင့်ထုပ်ပါသည်
- တိုးတိုးတိတ်တိတ် လူပုံအလယ်
- တရွေ့ ရွေ့ 
- ၂၃-၈-၂၀၀၉ ဂျပန်ရောက်ဒီမိုကရေစီလှုပ်ရှားသူများမှချီ...
- နအဖ မီဒီယာတွေ ကိုသပိတ်မှောက်ကြ
- အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီး အကောင်အထည်ေ...
- ၂၃-၈-၂ဝဝ၉ (တနင်္ဂနွေနေ့)တွင် ကျင်းပမည့် “ဒေါ်အောင်ဆန်...
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆရာဝန်ဒေါက်တာတင်မျိုးဝင်းအစား...
- ရာဇဝတ်မှုများ စုံစမ်းရေး ကော်မရှင်ဖွဲ့ရန် ကင်ပိန်းလ...
- ဖျက်မြင်း ကို တန်ပြန် ဖျက်မြင်းနဲ့ ပြန်ရင်ဆိုင်စို့ 
- သူတို့ ကတော့ ရယ်ဒီ လုပ်နေပြီ..ဘာဆက်လုပ်မလဲ ကိုယ့်လ...
- ၈-၈-၈၈ တွင် ပေါ်ပေါက်ခဲ့သည့် ရှစ်လေးလုံးဒီမိုကရေစီအ...
- မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆွေးနွေးရန် ဦးရဲထွဋ် ဂ...
- တိုက်ပွဲဝင်ဖို့ နိုင်ငံသားတွေ နှိုးထလော့၊
- ဗိုလ်မှူး အောင်လင်းထွဋ်၏ သြဂုတ်လ အစီရင်ခံစာ
- တိုက်ဆိုင်သူများသို့ 
- သံဃာတော်များ၏
- Subject: ဧည့်သည်တွေ့ဆုံခွင့် ဒေါ်အောင်ဆန်းစုကြည် ရှ...
- သံဃာတပ်ပေါင်းစုအဖွဲ့ခွဲများဖွဲ့စည်းပုံ
- အရူးဌေးဦး အကြောင်းသိကောင်းစရာ
- သြဂုတ် ၁၉ ရက် ၂၀၀၉ သတင်းများ..
- MoeMaKa Daily e Newspaper - 19th August 2009
- မိတ်ဆွေ၊ သင် - စ, လုံး ပြောင်းပြီးသွားပြီလား?
- ကြံ့ဖွံ့ အတွင်းရေးမှူးဂျပန်ရောက်ပြီ -ခေါင်းဆောင်တွေ...
- US man says no regrets about Myanmar jailing
- ယက်တော.ရဲ့ အိမ်အပြန်
- တတိယအကြိမ်သပိတ်အဆုံးသတ်တိုက်ပွဲ
- ကျွန်ဟာကျွန်ပါပဲ(သို့မဟုတ်)ဘယ်ဘက်ဖိနပ်ကြိုက်လား ညာ...
- ရက်စက် ယုတ်မာတဲ့ စစ်အာဏာရှင် ပြုတ်ကျရေး အတွက် ပြည်...
- ဟေ့ဟေ့ အမေ့ခံမနေနဲ့လေ..
- လုပ်ကြံပြောတဲ့ မျောက်ဖြူအတွက်ဖြေရှင်းချက်
- အဖြူရောင် လှုပ်ရှားကြစို့ 
- မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသော နိုဘယ်လ်...
- သြဂုတ် ၁၈ ၂၀၀၉ သတင်းစုံ
- တရားမဲ့သူ ကို တရားဥပဒေနဲ့ တိုက်မဲ့ပွဲ
- သူ့ ကိုသိသူ.ဆက်သွယ်ပေးပါ
- 8888 People Power - Vol 3 No 7 - August 2009
-
▼
August
(236)
No comments:
Post a Comment