23.3.09 နေ့ဟာ မှိုင်းရာပြည့် အထိမ်းအမှတ်နေ့တနေ့ဖြစ်ပါတယ်။ နိုင်ငံရေး အထိမ်းအမှတ်နေ့တွေရောက် တိုင်း တော်လှန်ဒီရေ လှိုင်း တွေကြားက လှေနာဝါအစင်းစင်းပေါ်မှာ တက်ကျိုးလည်း လက်ထိုးလှော်နေကြရတဲ့ လူငယ်တွေ အတွက် (တော်လှန်ရေး အင်အားစုအားလုံးအတွက်) တခုခုရေးပေးချင်စိတ်တွေ တဖွားဖွားပေါ်လာတက်ပါတယ်။
မှိုင်းရာပြည့်လှုပ်ရှားမှုနဲ့ ပါတ်သက်လို့ စာအုပ်စာတန်းတွေပြန်လှန်ဖတ်နေတုန်းကျနော်တို့ရုံးကိုလူငယ်လေးတစ်ယောက်ရောက်လာပြီး စကားပြောကြည့်တော့ အဲဒီလူငယ်လေးဟာ 2007 သံဃာ့လှုပ်ရှားမှုကြီးထဲက ရွှေဝါရောင် ကိုရင်တစ်ပါးဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲခူးမြို့က စာသင်ကျောင်းတကျောင်းကို စစ်တပ်ဝင် စီး ရိုက်နှက်တုန်းက ဦးခေါင်းကို အရိုက်ခံရပြီး မှတ်ညဏ်ပျက်စီး စိတ်ဖိစီး ဒဏ်ခံနေရရှာပါတယ်။ သူ့ရဲ့ဖြစ်ရပ်မှန်ကို နားထောင်ရင်း ဒီအကြောင်းကိုလည်းရေးချင်လာပြန်ပါတယ်။တလက်စထဲတွေးမိလိုက်တဲ့ ဆပ်စပ်အတွေးတွေကြောင့် ဒီဆောင်းပါးလေးဖြစ်ပေါ်လာပါတယ်။ မှိုင်းရာပြည့်နဲ့ ရှစ်လေးလုံး သို့မဟုတ်မှိုင်းရာပြည့်နဲ့ ရွှေဝါရောင် ဘာဆိုင်သလဲလို့မေးချင်ရင် ကျန်ာစာကို ဆုံးအောင်ဖတ်ကြည့်ပါလို့တောင်းပန်ချင်ပါတယ်၊ ဆိုင်သင့်တဲ့နေရာရောက်ရင် ဆိုင်သွားပါလိမ့်မယ်.....
မှိုင်းရာပြည့်ဆိုတာ ငြိမ်းချမ်းရေးဖခင်ကြီးနဲ့ ဇာတိမာန်စာဆိုကြီး သခင်ကိုယ်တော်မှိုင်းရဲ့ အသက်တရာပြည့်(လူသေသွားပေမဲ့ နာမည်ကထာဝရရှင်သန်နေတဲ့) အထိမ်းအမှတ်အဖြစ် ကျောင်းသားပြည်သူရဟန်းရှင်လူအားလုံးကမြတ်နိုးနိုးကျင်းပကြတဲ့၊ ဒီမိုကရေစီအင်အားစု အားလုံးက လေးလေးစားစားဦးညွှတ်ကြတဲ့အခမ်းအနားကြီးတစ်ခုဖြစ်ပါတယ်။ဆရာကြီးဟာ ၁၈၇၆ မတ်လ ၂၃ ရက်မှာ မွေးဖွားမြင်ပြီး ၁၉၆၄ ဇူလိုင်လမှာကွယ်လွန်ခဲ့ပေမဲ့ ဆရာကြီးရဲ့ပြည်တွင်း ငြိမ်းချမ်းရေးပဲ့တင်သံတွေကြောင့် ဆရာကြီးရဲ့ တိုင်းပြည်ချစ် စိတ်နဲ့ စွန့်လွှတ်စွန့်စားမှုတွေကြောင့် ဆရာကြီးသာရှိနေသေးရင် ဒီနေ့ အသက်တရာပြည့်ပြီဆိုပြီး ၁၉၇၆ မှာ ဦးညွှတ် ဂုဏ်ပြုကြတာပါ ဆရာကြီးရဲ့ နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်ဆန့်ကျင်ရေး အမျိုးသားလွတ်လွတ်မြောက်ရေး စတဲ့အခန်း ကဏ္ဍ ကြီးမြတ်မှု တွေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ပြည်တွင်းငြိမ်းချမ်းရေးတို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆောင်လှုပ်ရှားခဲ့မှုတွေအတွက် လေးလေး နက်နက် အထိမ်းအမှတ်ပြုရင်း စစ်အာဏာရှင်စံနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ဖော်ထုတ်ကျင်းပခဲ့ကြပါတယ်။ နောက်တချက်ကတော့ နိုင်ငံရေး ရေချိန်မြှင့်ခြင်း(သို့မဟုတ်) တော်လှန်တောမီးကူစက်ခြင်းပဲဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ် ဇွန်(၆) ရက်နေ့မှာအလုပ်သမားသပိတ် (ဆန်တိုက်ပွဲ) ဖြစ်တယ် အလုပ်သမားထုက ဆန်တောင်းတာကို စစ်တပ်က ကျဉ်ဆံပေးခဲ့တယ်။နောက်(၆)လ အကြာ ဒီဇင်ဘာ(၅) ရက် နေ့မှာ ဦးသန့်အရေးအခင်း နောက်ထပ်(၆)လပြည့်တော့ ၇၅ ခုနှစ် ဇွန် (၆) မှာ အလုပ်သမားသပိတ်တနှစ်ပြည့် အထိမ်းအမှတ် ကျောင်း သားသပိတ် ထပ်ဖြစ်တယ် ဆက်ပြီးတော့ ဖိနှိပ်မှုရက်စက်မှုတွေအမျိုးမျိုးကို တွန်းလှန်ပြီး ၁၉၇၆ မှာ မှိုင်းရာပြည့်လှုပ်ရှားရှားမှု ကြီး ဖြစ်ပေါ်လာပါတော့တယ်။ ပါဝင်လှုပ်ရှားသူတွေထဲက ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦးကို စစ်အစိုးရက ကြိုးစင်တင်ပြီး သေဒဏ် ပေးခဲ့ပါတယ်.။စစ်အုပ်စု ဘယ်လောက်ပဲ ဖိနှိပ်ရက်စက် ရမ်းကားပစေ ကျန်ာတို့ပြည်သူတွေကတော့ တော်လှန်မီးတောက် တွေကို လက်ဆင့်ကမ်းထွန်းညှိလို့ ဖိရင်ကြွ ထိရင်ချခဲ့ကြပါတယ်...သတ္တိ စိတ်ဓါတ် ညီညွတ်မှု အစုံအညီနဲ့ ခွပ်ဒေါင်းသွေး တို့နီခဲ့ကြပါတယ်။ဒါဟာတော်လှန်ရေးရဲ့ သဘာဝဓမ္မ၊ လူထုတိုက်ပွဲရဲ့ အဆင်းအင်္ဂါ...
နိဒါန်းစကားထဲမှာ ကျန်ာပြောခဲ့တဲ့ ကလေးတယောက်အကြောင်း ဆက် ပြောပါရစေ ဒီကလေးဟာ အခုလက်ရှိအချိန်မှာ အသက် ၁၆ နှစ်ဖြစ်ပြီး ရွှေဝါရောင်တော်လှန်ရေးသံဃာ့ လှုပ်ရှားမှုကြီးတုန်းက သူ့အသက် ၁၅ နှစ်တောင် မပြည့် သေးဘူးတဲ့ ကိုရင်လေးတပါးဖြစ်ပါတယ်။ ပဲခူးမြို့က စာသင်ကျောင်းတကျောင်းမှာ ပထမပြန်စာမေးပွဲဖြေခါနီး ရွှေဝါရောင် တော်လှန်ရေး အရှိန်ရလာတဲ့အချိန် စစ်တပ်ရဲ့ မိုက်ရိုင်းယုတ်မာခြင်းကို ဘ၀တလျှောက် ရင်းပြီးခံရလိုက်ပါတယ် သူ့ခေါင်းကအနာရွတ်ကို ကျ နော်တို့ သေသေချာချာကြည့်ပြီး သူ့ကို့မေးမြန်းတော့မှ သူဟာမှတ်ညဏ်ပျက်စီးနေရှာပြီး သေရာပါမဲ့ အား နည်းချက်ကိုခံစားနေရသူဖြစ်ပါတယ်။ သူပြောပြတဲ့ ပဲခူးကဆရာတော်ကြီးတပါးအကြောင်း ပြောပြချင်ပါ တယ်။ နေ့ရက်ကိုတော့ သူ့မှတ်ညဏ်ကဖော်မပေးနိုင်တော့လို့ အဖြစ် အပျက်လောက်ပဲပြောနိုင်ပါတော့တယ် ရွှေမော်ဓေါဘုရားအနောက်မုခ်အနီးက ကျောင်းဖြစ်ပြီး အဲဒီနေ့ညပိုင်းစစ်တပ်ဝိုင်းက ၀ိုင်းလိမ့် မယ်လို့ သတင်း ရတာကြောင့် ဆရာတော်ကြီးဟာ စာသင်သားသံဃာတွေကိုအားလုံးကို ရှောင်ခိုင်းလိုက်ပါတယ် သူတစ်ပါး တည်း ကျောင်းကို စောင့်ရှောက်ကျန်ရစ်တာကို စစ်တပ်က အညိုးကြီးစွာနဲ့ အသေရိုက်သတ်သွားပြီး အ လောင်းတောင်ကောက်မသွားပဲ သွေးအိုင်ထဲပစ်ထားခဲ့ပါတယ်။ ဘုရားကြီးရဲ့မလှမ်းမကမ်းမှာပဲရှိတဲ့ ဒီကလေး ရဲ့ကျောင်းကိုလည်းနောက်နေ့မှာ ၀ိုင်းလိုက်တဲ့အတွက် နေ့ခင်းပိုင်းချီတက်စဉ်က အရိုက်ခံခဲ့ရတဲ့ ခေါင်းက ဒဏ်ရာကို သင်္ကန်းစနဲ့ ပိတ်အုပ်စီးရင်းထွက်ပြေး ခဲ့ရပါတယ်။ သူ့စကားတွေကို နားထောင် နေရင်း ကျနော့် မွေးရပ်မြေဇာတိဖြစ်တဲ့ တောင်ဥက္ကလာမြို့နယ်က ငွေကြာယံ ကျောင်းတိုက်ကြီး အစီးနင်းခံရတာကို သတိ ရနေမိတယ်...ကျောင်းတိုက်သံတခါးကြီးကို စစ်ကားနဲ့ဝင်တိုက်ပြီး သံဃာတော်အားလုံးကို ရိုက်နှတ်ဖမ်းဆီး ခဲ့ခြင်း၊သွေးကွက်တွေပေါ်က စစ်ဖိနှပ်ရာများ...အရှင်ဂမ္ဘီရ နဲ့ ခေါင်းဆောင်သံဃာတွေကိုဖမ်းဆီး ...ရိုက်နှက် ခေါင်းဆောင်တွေရဲ့ မိဘဆွေမျိုးတွေကိုပါ ထောင်ချ....။
ရွှေဝါရောင်တော်လှန်ရေးမီးစဟာ မင်းကိုနိုင်တို့ ကုန်ဈေးနုန်းဆန္ဒပြပွဲ မီးညွှန့်ကနေ ကူးစက်နိုင်ခဲ့ပေမဲ့ ရွှေ ၀ါရောင်မီးတောက်ကိုတော့ နောက်ထပ်မကူးစက်နိုင်ခဲ့လို့....စစ်အစိုးရ ဗာလနံတသိုက်က နာဂစ်ကိုပါ အသာနှံလိုက်ပါတယ်...ကျန်ာတို့ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အခက်အလက်အမြစ်တွေ ဆက်လက်ပြန့် ပွားရှင်သန်နိုင်သေးတယ်ဆိုပေမဲ့ အားပျော့ပျော့နဲ့ ပေါ်ခဲ့တာတွေလောက်ပဲရှိခဲ့လို့ ဒါမှမဟုတ် တပ်ဦးတွေ ကျွံခဲ့လို့ ပြီးတော့ လက်တွေ့မပါတဲ့ သဘောတရားသမားတွေ(နိုင်ငံရေးအမြုံသမားတွေ) သာစိုးမိုးခဲ့ကြလို့... ဒီပဲယင်း လုပ်ကြံမှုကြီးအတွက် ဂလဲ့စားမချေနိုင်သေး ရွှေဝါရောင်အကြွေးလည်း မဆပ်နိုင်သေး ပြီးတော့ ရှစ်လေးလုံးတာဝန်တွေကိုလည်းမကျေပွန်သေး....ပြီးတော့ ပြည်သူတွေပါးပေါ်က မျက်ရည်ကိုသုတ်ဖို့ လက်တွေ ဘာဖြစ်လို့တုန်နေကြသေးတာလဲ...
နောင်တော်ပြည်သူ့အာဇာနည်တွေ ရေးခဲ့တဲ့ မော်ကွန်းအထပ်ထပ်ကို ကျနော်တို့ သတ္တိနည်းမှု ညံ့ဖျင်းမှု တွေနဲ့ တန်ဖိုးဖြတ်ကြတော့မှာ လားလို့ မေးရင်း မှိုင်းရာပြည့်မှ ရှစ်လေးလုံးသို့ မွေးဖွားပေးလိုက်တဲ့ စစ်အာ ဏာရှင်စံနစ်အမြစ်ဖြတ်ချေမှုန်းရေးစိတ်ဓါတ်တွေကို လှုပ်နိုး ထကြွလိုက်ကြစို့....
၂၀၀၉ ရဲ့ ပွဲသိမ်းစစ်မောင်းသံတွေနဲ့ လူထုအောင်လံလွှင့်တင်စို့...
ဇော်မြင့် (မလေးရှား)
Sunday, March 22, 2009
မှိုင်းရာပြည့်မှ ရှစ်လေးလုံးသို့
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
March
(468)
- တပ်မဟာ (၅) အောင်ပွဲသတင်း
- ဒေါ်စုကို မဲပေးလိုသူများ..မဲပေးနိုင်ပါပြီ
- တပ်မတော်နေ့ ညစာစာပွဲ လောက်ကောင်တွေ ၀င်နွဲနေတယ်
- 8888 people power စာစောင် ဧပြီ၂၀၀၉
- မျှော်လင့်ချက် က မှုန်တရေးရေး..
- တော်ဝင်နန်းတည်းခိုခန်း က ဗုံးကွဲမှုဓါတ်ပုံများ
- Bomb explosion in Yangon inn assessed to have kill...
- များလိုက်တဲ့စည်းကမ်းတွေ
- သူခိုးတွေပျော်ပြီး ခွေးဘုရားဖူးလည့်တော့မယ်
- မယက ဘောလုံးပွဲအတွက် ရွာသားများ ငွေကြေးထောက်ပံ့ပေးရ
- Mr Robertson ရဲ.အလောင်းရှာဖွေတွေ.ရှိ
- စင်ကာပူမှာ မြန်မာ လက်ဖက်များ ပိတ်ပြီ
- အဖားကောင်းသူ ငါနားတိုးလဟဲ့
- လူမ၀င်အောင်ဘဲ ကာတာပါ ခင်ဂျ
- အလွဲသုံးစားမှု ပုဒ်မ မြန်မာပြည်မှာ အစရှာမရဖူး
- မလုံခြုံသော ဘ၀များ..
- လူ့ ဘ၀နှင့် ဒဿနအမြင်များ(၄၈)
- နူပါတယ်ဆိုမှ သူခိုးက လာထောင်းနေပြန်ပြီ။
- ရွေကို မလို ။ ယူရေနီယမ်ကို လိုသည်။
- လူသတ်၊ ဓားပြတိုက်၊ စိန်ရွှေငွေ လုယက်နေတဲ့ စစ်ခေါင်း...
- ယဇန လ္ဘက်မှာ ဆိုးဆေးပါသည်ဟုဆိုပြီး စင်္ကာပူ အစိုးရတား...
- ဒီမိုကရေစီ ဥယျာဉ်မှူးကြီး
- မြန်မာ နယ်စပ် သံဆူးကြိုးကာမှု ဘင်္ဂလားဒေ့ရှ်က ဖြေရှင်...
- ရေပေါ်ဆီ လူတန်းစားတွေ..နဲ့ ကျူပ်တို့ မြန်မာပြည်..
- လာပါ အတူသွားစို့ 
- အာဏာပိုင်တို့ ရက်ရက်ရောရော လှူဒါန်းကြပြီ
- လမင်းတရာ ( ကြည်အောင်)
- စစ်ငနွားတွေက မြန်မာပြည်ကို တိုင်းတစ်ပါးသား လက်ထဲရေ...
- မြန်မာ ဘလော့ဂါ တစ်ဦးပြုစုသော "မြန်မာ-အင်္ဂလိပ်" အဘိ...
- ကန်ထုတ်ကြစို့ 
- UN Relieve report on Burma (MM) FYI
- အသွားမတော်ရင် တစ်လှမ်း..ဒီခေတ်ကြမ်းကြီးထဲ
- စာရေးဆရာ ကျော်ဝင်း စာဖတ် သူများသို့ ပြန်ကြားခြင်း
- နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဝိုင်းဝန်းကြို...
- တိုင်းထပ်ခွဲတယ်..
- နအဖ စစ်ခွေးလောက်ကောင်တွေ
- (၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနာ...
- Gmail Address ကိုသူများမသိရအောင် ဘယ်လိုလုပ်မလည်း
- အရေးကြီးဆုံးစိတ်ဓာတ်
- G Talk လုံခြုံရေး..
- မြန်မာ နဲ့ အာရှရဲ့ ရေအဆိပ်သင့်မှု
- သူတို့ မှဘဲ အသက်ရှိ...
- သန်းရွှေပုံတူ ပြပွဲ
- REAL VIRUS (Conficker)
- တရုတ်လဲ ချီးထုပ်ကို စိတ်ညစ်နေပြီ
- အောင်ပွဲသတင်း
- ကုန်ပါပြီဗျာ..
- စော်ကားချည့်ခံနေရတဲ့ မြန်မာ
- မြန်မာနိုင်ငံမှာတော့ အယ်ဒီဆင်ကို နေ့တိုင်းဂုဏ်ပြု...
- ရည်ရွယ်ချက်ရှိရှိ သာသနာတော် ညှိုးနွမ်းပျက်စီးစေတဲ့...
- တော်လှန်ရေး နေ့ အကြိုဗုံးပေါက် ကွဲမှုသည် ပြည်ပအဖွဲ ...
- ဗိုလ်မှူး(ဟောင်း)အောင်လင်းထွဋ် (စစ်ထောက်လှမ်းရေးနှ...
- ဗမာပြည် အတွင်းမှ မတူညီသော လူနေမှုအဆင့်အတန်း
- ကျေးဇူးတင်ပေးကြပါခင်ဗျာ
- (၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား
- Tracking to former ABSDF chairman Tun Aung Kyaw
- အင်္ဂလိပ်စာ ကြောက်စရာမလို
- Earth Hour (မတ် ၂၉ ၂၀၀၉ ည ၈း ၃၀ မှ ၉း၃၀ အထိ)
- မတန်မရာအသက် ၉၀ နေချင်ရသတဲ့ အဟိ
- ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီမှ ထုတ်ဝေသော မတ်လထု...
- အစိုးရမကောင်းလို့  အလောင်းမလှ အရပ်ကောင်းမှ အလောင်း...
- မိပြီ..ဒင်းတို့ လက်ချက်
- တွံတေး ကျူရှင်ဆရာ ဆန္ဒပြပြန်ပြီ
- မတ် ၂၇ ၂၀၀၉ သတင်းများ
- ဖက်ဆစ် တော်လှန်ရေးနေ့သာဖြစ်ဟု အန်အယ်ဒီ ပြောကြား
- မြန်မာပြည် လူ့အခွင့်အရေးချိုးဖောက်မှု ကုလ ရှုတ်ချ
- မယား ငယ်ချွဲချွဲရုံနဲ့  ဒို့ တွေ မယုံ
- သူဘဲ လူတတ်ကြီး
- မြို့ပြအပူမီး ဖိစီးနေတဲ့မြို့
- ဗိုလ်ချူပ်ဖွဲ့ခဲ့တာ ပြည်သူတပ်မတော် နွားတွေလက်ထက်ကျ...
- မီးမလာ ရေမလာ ဆိုးဆေး များတဲ့ မြန်မာ
- မုဒိန်းတပ်မတော်ကို အညှီ ပျောက်အောင်လျှော်စေချင်တယ်
- လူတစ်ယောက် သုံးသိန်းဘဲ တန်လား
- ခွေးတွေ ခွေးပါးဝနေတယ်
- သတ်မတော်နေ့ 
- အကောင်းဆုံး မြေသြဇာ အဖွဲ့ရဲ့ မတ်လတော်လှန်ရေး..
- ဆန္ဒတွေ ထုတ်ဖေါ်ကြစို့ 
- ဗိုလ်မိုးကြိုး အပြန် နောက်ကြောင်း လှန်လိုက်သည့် ဗု...
- သာသနာ့ဥသျှောင်(ဘင်္ဂလာဒေ့ရှ်)၏ ကျေညာချက်
- ဗိုလ်ချုပ်အောင်ဆန်း၏ပင်ကိုသဘာဝစရိုက်..
- အိုးဝေသံမြိုင်မြိုင် တဖန်ပြန်ကာနိုးထမဲ့ ဟစ်တိုင်
- မြောက်ဥက္ကလာပတွင် ဗုံးပေါက်ကွဲ
- ရဲဘော်သုံးကျိပ်ဝင်က တပ်မတော် ဦးဆောင်မှုကို မလိုလား...
- ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်
- ဧရာတီကို တရားစွဲဆိုလိုက်သည်ဟု UDP ဦးကျော်မြင့်ြေ...
- (၈၈) မျိုးဆက်ကျောင်းသားများက စစ်အစိုးရ၏ အခြေခံဥပဒေ...
- ၂၀၁၀ ရွေးကောက်ပွဲ အားလုံးလက်ခံနိုင်အောင် ကျင်းပဖို...
- စုစည်းကြပါ...
- ခလေးတောင်သိတယ်
- ကိုယ်ဟာကိုယ်တောင်မနိုင်ဘဲ သူများနိုင်ငံရေးလာပွဲစား...
- ဖိုးလပြည့်..ဘာညာဘာညာလုပ်ခံရတဲ့ ဝတ်မှုံရွှေရည်
- ဗိုလ်ချုပ်မူးကြီးသန်းရွှေ ရာထူးကျသွားပြီ
- မြန်မာ ကောင်လေးကိုသိကြပါသလား..သိသူရှိရင် ဖော်ထုတ်ေ...
- မြန်မာ သူခိုးတွေ သတ်တယ်တဲ့ဗျာ.( Yachtsman killed b...
- ကျောင်းသားအရေးတော်ပုံ ( ကိုဗဟိန်း ရေးသည်)
- UN Special Rapporteur on Human Rights in Burma (VO...
- Global Campaign for Free Political Prisoners (VOA ...
- မမေ့နိုင်တဲ့ မြန်မာ့အာဇာနည်များ..(ဗိုလ်အောင်ကျော်)
- မမေ့နိုင်တဲ့ မြန်မာ့အာဇာနည်များ..(ဆလိုင်း တင်မောင်...
- အဆိုတော် စိုင်းထီးဆိုင် ၁ နှစ်ပြည့် အလှူ
- ဗိုင်းရပ်စ် အသစ်
- ၂၀၀၉ မတ် ၂၄ , ၂၅ သတင်းများ
- နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး တောင်းဆု...
- Invitation Letter : Resistance Day of Burma - Wash...
- မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ NLD ခေါင်းဆောင်ပိုင...
- ရခိုင်အမျိုးသားသတင်းစာ၊အတွဲ-၃-အမှတ်-၃(၂၀၀၉)မတ်လ
- မစုစုနွေးကို လွှတ်ပေးပါ
- ကြားရသမျှ မြန်မာအကြောင်း အကောင်းသိပ်မရှိ
- မပျော်ကြပါနဲ့ မီးပေးဖို့မဟုတ်ပါ သန်းရွှေကို short ရ...
- ဖိအားပေးသည်ကို အလျှော့ပေးမည် မဟုတ်ဟု KNU ပြော
- စစ်အာဏာရှင်များမှ ကိုယ်တိုင်ဖြစ်စေ၊ ထိုင်းအစိုးရမှ...
- အိပ်ရာ ကမထ ကာလနာကျကောင်
- Freedom from fear,Aun San Suu Kyi, Free Burma
- Freedom Now DASSK
- Statement of 88 Generation Students (Exile)
- မတ် ၂၄ ၂၀၀၉ သတင်းများ
- ဒေါ်အောင်ဆန်းစုကြည် နှင့် ဘီလ်ရစ်ချဒ်ဆန် စကားဝိုင်း...
- နိုင်ငံရေးသမားကောင်း ဖြစ်မြောက်ရေး (ရေးသူ မောင်ဝံသ)
- ရုပ်ကြမ်းကြီးနဲ့ နွဲ့ နေသူ..
- အာဏာရှင် ၏ လုပ်ပိုင်ခွင့်မရှိဘဲ အတင်း အဓမ္မ တရားမ၀င...
- ပညာဒါန ပါဗျို့ 
- မြို့နယ်အင်ဂျင်နီယာမှူးက ငွေပေးသည့်နေရာများသာ မီးေ...
- တခါတည်းရိုက်သတ်ပြစ်ရမှာ
- စီးပွားရေး အကျပ်အတည်း လူသန်းပေါင်းများစွာ ထိခိုက်န...
- မြန်မာ ဘယဆေးနှစ်မျိုး ခဲဆိပ်ပါ၊ ဖို့ဒ်ဝိန်းကျန်းမာ...
- ဘူးသီးတောင်ထောင်မှ နိုင်ငံရေး အကျဉ်းသား လေဖြတ်
- ကုလသမဂ္ဂက အသံတွေ..
- ဗိုလ်မှူးအောင်လင်းထွဋ်၏ တော်လှန်ရေးနေ့ သ၀ဏ်လွှာ
-
▼
March
(468)
No comments:
Post a Comment