Kaowao
မတ် ၂၂၊ ၂၀၀၉။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မြေးခံဘော် ကျေးရွာအုပ်စု၊ ညောင်တုံးကျေးရွာ၌ ခရစ်ယာန် ဘာသာရေးဆိုင်ရာ အစည်းအဝေးပွဲတခုပြုလုပ် ရန်အတွက် ဒေသခံ ခရစ်ယာန်ဘာသာရေးဆိုင် ရာ အသင်းအုပ်ဆရာများမှ လွန်ခဲ့သည့် မတ်လ (၇)ရက်နေ့တွင် မေတ္တာမြို့အခြေစိုက် ရှေ့တန်း
စစ်ဗျူဟာ(၂)မှူး ဗိုလ်မှူးကြီးဇော်သန်းနိုင်နှင့် သွားရောက်တွေ့ဆုံကာ ဘာသာရေးဆိုင်ရာ အစည်းအဝေးပြုလုပ်ခွင့်ပြုပေးရန် တင်ပြခဲ့ကြရာ နယ်မြေတည်ငြိမ်မှု မရှိသေးဟု အကြောင်းပြကာ ပယ်ချခဲ့သည်ဟု မကြာသေးခင်က ထိုင်းနယ်စပ် သို့ ရောက်ရှိလာကြသော ဒေသခံများပြောပြချက် အရ သိရပါသည်။
“နောက်ထပ်ဘာသာရေးကိစ္စနဲ့ ပတ်သက်လို့လာရောက်တင်ပြခြင်းမျိုး မပြုလုပ်ကြရန်နဲ့ တင်ပြလာခဲ့ရင်လည်း ခွင့်ပြု မည်မဟုတ်ဘူး” အသင်းအုပ်ဆရာများကို သတိပေးပြောဆို၍ ပြန်ခိုင်းခဲ့ပါသည်။
မြေးခံဘော်ကျေးရွာအုပ်စု ဒေသတဝိုက်တွင် ရှေ့တန်း-ခလရ (၂၅) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သန့်ဇင်အောင် စစ် ကြောင်း အင်အါး (၇ဝ) ဦးခန့် မြေးခံဘော်ကျေးရွာနှင့် ညောင်တုံးကျေးရွာတို့တွင် တပ်ဖြန့်လှုပ်ရှားလျှက်ရှိသည်။
ဒေသခံများကိုဂမုံးသွယ်ချောင်း အရှေ့ဘက်ကမ်းသို့ လုံးဝမသွားကြရန် အမိန့်ထုတ်ထားသည်။ ခွင့်ပြုချက်မရဘဲ ရွာပြင် ထွက်လျှင် အသေပစ်သတ်မည်ဟု ခလရ (၂၅) တပ်ရင်းမှူးက ခြိမ်းခြောက်သတိပေးထားသည်။
ဤဒေသခံများသည် တောင်ယာအလုပ်ကိုသာ အဓိကထားလုပ်ကိုင်နေရသဖြင့် နအဖတပ်များက နယ်မြေအတွင်း မ တည်ငြိမ်မှုများ ရှိနေသည်ကို အကြောင်းပြပြီး ဂမုံးသွယ်ချောင်းအရှေ့ဘက်ကမ်းဘက် ယခင်မိမိတို့လယ်ယာမြေ ဟောင်းများတွင် တောင်ယာလုပ်ကိုင်ခွင့် မပြုဘဲပိတ်ပင်ထားလိုက်မှုကြောင့် လာမည့်နှစ်အတွက်ဝမ်းစပါး အခက်အခဲ များနှင့် ရင်ဆိုင်နိုင်ဖွယ်ရှိသည်ဟုလည်း အဆိုပါဒေသခံများက စိုးရိမ်ကြသည်။
ဤကျေးရွာပတ်ဝန်းကျင်၌ KNU တပ်များဖြတ်သန်းသွားလာတတ်သည့် လမ်းကြောင်းများကို နအဖတပ်ဖွဲ့များက နေ ရာအနှံ့ လိုက်လံမိုင်းထေါင်ထားသဖြင့် နေ့စဉ်လိုလို မိုင်းပေါက်ကွဲသံများကြားနေရသည်။ ဒေသခံများသည်လည်း ရွာ ပြင်မထွက်ရဲကြပါ။
၂ဝဝ၉ခုနှစ် ဇန်နာဝါရီလမှစ၍ မတ်လအတွင်း KNU နှင့် နအဖတပ်တို့ မြေးခံဘော်ကျေးရွာအုပ်စု ပတ်ဝန်းကျင်တွင် တိုက် ပွဲ(၄) ကြိမ်သာဖြစ်ပွားခဲ့သော်လည်း ရှေ့တန်း-စဗဟ(၂)မှူး ကွပ်ကဲမှုအောက်တပ်ဖွဲ့များတွင် KNUနှင့် (၁၅) ကြိမ် ထက် မနည်းဖြစ်ပွားခဲ့ပါသည်။
“ရွာသားတွေက တပ်တွေကို ရန်သူ့သတင်းပို့တာ တာဝန်မကျေပျက်ကွက်ခဲ့တာဖြစ်တယ်။ နောက်ထပ်ခင်ဗျားတို့ ရွာ တွေမှာတိုက်ပွဲဆက်ဖြစ်နေအုံးမယ်ဆိုရင် ခင်ဗျားတို့ ရွာအားလုံးကို တရွာမကျန်ပြောင်းပစ်မယ်” ရှေ့တန်း-စဗဟ(၂) မှူးက အသင်းအုပ်ဆရာများနှင့်တွေ့ဆုံစဉ် ယင်းကဲ့သို့ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟုလည်း ဆိုပါသည်။
နယ်မြေအတွင်း နှစ်ဖက်တပ်များတိုက်ပွဲဖြစ်ပွားပြီးတိုင်း စစ်အစိုးရဘက်က အထိနာလာပြီးဆိုလျှင် ဒေသခံများကို အပစ် ပုံချ၍ နည်းမျိုးစုံဖြင့်ဖိနှိပ်အနိုင်ကျင့်ကြသည်။
ဤဒေသသည် ၁၉၉၇ ခုနှစ်က ထိုင်း-မြန်မာစစ်အစိုးရတို့ စတင်ဖေါက်လုပ်ခဲ့သော ကန်ချနပူရီ-ထားဝယ် အာရှအဝေး ပြေးမော်တော်ကားလမ်းမကြီး စီမံကိန်းကြီးကြောင့် စစ်အစိုးရတပ်ဖွဲ့များက ရွာငယ်ပေါင်း (၁၇) ရွာကိုဖျက်ဆီးခဲ့ပြီး ရွာ(၁၀) ရွာကို ဤမြေးခံဘော်ကျေးရွာအုပ်စုအတွင်းသို့ အတင်းပြောင်းရွေ့ခဲ့သည်။
ထိုင်းနယ်စပ်ဒုက္ခသည်စခန်းများတွင် အဆိုပါဒေသခံများ အများအပြားခိုလှုံရောက်ရှိနေပြီး အချို့မှာ တတိယနိုင်ငံသို့ ရောက်ရှိနေထိုင်နေကြပြီဖြစ်သည်။
အဆိုပါ အာရှအဝေးပြေးကားလမ်းသည် ထိုင်းဖက်တွင်ပြီးစီးသော်လည်း မြန်မာဖက်တွင်လုံခြုံရေး အကြောင်းပြချက် များကြောင့် (၁၀) မိုင်ခန့် မြေနီလမ်းကြမ်းငယ်သာ ရွာသားများလုပ်အားကို အတင်းအဓ္ဓမစေခိုင်းပြီး အကောင်အထည် ဖော်ခဲ့သည်။
ဤဒေသသည် KNU တပ်မဟာ ၄ လှုပ်ရှားရာဒေသဖြစ်ပြီး လမ်းပမ်းဆက်သွယ်ရေးမကောင်းမွန်သဖြင့် စစ်အစိုးရတပ်ဖွဲ့ ဝင်များအတွက် အလွန်အန္တရယ်များသောဒေသတခု ဖြစ်နေသည်။
Sunday, March 22, 2009
တနင်္သာရီတိုင်းအချို့ဒေသတွင် ဘာသာရေးဆိုင်ရာပိတ်ပင်တားမြစ်မှုများရှိနေ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
March
(468)
- တပ်မဟာ (၅) အောင်ပွဲသတင်း
- ဒေါ်စုကို မဲပေးလိုသူများ..မဲပေးနိုင်ပါပြီ
- တပ်မတော်နေ့ ညစာစာပွဲ လောက်ကောင်တွေ ၀င်နွဲနေတယ်
- 8888 people power စာစောင် ဧပြီ၂၀၀၉
- မျှော်လင့်ချက် က မှုန်တရေးရေး..
- တော်ဝင်နန်းတည်းခိုခန်း က ဗုံးကွဲမှုဓါတ်ပုံများ
- Bomb explosion in Yangon inn assessed to have kill...
- များလိုက်တဲ့စည်းကမ်းတွေ
- သူခိုးတွေပျော်ပြီး ခွေးဘုရားဖူးလည့်တော့မယ်
- မယက ဘောလုံးပွဲအတွက် ရွာသားများ ငွေကြေးထောက်ပံ့ပေးရ
- Mr Robertson ရဲ.အလောင်းရှာဖွေတွေ.ရှိ
- စင်ကာပူမှာ မြန်မာ လက်ဖက်များ ပိတ်ပြီ
- အဖားကောင်းသူ ငါနားတိုးလဟဲ့
- လူမ၀င်အောင်ဘဲ ကာတာပါ ခင်ဂျ
- အလွဲသုံးစားမှု ပုဒ်မ မြန်မာပြည်မှာ အစရှာမရဖူး
- မလုံခြုံသော ဘ၀များ..
- လူ့ ဘ၀နှင့် ဒဿနအမြင်များ(၄၈)
- နူပါတယ်ဆိုမှ သူခိုးက လာထောင်းနေပြန်ပြီ။
- ရွေကို မလို ။ ယူရေနီယမ်ကို လိုသည်။
- လူသတ်၊ ဓားပြတိုက်၊ စိန်ရွှေငွေ လုယက်နေတဲ့ စစ်ခေါင်း...
- ယဇန လ္ဘက်မှာ ဆိုးဆေးပါသည်ဟုဆိုပြီး စင်္ကာပူ အစိုးရတား...
- ဒီမိုကရေစီ ဥယျာဉ်မှူးကြီး
- မြန်မာ နယ်စပ် သံဆူးကြိုးကာမှု ဘင်္ဂလားဒေ့ရှ်က ဖြေရှင်...
- ရေပေါ်ဆီ လူတန်းစားတွေ..နဲ့ ကျူပ်တို့ မြန်မာပြည်..
- လာပါ အတူသွားစို့ 
- အာဏာပိုင်တို့ ရက်ရက်ရောရော လှူဒါန်းကြပြီ
- လမင်းတရာ ( ကြည်အောင်)
- စစ်ငနွားတွေက မြန်မာပြည်ကို တိုင်းတစ်ပါးသား လက်ထဲရေ...
- မြန်မာ ဘလော့ဂါ တစ်ဦးပြုစုသော "မြန်မာ-အင်္ဂလိပ်" အဘိ...
- ကန်ထုတ်ကြစို့ 
- UN Relieve report on Burma (MM) FYI
- အသွားမတော်ရင် တစ်လှမ်း..ဒီခေတ်ကြမ်းကြီးထဲ
- စာရေးဆရာ ကျော်ဝင်း စာဖတ် သူများသို့ ပြန်ကြားခြင်း
- နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဝိုင်းဝန်းကြို...
- တိုင်းထပ်ခွဲတယ်..
- နအဖ စစ်ခွေးလောက်ကောင်တွေ
- (၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနာ...
- Gmail Address ကိုသူများမသိရအောင် ဘယ်လိုလုပ်မလည်း
- အရေးကြီးဆုံးစိတ်ဓာတ်
- G Talk လုံခြုံရေး..
- မြန်မာ နဲ့ အာရှရဲ့ ရေအဆိပ်သင့်မှု
- သူတို့ မှဘဲ အသက်ရှိ...
- သန်းရွှေပုံတူ ပြပွဲ
- REAL VIRUS (Conficker)
- တရုတ်လဲ ချီးထုပ်ကို စိတ်ညစ်နေပြီ
- အောင်ပွဲသတင်း
- ကုန်ပါပြီဗျာ..
- စော်ကားချည့်ခံနေရတဲ့ မြန်မာ
- မြန်မာနိုင်ငံမှာတော့ အယ်ဒီဆင်ကို နေ့တိုင်းဂုဏ်ပြု...
- ရည်ရွယ်ချက်ရှိရှိ သာသနာတော် ညှိုးနွမ်းပျက်စီးစေတဲ့...
- တော်လှန်ရေး နေ့ အကြိုဗုံးပေါက် ကွဲမှုသည် ပြည်ပအဖွဲ ...
- ဗိုလ်မှူး(ဟောင်း)အောင်လင်းထွဋ် (စစ်ထောက်လှမ်းရေးနှ...
- ဗမာပြည် အတွင်းမှ မတူညီသော လူနေမှုအဆင့်အတန်း
- ကျေးဇူးတင်ပေးကြပါခင်ဗျာ
- (၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား
- Tracking to former ABSDF chairman Tun Aung Kyaw
- အင်္ဂလိပ်စာ ကြောက်စရာမလို
- Earth Hour (မတ် ၂၉ ၂၀၀၉ ည ၈း ၃၀ မှ ၉း၃၀ အထိ)
- မတန်မရာအသက် ၉၀ နေချင်ရသတဲ့ အဟိ
- ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီမှ ထုတ်ဝေသော မတ်လထု...
- အစိုးရမကောင်းလို့  အလောင်းမလှ အရပ်ကောင်းမှ အလောင်း...
- မိပြီ..ဒင်းတို့ လက်ချက်
- တွံတေး ကျူရှင်ဆရာ ဆန္ဒပြပြန်ပြီ
- မတ် ၂၇ ၂၀၀၉ သတင်းများ
- ဖက်ဆစ် တော်လှန်ရေးနေ့သာဖြစ်ဟု အန်အယ်ဒီ ပြောကြား
- မြန်မာပြည် လူ့အခွင့်အရေးချိုးဖောက်မှု ကုလ ရှုတ်ချ
- မယား ငယ်ချွဲချွဲရုံနဲ့  ဒို့ တွေ မယုံ
- သူဘဲ လူတတ်ကြီး
- မြို့ပြအပူမီး ဖိစီးနေတဲ့မြို့
- ဗိုလ်ချူပ်ဖွဲ့ခဲ့တာ ပြည်သူတပ်မတော် နွားတွေလက်ထက်ကျ...
- မီးမလာ ရေမလာ ဆိုးဆေး များတဲ့ မြန်မာ
- မုဒိန်းတပ်မတော်ကို အညှီ ပျောက်အောင်လျှော်စေချင်တယ်
- လူတစ်ယောက် သုံးသိန်းဘဲ တန်လား
- ခွေးတွေ ခွေးပါးဝနေတယ်
- သတ်မတော်နေ့ 
- အကောင်းဆုံး မြေသြဇာ အဖွဲ့ရဲ့ မတ်လတော်လှန်ရေး..
- ဆန္ဒတွေ ထုတ်ဖေါ်ကြစို့ 
- ဗိုလ်မိုးကြိုး အပြန် နောက်ကြောင်း လှန်လိုက်သည့် ဗု...
- သာသနာ့ဥသျှောင်(ဘင်္ဂလာဒေ့ရှ်)၏ ကျေညာချက်
- ဗိုလ်ချုပ်အောင်ဆန်း၏ပင်ကိုသဘာဝစရိုက်..
- အိုးဝေသံမြိုင်မြိုင် တဖန်ပြန်ကာနိုးထမဲ့ ဟစ်တိုင်
- မြောက်ဥက္ကလာပတွင် ဗုံးပေါက်ကွဲ
- ရဲဘော်သုံးကျိပ်ဝင်က တပ်မတော် ဦးဆောင်မှုကို မလိုလား...
- ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်
- ဧရာတီကို တရားစွဲဆိုလိုက်သည်ဟု UDP ဦးကျော်မြင့်ြေ...
- (၈၈) မျိုးဆက်ကျောင်းသားများက စစ်အစိုးရ၏ အခြေခံဥပဒေ...
- ၂၀၁၀ ရွေးကောက်ပွဲ အားလုံးလက်ခံနိုင်အောင် ကျင်းပဖို...
- စုစည်းကြပါ...
- ခလေးတောင်သိတယ်
- ကိုယ်ဟာကိုယ်တောင်မနိုင်ဘဲ သူများနိုင်ငံရေးလာပွဲစား...
- ဖိုးလပြည့်..ဘာညာဘာညာလုပ်ခံရတဲ့ ဝတ်မှုံရွှေရည်
- ဗိုလ်ချုပ်မူးကြီးသန်းရွှေ ရာထူးကျသွားပြီ
- မြန်မာ ကောင်လေးကိုသိကြပါသလား..သိသူရှိရင် ဖော်ထုတ်ေ...
- မြန်မာ သူခိုးတွေ သတ်တယ်တဲ့ဗျာ.( Yachtsman killed b...
- ကျောင်းသားအရေးတော်ပုံ ( ကိုဗဟိန်း ရေးသည်)
- UN Special Rapporteur on Human Rights in Burma (VO...
- Global Campaign for Free Political Prisoners (VOA ...
- မမေ့နိုင်တဲ့ မြန်မာ့အာဇာနည်များ..(ဗိုလ်အောင်ကျော်)
- မမေ့နိုင်တဲ့ မြန်မာ့အာဇာနည်များ..(ဆလိုင်း တင်မောင်...
- အဆိုတော် စိုင်းထီးဆိုင် ၁ နှစ်ပြည့် အလှူ
-
▼
March
(468)
No comments:
Post a Comment