Saturday, March 14, 2009

အေဇော်ကြီးမှတ်စု

MMCP

သင်္ကြန် မတိုင်မီ အထိ ဘယ်စီးပွားရေး မှ အထ မကောင်းနိုင်ပေမဲ့ ၊ အခုတော့ သင်္ကြန် အတွင်းအဆင်ပြေနိုင်မဲ့ စီးပွားရေး အတွက် လူတွေ စလှုပ်ရှားနေကြပါပြီ ။ အဲဒါက တော့ သင်္ကြန် ရေကစား မန်းဒတ် ထောင်ဘို့ပါ။ ဒီ လုပ်ငန်း တွေ က လဲ နာမည်ကြီး အဆိုတော် ၊ ရုပ်ရှင်သရုပ်ဆောင်တွေ က စ လုပ်ခဲ့ တဲ့ စီးပွားရေး လုပ်ငန်းဖြစ်ပေမဲ့ ၊ အခုတော့ အကွက်မြင်သူစီးပွားရေး သမား ၊ သူသူ ငါငါ က ဝင်လုပ်နေကြတဲ့ စီးပွားရေး လုပ်ငန်း တခု ဖြစ်လာပါပြီ။

အခု ရောင်းနေတဲ့ လက်မှတ်တွေ က သင်္ကြန် ၄ ရက်လုံးစာ က တယောက် ကို ၄သောင်းခွဲပါ။ အဲဒါ က အေပြီလ မှာဝယ် ရင်ရောင်းမဲ့ ဈေးပါ ၊ အခု ပရိုမိုးရှင်းကာလ မတ်လ အတွင်းဝယ်ရင် ၃ သောင်းခွဲပါတဲ့ ခင်ဗျ ။ မအားလပ် လို့ တရက်ချင်း ရေ ကစားချင်လဲ ရ ပါတယ်တဲ့။ တရက် ကို တယောက် အတွက် ၁သောင်းခွဲပါတဲ့ ၊ အဲဒါ က အေပြီလ ရောင်းဈေးပါ။ အခု ပရိုမိုးရှင်းကာလ မတ်လ အတွင်း ဝယ်ရင်တော့ တရက် ကို ၁ သောင်းပါ တဲ့ ခင်ဗျ။
အဲ နောက်ဆုံးနေ့ တရက်ဘဲ ကွက်ဝယ်ရင်တော့ ၂ဝဝဝဝ ပါ ခင်ဗျာ။

ဒီ မန်းဒတ် က အင်းယားလမ်း က ဈေးပါ။ ၄ ဆင့် ဆောက်ထားတဲ့ ရေပက်စင် ၊ ကြိုက်သလောက် က နိုင်တဲ့ က ကွင်း ၊ ဒစ္စကို လိုက် ၊ မီးမောင်း ၊ နီယွန် အလှမီး ၊ မီးခိုး တိမ်လွှာ အလှဆင်စက် ၊ အစုံပါ ပါမယ်။ ပန့်ခ်ျ ယမကာ က ကြိုက်သလောက် သောက် ၊ ဘီအီး
မန်ကျည်း ၊ ပင်လယ်တံဆိပ် တောအရက် တွေ နဲ့ သေချာ ဖျော်ပေးထားမှာ ပါတဲ့ ခင်ဗျ။
ဘီယာ တို့ ဘလက် တို့ ၊ ရက် လေဘယ် တို့ က တော့ ကန်ထရိုက် ဆီ က ဝယ်သောက်ရ မှာပါ။ အသံပိုင်း က တော့ လူ ကို လွင့်သွားစေ မယ် တဲ့ ၊ ပရောဂျက် တူး ၄ စုံ ၊ ပရောဂျက်သရီး ၄ စုံ အတွဲလိုက် တပ်ပေးပါမယ်တဲ့ ခင်ဗျ။

ရေပက် ပိုက် က အစုံ ၅၅ဝ တပ်ပေးထားပြီး ၊ လိုအပ်ရင် ထပ်တပ်ပေးဦး မှာတဲ့ ခင်ဗျ။ မီးသတ်ပိုက် စပယ်ရှယ် က ရှစ် ခု ၊ အဲ ဒါ ကို ကိုင် ချင်ရင် ပိုက်ဆံ ထပ်ပေး ရ မှာ ပါတဲ့ခင်ဗျ ၊ လက် မှတ် က တော့ ပိုက် အရေ အတွက် ၄ ဆ လောက် ၊ စောင်ရေ ၂၂ဝဝ လောက်
ရ အောင်ရောင်း မှာပါ ၊ ပျန်းမျှ တစောင် ကို တရက် အတွက် ၁ သောင်း နဲ့ သင်္ကြန် ၄ ရက်စာ သိန်း ၉ဝဝ ဘိုးလောက် တော့ ဝင်ငွေ ရှိမယ်ထင်ပါတယ် ၊ နေ့လည်စာ အစားအစာ ရောင်းတာ ဘီယာ ယမကာ ရောင်းတာ ၊ အဆင်ပြေသွားကြ သူတွေ အတွက် ခန တဖြုတ် ၊ တဲ စရာ ၊အကွန်မိုဒေးရှင်း အခန်း စီစဉ်ရောင်း ပေးတာ တွေ နဲ့ ဆို ရင် ၊ တိန်တိန် မည်မယ်ထင်ပါ့ ဗျာ ။

ဒါတွေ က လဲ အကုန် ကန်ထရိုက် ပြန်ပေး လိုက်တာပါ ၊ ရေ ပိုက် တွေ ဆက်တာ ၊ ရေ ပက်ပိုက် တွေ သွယ်တာ ၊ ကန်ထရိုက် ကို သူ့ ပစ်စည်း နဲ့ သူ လာ ၊ ပြီးရင် အကုန်ပြန်ဖြုတ်ယူသွား ၊ မန်းဒတ် တို့ စင်တို့ ဆောက် မဲ့ သူလဲ ၊ သူ့ ပစ္စည်း နဲ့ သူ လာ ၊ ပွဲပြီး
ရင် အကုန်ပြန်ယူသွား ၊ အဆင်ပြေပါတယ် ၊ လုပ်နေကျ လူ ဆိုရင် ပစ္စည်း က ၅ ရာခိုင်နှုန်းတောင် အဆုံး အရှုံး မရှိပါဘူး ၊ အခု လူတွေ အလုပ်ပါး နေတော့ လုပ်မဲ့ လူတွေ အများကြီးပါ ။ လျပ်စစ် မီးသမား ၊ စပီကာ သမား ပရေဂျက် တူး သရီး စက်တွေ လဲ ကန်ထရိုက်
လိုက် လုပ်သူတွေ အများကြီး ရှိပါတယ် ၊ အခု အချိန် က စပြီး စရန်ပေး ထား နိုင်ရင်အလုပ်ဖြစ်ပါတယ် ၊ အခုတော့ အပျော် သဘောပေါ့ ဗျာ ၊ တယောက် ၁ဝ သိန်းစီ လောက် နဲ့၁ဝ ယောက်လောက်စု ၊ သိန်း ၁ဝဝ လောက် ရှိရင် ခု န ပြော တဲ့ စရန်ငွေ အားလုံး
ပြေလည်အောင် စီစဉ် ပေးနိုင်ပါတယ်။

မန်းဒတ် အတွက် ၊ ရေ အတွက် ၊ မီး အတွက် ၊ ဒစ္စကို တွေ ၊ အသံချဲ့ စက် တွေ အတွက်ကန်ထရိုက် ဘိုးပေးရ မဲ့ ငွေ တွေ က အသေ တွက် လို့ ရ ပေ မဲ့ ၊ မန်းဒတ် လုပ်ခွင့် ပါမစ်ရရေး ဟို ကန်တော့ ၊ ဒီ ကန်တော့ ၊ ဟို ရုံး ကို ပိုက်ဆံပေး ၊ ဒီ ရုံး ကို ပိုက် ဆံ ပေး ရ မှာ
တွေ က ၊ဘယ်လောက် ဘိုး ကုန် ရ မှန်း ၊ မပြော နိုင် ပါ ။ ဒီ စရိတ် က ဈေး အကြီး ဆုံးပါ။ ပွဲ ပြီး သွား ရင် ကန်ထရိုက် အသီးသီး က ကိုယ့် ပစ္စည်း ကိုယ်ပြန်ဖြုတ် သိမ်းသွား လို့ စာရင်းရှင်း ၊ စရိတ် သက်သာ သွားပေ မဲ့ ၊ ခု န က ဟို ကန်တော့ ၊ ဒီ ကန်တော့ လို့
ကုန်ထား သမျှ ပိုက်ဆံ တွေ က ၊ ပုလိပ် ချေးငွေ ၊ ကြက် သောက်ရေ ၊ ဘုရား ရွှေချ ပြန်မရဆို သလို ၊ ဘာ တခု မှ ၊ ပြန် ရ လမ်း မမြင် ကြောင်း ပါ ဗျား ။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်