Sunday, March 15, 2009

စံပြကျေးရွာမှ အမျိုးသမီးငယ် နှစ်ဦး မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခံရ

3/15/2009

ဘူးသီးတောင်မြို့နယ် နတလ စံပြကျေးရွာမှ အမျိုးသမီးငယ် နှစ်ဦးကို မူဆလင်ဘာသာဝင် ၅ ဦးက မတ်လ ၁ ရက်နေ့က မုဒိမ်းကျင့်ပြီး သတ်ဖြတ်လိုက်ကြောင်း သတင်းရရှိသည်။

သတ်ဖြတ်ခံရသူ အမျိုးသမီး နှစ်ဦးမှာ ဦးမောင်မောင်သန်း (၄၈) နှစ်၏ သမီးနှစ်ဦး ဖြစ်ပြီး ဘူးသီးတောင်မြို့နယ်

တောင်ဘဇားကျေးရွာအနီးတွင် တည်ရှိသော သရဖီ စံပြကျေးရွာမှ ဖြစ်သည်။

ဦးမောင်မောင်သန်း၏ သမီးအကြီးမှာ အသက် ၂၃ နှစ်ဖြစ်ပြီး အငယ်မမှာ အသက် ၁၉ နှစ်ဖြစ်သည်၊ သူမတို့ နှစ်ဦး စလုံးမှာ ဟင်းသီး ဟင်းရွက် စိုက်ပျိုးပြီး အသက်မွေး ၀မ်းကျောင်း ပြုနေသူများ ဖြစ်သည်။

ဘူးသီးတောင်မြို့မှ အမည်မဖေါ်လိုသူ ရဲအရာရှိ တဦးက သူမတို့ နှစ်ဦးအား မတ်လ ၁ ရက်နေ့ ညနေ ၄ နာရီတွင် သူမတို့နေထိုင်ရာသို့ မူဆလင် ဘာသာဝင် တဦး ရောက်ရှိလာပြီး ဟင်းသီးဟင်းရွက်များ ၀ယ်ယူလိုကြောင်း ပြောကြားသဖြင့် အဆိုပါ အမျိုးသမီးနှစ်ဦးမှာ ဟင်းသီး ဟင်းရွက်များ ရောင်းချရန် သူမတို့ နေထိုင်ရာ နတလ စံပြကျေးရွာမှ (၃) ဖါလုံ အကွာအဝေးတွင် တည်ရှိသော သူမတို့ စိုက်ခင်းသို့ လိုက်ပါသွားခဲ့သည်။ စိုက်ခင်း အရောက်တွင် အသင့်စောင့်နေသော မူဆလင်ဘာသာဝင် ၅ ဦးမှ သူမတို့ နှစ်ဦးအား မုဒိမ်းကျင့်ပြီး သတ်ဖြတ်ပစ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

သူမတို့ နှစ်ဦး၏ အလောင်းအား မိသားစုများနှင့် ရဲတပ်ဖွဲ့ဝင်များက ညဉ့် (၁) နာရီတွင် တောင်ဘဇား ချောင်းဘေးမှ ရှာဖွေ တွေ့ရှိခဲ့သည်။

ရဲအဖွဲ့၏ စစ်ဆေးချက်အရ မုဒိမ်းမူ ကျူးလွန်သူများမှာ မည်သူ မည်ဝါ ဖြစ်သည်ကို သိရှိပြီး ဖြစ်သော်လည်း အဆိုပါ ကျူးလွန်သူများမှာ ယခုအခါ တဘက်နိုင်ငံသို့ ရှောင်တိမ်းသွားပုံရသည်ဟု အဆိုပါ ရဲအရာရှိက ပြောသည်။

မုဒိမ်းကျင့်ခံရပြီး သေဆုံးသွားသူ အမျိုးသမီးငယ် နှစ်ဦး ဗမာ လူမျိုးများ ဖြစ်ပြီး အသက် ၂၃ နှစ် အရွယ်ရှိသူ အမျိုးသမီးမှာ ကလေးနှစ်ဦးကျန်ရစ်ခဲ့ကာ ကျန်တဦးမှာ အိမ်ထောင်မရှိ အပျို ဖြစ်ကြောင်း သိရသည်။

1 comment:

Maharsein said...

ဒီသတင်းတွေကိုသတိတော့ထားဗျို့
အမှန်ဆိုပြီး လက်ခံမိရင် စစ်အစိုးရက နဂိုကတည်းက ဒင်းတို့ မဖြေရှင်းနိုင်တာတွေဖြစ်လာရင် လူမျိုးရေးအဓိကရုဏ်း ဖြစ်အောင်လုပ်ပြီး လူတွေအာရုံပြောင်းသွားအောင်လုပ်နေကြပဲ

Post a Comment

ယခင် သတင်းများ ဖတ်ရန်