Sunday, March 15, 2009

ပို့ စကဒ် campaing နှင့် ဆန္ဒပြတောင်းဆိုပွဲ nagoya(japan)




၁၅ မတ် ၂၀၀၉
နာဂိုယာရှိမြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများ(LDB-NAGOYA)မှ
ဂျပန်အစိုးရအနေဖြင့် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်
အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးချွင်းချက်မရှိလွှတ်ပေးရေးအတွက်၎င်း
၂၀၀၈ တွင်အဓမ္မဓါးမိုးသေနတ်မိုး၍အတင်းအကြပ်အတည်ပြုလိုက်သည့်အခြေ
ခံဥပဒေသည်။စစ်အာဏာရှင်သက်ဆိုးရှည်ရေး၊စစ်အာဏာရှင်လူတစ်စုကောင်း
စားရေးဥပဒေဖြစ်နေသည့်အတွက်ထိုအခြေခံဥပဒေနှင့်ပြုလုပ်မည့် ၂၀၁၀ရွေး
ကောက်ပွဲသည်မြန်မာ့နိုင်ငံရေးပြဿနာကိုမပြေလည်နိုင်ပါ။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD အပါအ၀င် တိုင်းရင်းသားနိုင်ငံရေးအင်အားစု
များဖြင့်ညှိနှိုင်းကာအခြေခံဥပဒေကိုပြင်ဆင်ဖြည့်စွက်ရေးဆွဲနိုင်ရေးအတွက်၎င်း။
မြန်မာ့ရေးရာကျွမ်းကျင်သူမြန်မာနိုင်ငံရေးဆိုင်ရာဂျပန်သံတမန်တစ်ဦးအမြန်ခန့် 
အပ်ကာမြန်မာ့နိုင်ငံရေးအပြောင်းအလဲအတွက်ပိုမိုဖိအားပေးလုပ်ဆောင်ရန်..
ပို့ စကဒ် campaing နှင့် ဆန္ဒပြတောင်းဆိုပွဲ ကို ဒီနေ့ ပြုလုပ်ခဲ့ ပါသည်။
ပေးပို့ သူ ကိုကျော်စိုး
LDB- nagoya

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်