Saturday, March 7, 2009

အကျဉ်းသားများကို မတရား ညှင်းပမ်းနှိပ်စက် ရက်စက်စွာ ဆက်ဆံနေခြင်း

အကျဉ်းသားများကိုမတရားဆက်ဆံနေခြင်း

ရန်ကုန် မတ် ၇

ပြီးခဲ့သော ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မတရားဖမ်းဆီးအရေးယူခံထားရသော ပြည်တွင်းအဖွဲ့ငယ် တစ်ခုဖြစ် သည့် မတသဖ (မြန်မာ့တပ်မတော်သစ်ဖွဲ့စည်းဖြစ်မြောက်ရေးအဖွဲ့) မှ ကိုနေ အား ယနေ့ထိတိုင်မည်သည့် နေရာတွင် ထားရှိမှန်းရေရေရာရာ မသိရသေးသည့်အပြင် ၎င်း၏အခြေအနေ နှင့်ပတ်သက်၍ သတင်း အမျိုးမျိုးလည်း ထွက်ပေါ်နေသည်။ နီးစပ်ရပ်သတင်းရပ်ကွက်များမှ ခိုင်လုံသောသတင်းတစ်ခုအရ ကိုနေ အား လုံးဝရုံးထုတ်စစ်ဆေးမည် မဟုတ်ကြောင်းကြားသိရသဖြင့် သူ့ အ တွက်စိုးရိမ်စရာ အခြေအနေ ရှိကြောင်း။ ဥပဒေအရ သာမညအားဖြင့် နိုင်ငံရေးသမားများအားဖမ်းဆီးရာတွင် ထောင်ဒဏ်ချမှတ်ရန် ရုံးထုတ်လေ့ရှိသည်။ လက်နက်ကိုင် တော်လှန်ရေးသမားများ၊ ပုန်ကန်သူများ၊ပုန်ကန်ရာကြံစည်သူများ၊ တော်လှန်ပုန်ကန်မှု နှင့် ဆက်စပ်နေသူများကို မူ ဥပဒေအရအပြင်းထန်ဆုံးအရေးယူနိုင်ရုံတင်မက စစ်ဆေးမေးမြန်းရာတွင် ဖြေကြားခြင်း မရှိပါက ခက်ထန် နေပါက စစ်ဥပဒေအရ ရုံးမထုတ်ပဲ နှစ်သက်သလိုစီရင်ပိုင်ခွင့်ရှိသည်။ သမိုင်းတွင် အချို့ ယူဂျီများသည် တောတွင်း လက်နက်ကိုင်များ နှင့် အဆက်အသွယ် ရှိနေသဖြင့် စစ်တပ်မှ ကွပ်မျက်ခြင်းခံရသည့်သာဓက ရှိသည်။ယမန်နေ့က ကိုနေ့ မိဘများ အင်းစိန်ထောင်သို့မေးမြန်းခဲ့ရာ ထောင်အာ ဏာ ပိုင်များက ၎င်းသည် အင်းစိန်ထောင်တွင်မရှိကြောင်းဖြေကြားခဲ့သည်။ ကိုနေ ၏အခြေအနေသည် အင်မတန် စိုးရိမ်ဖွယ်ရှိသည်။ မကြာသေးမီက ဖမ်းဆီးအရေးယူခံထားရသည့် ကိုနေ၏ မိတ်ဆွေဖြစ်သော ကိုသန်းမြင့်အောင်(ဘလော့ဂါ မျိုးမြင့်အောင်) ကိုလည်း မည်သို့စီရင်မည်မသိရသေးပါကြောင်း။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်