Monday, March 2, 2009

ယတြာချေပြန်ပြီလား

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ဖြင့် ၂၀၁၀ အပြီး ပုဂ္ဂလိက ဘိလပ်မြေစက်ရုံ (၈) ရုံ ဆောက်ခိုင်း
NEJ /၃ မတ် ၂၀၀၉



ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြန်မာနိုင်ငံတွင်း ပုဂ္ဂလိက ဘိလပ်မြေစက်ရုံ (၈) ရုံကို ၂၀၁၀ အမီ အပြီးတည်ရန် ညွှန်ကြားထားသည့်အတွက် စက်မှု(၁) ၀န်ကြီးဌာနမှ အပူတပြင်း အကောင်အထည်ဖော်နေသော်လည်း မပြီးစီးနိုင်ကြောင်း ဘိလပ်မြေစက်ရုံ တည်ဆောက်ရေးကုမ္ပဏီ ၀န်ထမ်းတဦးက ပြောသည်။

ကုမ္ပဏီအလိုက် ဘိလပ်မြေစက်ရုံတည်မည့်နေရာများမှာ မက်စ်မြန်မာကုမ္ပဏီက တောင်ဖီလာ(လယ်ဝေး)၊ ထူးကုမ္ပဏီက

ပျဉ်ညောင်-သာစည်၊ အေးရှားဝါးကုမ္ပဏီက ပျဉ်ညောင်-သာစည် ၊ ရွှေတောင်ကုမ္ပဏီက ပျဉ်ညောင်-သာစည် ၊ ရွှေသံလွင်ကုမ္ပဏီ (နေရာမသတ်မှတ်ရသေး) ၊ ကမ္ဘောဇကုမ္ပဏီက ပင်းပက်-တောင်ကြီးနှင့် ပျဉ်ညောင်-သာစည်မှာ ရတနာသိင်္ဂီနှင့် Mother Trading ကုမ္ပဏီများက အသီးသီး တည်ဆောက်ရမည်ဖြစ်သည်ဟု စုံစမ်းသိရသည်။

ရတနာသိင်္ဂီနှင့် Mother Trading ကုမ္ပဏီများက တည်ဆောက်မည့် ဘိလပ်မြေစက်ရုံများအတွက် ၀န်ကြီး ဦးအောင်သောင်း၏ ရှယ်ယာပါသည်ဟု စက်မှု(၁) ၀န်ကြီးဌာနနှင့် ပုဂ္ဂလိက ကုမ္ပဏီများကြား ပြောဆိုနေသော်လည်း ခေတ်ပြိုင်မှ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စက်ရုံများကို ၂၀၁၀ ခုနှစ်အမီ အပြီးတည်ဆောက်ရန် ၀န်ကြီး ဦးအာင်သောင်းက ဖိအားပေးနေသော်လည်း မပြီးနိုင်ကြောင်း ပညာရှင်များက ပြောသည်။ ဘိလပ်မြေစက်ရုံများ တည်ဆောက်ရာတွင် ၀န်ကြီး ဦးအောင်သောင်းနှင့် ရင်းနှီးသည့် တရုတ်ကုမ္ပဏီများဖြစ်သည့် ဖုန်းဖေးတရုတ်ကုမ္ပဏီ (China JPG) (Jian Su Penf Gei) မှ စက်များကိုသာ ၀ယ်ယူတတ်ဆင်ရမည်ဟု ဦးအောင်သောင်းက ညွှန်ကြားထားသဖြင့် ကုမ္ပဏီများ မကျေမနပ်ဖြစ်နေသည်ဟု စုံစမ်းသိရသည်။

သို့သော် ရတနာသိင်္ဂီ ကုမ္ပဏီပိုင်ရှင် ဦးအိုက်ရီဆိုလျင် ဦးအောင်သောင်း ဗျူဟာမှူးဘ၀ ကတည်းက လူယုံတပည့်ဖြစ်ခဲ့သည့်အတွက် ယခုအခါ စက်မှု(၁) ၀န်ကြီးဌာန တခုလုံး၏ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် တရုတ်ကုန်ကြမ်းများ ၊ တရုတ်စက်ပစ္စည်းများ သွင်းခွင့်ရထားသူ ဖြစ်သည်ဟု ဦးအောင်သောင်း၏ လက်ထောက် အကြီးအကဲတဦးက ပြောသည်။

ဝန်ကြီး ဦးအောင်သောင်းသား ကိုနေအောင်ကလည်း စင်္ကာပူရှိ သူပိုင်ကုမ္ပဏီမှတဆင့် စက်ပစ္စည်းများ ပေးသွင်းလျက်ရှိသကဲ့သို့ နေပြည်တော် ဟိုတယ်ဇုံမှာလည်း မတ္တရ အမည်ရှိ ဟိုတယ်ကြီးတခု တည်ဆောက်လျက်ရှိသော်လည်း မပြီးနိုင်ဖြစ်နေသည်ဟု နေပြည်တော် မျက်မြင်သက်သေများက ပြောသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်