Tuesday, March 17, 2009

ဗိုလ်သန်းရွှေ ဘယ်လမ်းရွေးမလဲ

- ဖူးဒို -
ခုတလော သန်းရွှေအိပ်မပျော်တဲ့ရက်တွေများနေပြီ။၂၀၀၉ သူ့ကံဇာတာမကောင်းတာရယ်၊ နိုင်ငံတကာခုံ၇ုံးကဆူဒန်သမ္မတကိုဝရမ်းထုတ်တာတွေ၊ ပြည်တွင်းကတခုပြီးတခုပေါ်လာတဲ့ပြသာနာတွေ၊ အမယ်တွေစုံနေတော့ နေ၀င်ချိန်အတွက် ရတက်မအေး ဖြစ်နေပါတယ်။

ကျန်းမာရေးဝန်ကြီးဒေါက်တာမြင့်ဆွေကပြောတယ် သူ့၇ဲ့နေ့စဉ်တာဝန်က “ညစဉ်ခလေးသိပ်ဖို့တဲ့” ။

သြော်..တိုင်းပြည်တာဝန်ကျေ ပြွန် သောဝန်ကြီး ကောင်း ဖြစ်ပါတယ်။ ၀ဋ်လည်မှာကြောက် လို့တပ်ကဆရာာဝန်တွေအစကတည်းကမသုံးဘူးတဲ့။ သြော်.. ၀ဋ်ဆိုတာလွတ်မယ်တဲ့လား…

အတွင်းရေးမှုး(၂) ဗိုလ်ချုပ် တင်ဦးကိုရှင်းတဲ့ကိစ္စ၊ ဒီပဲ၇င်း၊ ဗိုလ်ချုပ်ခင်ညွန့် ကိုအဖွဲ့လိုက် ဖြုတ် သည့် ကိစ္စ၊ စက်တင်ဘာမှာ ဘုန်းကြီး များ ကို သတ်တဲ့အမှု့ ၊ နာဂစ်မုန်တိုင်းအမူ့… စတဲ့ အမူ့ ပြသာနာပေါင်းများစွာတွေ။
ဒီကြားထဲဒ်ါကြိုင်ကြိုင် အင်းယားလမ်းလူသတ်မူ့.. ...သမီးတော်တွေကလည်းတမှောက် ..လုပ်ငန်းပါ မစ်ကိုအပြိုင်အ ဆိုင်လုကြတာ တိုင်းပြည် ဘဏ္ဌာ သူ့ဥစ္စာတဲ့…..သြော် တမလွန်မှာ တောင် ဥစ္စာစောင့်
နေရာာ ကို အပြိုင်အဆိုင် လုမှာ သေချာတယ်။ တမလွန်တောင်မရောက်ကြသေးဘူး၊ အတွင်းေ၇းမှုး(၂) ဗိုလ်ချုပ် တင်ဦးရဲ့ သား လက်စားချေတာ ခံလိုက်ရသေးတယ်။ အရပ်ကောင်းရုပ်ချောတဲ့ အိမ်ထောင်သည် အတွင်းရေှးမှူုး(၂) ဗိုလ်ချုပ်တင်ဦး ရဲ့ သားက သမီးတော်တပါးကို အငယ် အနှောင်း အနေ နဲ့ ထား တယ်။ ကိုယ်ဝန် ရှိလာတော့ လိုတရ တော်ဝင်ဘ၀တွေရဲ့ သဘာဝအတိုင်း သူ့ ကိုကွါ ငါ့ကိုယူ ဆိုပြီး သမီးတော်
က တောင်း ဆိုလာတယ်။ ဒါပေမယ့် မင်းသားငယ်ကတော့ ဟင်အင်းတဲ့။ အချေအနေလည်းမကောင်းေ၇ာ သမီးတော် က တဆင့်နှိမ်ကာ ဒူး ထောက် တောင်းပန်အသနားခံကာ ညှိနိုင်း လေ ရဲ့၊ သို့သော်လည်းမင်းသားငယ် ကတော့ ဟင်အင်း မှ ဟင်အင်းတဲ့။ ဒါ ကိုသိတော့ ဘကြီးတော်က ဒေါသူပုန်
ထပြီး အသင်လူမိုက်အား သေစားသေစေ ဆိုပြီး အမိန့်တော်ချတော်မူလတံ့။ သို့ပါသော်ငြားလည်း သေကံ မရောာက် အသက်မပျောက်တဲ့ မင်းသားငယ်ဟာ ကံကြမ္မာ ရဲ့ မျက်နှာသာပေးမူ့ကိုရရှိကာ ကားတိုက်မူ့ဖြင့် ခါးကျိုး ကာ ဆေးရုံ သို့ရောက်သွားပါတယ်။

အချစ်ဆိပ် တက်နေသော သမီးတော် ဟာ ရလိုရ ငြား ဆေး ရုံသို့နေ့စဉ် ရောက် သော် ဘကြီးတော်သန်းသည် အမျက်ထွက် ကာ ပေးမတွေ့ရ ဟု အမိန့်တော်ချတော်မူ၏။ သို့သော်လည်း ဘကြီးတော် ၏ အမိန့်တော်သည်
သမီးတော် ၏ အချစ်ဆိပ် ကို မတားဆီးနိုင်ပါ။ ကြားတွင် မြေစာပင် ဖြစ်နေသူတွေကတော့ ဆေးရုံအုပ် နှင့် ဆေးရုံ ၀န်ထမ်းတွေပင်။ အချေအနေမကောင်းသည့်အဆုံး ဆင်သေကို ဆိတ်သားရေ နှင့် ဖုံးမရလည်း နွားသားရေ ဖြင့် ဖံုးစေဟု အမိန့်တော်ချတော်မူသဖြင့် ခိုင်းကောင်း သော နွားတကောင်ကို ရှာစေ ၍် သမီးတော်ကို လက်ဆက်စေသတံ့။

သို့ပါ သော်ငြားလည်း တပူပြီး တပူဆင့်ကာဆင့်ကာ ပေါ်တော်မူ၏။ “ စိန်စီသော ညများ ” အခွေသည် ဘကြီးတော် ၏ထိပ်တော်ကို အညာ ခုံဖိနပ် ဖြင့် ထုသလိုခံရသဖြင့် အမျက်ထွက်တော်မူကာ အဆိုပါအခွေ လက်ဝယ် ရှိသူ ကို ထောင်ဒဏ် ၁၂ နှစ်၊ ကြည့်သူကို ထောင်ဒဏ် (၇) နှစ် အသီးသီးကျစေ ၍် အရှက်တော်
ကို ဖြေတော်မူ သတည်း။

ဤ ကဲ့သို့ တိုင်းပြည်အရေးထက် မိသားစုအရေးကို ဦးစားပေးသောဗိုလ်သန်းရွှေ သည်သောက
ပင်လယ်အတွင်း သဘာဝတရား ကို ဆန့်ကျင်ကာ နေ၀င်ချိန် ကို ဆောက်တည်ရာမဲ့ ရနိုးနိုး ဖြင့် ကြိုးစား ကာကွယ်နေပါသည်။
ယခုနေ၀င်ချိန်သည် မိမိ၏ဇရာ ကြောင့်ထက် မိသားစု တခုလုံး၏ နေ၀င်ချိန်ကို တကယ်ဘဲ မသိတာလား၊ သမ္မာတရား၊အမှန်တရား ကို လုံးဝ မမြင်တတ်အောင် အနားမှာနေသောသူတွေ ထက် မိသားစုများ ၏ အတ္တ နှင့် လောဘ တွေက ပို ၍် ဖုံးး ကွယ်ထား ပုံ ရပါသည်။ သမီးတော် တွေကိုမထိန်းနိုင်သလို မြေးတော်တွေကပါ ပိုဆိုးလာ တော့ တပ်တွင်း ငြူစူ သံ များသည် ဗိုလ်သန်းရွှေ အတွက် ခြိမ်းခြောက် သံတွေ ဖြစ်နေပါ သည်။ တပ်တွင်းမှလည်း သူစနိုးနိုး ကိုယ်စနိုးနိုး ဖြင့် ချိန်နေကြပါသည်။

တဖက်သတ်ဆွဲထားတဲ့အ ခြေခံဥပဒေကိုအသက်သွင်း ရန် ၂၀၁၀ ရွေး ကောက်ပွဲ ကို လိမ်လည် တင်ဆက်
ရန် နှင့် ဖြစ်ပေါ် လာ မည့် နိုင်ငံတကာဖိအား ကို လှည့်စား ဖြေရှင်း ရန် လှည့် ကွက်များ သည် နည်းသထက် နည်းလာပြီ ဖြစ် သည်။ ၂၀၀၉ ၏ မလုံလောက် သော ဘဏ္ဍငွေ ဖြင့် ရိုင်းယိုင် နေသော အုပ်ချုပ် မူ့ ယန္တယား
ကို ကြိုးစား လည် ပတ်နေရသဖြင့် ၂၀၁၀ မတိုင်မှီ ငြိမ်ချမ်းရေးလက်နက်ကိုင် အဖွဲ့ များ လက်နက်ချ ရေးမူကို
အရင် လက်လျှော့ ထားပုံ ရပါသည်။ ဤ ပြဿနာ ကို ကူညီဖြေရှင်းရန် ဗိုလ်ချုပ်ခင်ညွန် ကို ညှိနိုင်း သော် လည်း သူ၏ တောင်း ဆို မူ့က ဗိုလ်သန်းရွှေ အတွက် နောက် ကျောမလုံ စရာ ဖြစ်နေပါ သည်။

အမယ်စုံလှ သော ဗိုလ်သန်းရွှေ ၏ ဤ ပြဿနာ များ ကို သူဘယ်လို ဖြေရှင်း မည်နည်း?
ဇာတ်သိမ်းကောင်း ရန် ပြည်သူများ နှင့် နိုင်ငံ တကာ ၏ တောင်း ဆိုမူ့ များကို လိုက်လျောမည်လော?
မိသားစု အရေး ကို ဦးစားပေးပြီး အခါပေး ဗေဒင်ဆရာ နှင့် ဘဲ ဆက်လက် ဖြေရှင်း မည် လော?
ငယ်စဉ် ဘ၀က ကျောင်း မှာ သင်ရသော စကားပုံ တခုကို အမှတ် ရမိပါသည်၊
“ မိုးကောင်းသော အချိန် ရှိ သလို မိုးခေါင် သော အချိန်လည်းရှိ ပါ သည်။ “

1 comment:

My Email said...

အရမ်းကောင်းသော စာသားလေးများ ဖြစ်ပါသည်။
အဘယ်သူ ရေးပါသနည်း။ လမ်းမှာ တွေ့လျှင်
ဂုဏ်ပြုချင်ပါသည်။

Post a Comment

ယခင် သတင်းများ ဖတ်ရန်