Wednesday, March 11, 2009

ငကြင်းဆီနဲ့  ငကြင်း ကြော်ချင်နေတဲ့ လူတွေ။

ဘုန်းကြီးရေတိုက်လည်း အပြစ်။ နာဂစ် လူသေမြှူပ်လည်း အပြစ်။ နာရေးကူညီ မသာချပေးလည်း အပြစ်.။ HIV ရောဂါသည်နေစရာမရှိ ဆေးရုံဖွင့်လည်း အပြစ်။ မုန်တိုင်းထဲ အစာမရှိလို လှူပြန်လည်း အပြစ်..ဒီနအဖ လူယုတ်တွေလက်ထက် ကောင်းတာ လုပ်သမျှ အပြစ်ချည်းဘဲ။ မကောင်းတာ လုပ်သူ ကြံဖွတ်ကျ..မြှောက်ပင့်ပေးနေတယ်...အေးလွင်ကျ ပါစားပေးနေတယ်...


မြန်မာ မိန်းကလေးတွေ ငတ်မွတ်လို့  နိုင်ငံခြားမှာ ကောင်းရာကောင်းကျိုးအလုပ်လာ လုပ်တာ.. မြန်မာသံရုံးတွေက။ အခွန်ကျ ယူ တဖြဲ နှစ်ဖြဲ..
နိုင်ငံခြားသား အလုပ်ရှင် ခေါင်းပုံဖြတ်နှိပ်စက်တော့ သံရုံးက ငါ့တို့ နဲ့ မဆိုင် နင်တို့ ဖာသာ အားအားယားယား လာတာ တဲ့ ...ကြားက ကူညီပေးသူတွေ ကျ တရားစွဲခိုင်းသတဲ့ ဗျာ..အော် တော်လှန်ရေးစစ်အစိုးရတက်ပြီးနောက်...နှစ် (၄၀) ကျော် အတွင်း .မြန်မာပြည်ကြီး ဘာတွေ ဖြစ်နေပါလိမ့်...
ကတိသစ္စာ အမှန်တရား..စာရိတ္တ..အကျင့်စာဂ..တရားဥပဒေ...ကိုယ်ကျင့်တရား သိက္ခာ.. အားလုံးစုတ်ပြတ်ခဲ့ပြီ။
ပြန်ကောင်းအောင် လုပ်ရန်လိုသည်.။ လူတိုင်းမှာတာဝန်ရှိကြပါသည်။

အမျိုးသမီးတွေကို ကူညီတဲ့ အဖွဲ့အပေါ် မိဘတရားစွဲဖို့ မြန်မာ အစိုးရက ဖိအားပေး11 March 2009

အခက်ခဲဖြစ်နေတဲ့ မြန်မာအမျိုးသမီးတွေကို မလေးရှား အန်ဂျီအို တခုက ကယ်တင် ခြင်းခံရအောင် လုပ်ဆောင်ပေးတဲ့ မလေးရှား အခြေစိုက် မြန်မာ အလုပ်သမား ကူညီရေး အဖွဲ့တခုကို တရားစွဲဆိုဖို့ မြန်မာ စစ်အစိုးရရဲ့ အန်ဂျီအိုဖြစ်တဲ့ အမျိုးသမီးရေးရာ အဖွဲ့က မိသားစုဝင်တွေကို ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။ အခြေနေကို စုံစမ်းထားတဲ့ VOA ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က ပြောပြပါမယ်။

စီးပွားရေး ဂယက်ကြောင့် လုပ်ငန်း ရပ်နားလိုက်ရတဲ့ မလေးရှားက Mr Kumer ပိုင် GREATER VERSATILE GARMENTS အိမ်တွင်း စက်ချုပ် လုပ်ငန်းက အမျိုးသမီး (၁၄)ဦးကို ယာယီ စောင့်ရှောက်ပေးခဲ့တဲ့ ကွာလာလမ်ပူ အခြေစိုက် BWRPC မြန်မာ အလုပ်သမား အခွင့်အရေး ကာကွယ်ရေးကော်မတီကို တရားစွဲဆိုဖို့ အမျိုးသမီးရေးရာ အဖွဲ့က မိသားစုဝင်တွေကို ဖိအားပေးခဲ့တယ်လို့ BWRPC ခေါင်းဆောင် တယောက် ကပြောပါတယ်။

BWRPC ခေါင်းဆောင် ကိုရဲမင်းထွန်းက အခြေနေကို ခုလိုရှင်းပြပါတယ်။
“မနေ့ကတော့ ကျနော်တို့ ဘာအပြောခံရလည်းဆိုတော့ အမည်မဖေါ်ချင်ဘူးပေါ့၊ မိသားစု နှစ်စု၊ သုံးစုက ငါ့တူရေ၊ ဦးလေးတို့ အဒေါ် တို့မှာ အခု ပြသနာတက်နေပြီ၊ သမီး မိန်းခလေးတွေ မလေးရှားမှာ ဒုက္ခရောက်နေတာနဲ့ ပတ်သက်ပြီး အမှုဖွင့်ခိုင်းနေတယ်။ ကျနော်က တော့ ဖွင့်ပေါ့၊ ဒါဒုက္ခ ရောက်နေတာ မှန်တာပဲ၊ မဟုတ်ဘူး၊ သူတို့ပြောခိုင်းတာက ဒီမိန်းခလေးတွေ မလေးရှားမှာ ဒုက္ခရောက်နေတယ်။ တရားမ၀င် အဖွဲ့အစည်းတခုက ဒီမိန်းခလေးတွေကို အတင်းအဓမ္မ တနေရာမှာ ပိတ်လှောင် ထားပြီးတော့ မြန်မာ သံရုံးနဲ့ အဆက်သွယ် မလုပ်ရဘူး၊ နောက်ပြီးတော့ အစာရေစာလည်း ၀၀လင်လင် မကျွေးဘူးဆိုပြီးတော့ အဲလိုမျိုး သူတို့ ပြောခိုင်းတယ်”

လက်ရှိမှာ အဲဒီ အမျိုးသမီးတွေကို မလေးရှား အမျိုးသမီး NGO ဖြစ်တဲ့ Tenaganita က စောင့်ရှောက်ထားပြီး အလုပ်ခွင် နစ်နာမှုတွေ အတွက် LRC အလုပ်သမား ရေးရာနှင့်LAC ဥပဒေရေးရာ ဌာနတို့အကူအညီနဲ့ အလုပ်ရှင်ကို တရားစွဲ ဆိုဖို့ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

သူတို့ထဲက တယောက်က လက်ရှိ အခြေနေကို ခုလို ပြောပြပါတယ်။

“အခု သမီးတို့ကို ကူညီပေးထားတဲ့ ဟာကျတော့ပေါ့နော်၊ ဟိုတနေ့ကပြောတဲ့အတိုင်း ဘယ်လိုလဲ၊ ဒီမှာ သမီးတို့က အစာငတ်၊ ရေငတ် သတင်းတွေထွက်တယ်ဆိုတာ မဟုတ်ပါဘူး၊ ဒီမှာသမီးတို့က အကုန်လုံးပြည့်စုံတယ်ပေါ့နော်၊ သမီးတို့ကို အကူညီ ပေးထားတာ”

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလလယ်ပိုင်းက ပတ်စပို့နဲ့ အလုပ်လုပ်ခွင့် ပါမစ် ကုန်ကျငွေတွေရဖို့ အလုပ်ရှင် Mr. Kumar ရဲ့ လူမိုက်တွေက သူမတို့ ယာယီခိုလှုံနေတဲ့ BWRPCရုံးကို ၀င်ရောက် ရိုက်နှက်ရာမှစပြီး ပြည်ပ မီဒီယာတွေမှာ ဒီသတင်း ပြန့်လာတဲ့အခါ မလေးရှား မြန်မာသံရုံးက တာဝန်ရှိ သူတယောက် လာရောက်ပြီး အမျိုးသမီးတွေကို လွဲပြောင်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဘာဖြစ်လို့ သံရုံးက အဆက်သွယ် လုပ်လာသလဲဆိုတာကို ကိုရဲဝင်းထွန်းက ခုလိုသုံးသပ် ပြောဆိုပါတယ်။

“သူတို့ လာခေါ်ရခြင်း အကြောင်းရင်းက သတင်းတွေမှာ ထင်ထင်ရှားရှား ပေါက်သွားလို့၊ ဧရာဝတီ၊ Mizzima ၊ ခေတ်ပြိုင်၊ VOA အဲဒီသတင်းတွေမှာလဲ သူတို့ရဲ့ အမှာပေါ်နေတယ် အကိုရေ၊ ဒီမိန်းခလေးတွေက ကျနော်တို့ဆီ ရောက်မလာခင်ကတည်းက သူတို့ဆီ လေးကြိမ်သွားထားတယ်။ နင်တို့ကို ငါခေါ်ထားတာ မဟုတ်ဘူးဆိုပြီး အရာရှိမ တယောက်က ဟောက်လွတ်လိုက်တယ်။ သူတို့ ဘာမှမလုပ်ပေးခဲ့ဘူး။ ကျနော်တို့ လက်ထဲ ရောက်လာချိန်ထိလည်း ဘာမှ မလုပ်ပေးသေးဘူး၊ ဟိုလူမိုက်တွေနဲ့ လာပြီးတော့ ရိုက်နှက်တဲ့ အချိန်ကျမှ သတင်းတွေက ပိုပြီးတော့ ကြီးလာတဲ့ချိန်မှ သူတို့က ပြုးတူးပြဲ တဲရောက် လာတာ”

ဒီကိစ္စနဲ့ ပတ်သက်ပြီး BWRPCရုံးကိုလာတဲ့ သံရုံး အရာရှိကိုမိုးနဲ့ မြန်မာသံရုံးကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြား ခြင်း မရှိပါဘူး။ အမျိုးသမီးရေးရာ အဖွဲ့ရဲ့တိုက်တွန်းချက်အရ တရားစွဲဆိုထားတဲ့ လှိုင်သာယာမြို့ နယ်ရဲစခန်းကို ဆက်သွယ်ခဲ့ပေ မယ့်လည်း ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်ခင်ဗျာ။

1 comment:

စုကြည် said...

ပြည်သူတွေအတွက် လုပ်ပေးနေတာကို လိုက်ပြီးတော့ အပြစ်တင်နေတာမဟုတ်ဘူး...အဲဒီလုပ်တဲ့သူတွေရဲ့ ပါးစပ် သရမ်းမှု့က အပြစ်...စေတနာ တကယ်ရှိရင် ဘာမှ သူများကို ပြောစရာမလိုဘူး..ကိုယ့်ပါသူ အေးဆေးလုပ်ပေါ့...အခုတော့ လုပ်တာကို အကြောင်းပြပြီးတော့ နအဖ က ဘယ်လို မကူညီဘူး ဒီမှာ ဘာတွေလိုနေတယ် ဘယ်လိုလုပ်ရမယ်..သူတို့တွေ လျစ်လျူရှူထားတယ် ဘာညာတွေ လျှောက်ပြီးတော့ မီဒီယာတွေကို သွားပြီးတော့ ဖင်ယားပြီးတော့ ပါးစပ်သရမ်းတာကိုး...အဲဒီတော့ စေတနာက ဝေတနာဖြစ်သွားတာပေါ့...နအဖ က သူ့ပါသူ ဘာပဲလုပ်နေနေ တကယ် စေတနာပါ ကိုယ့်အလုပ်ပဲ လုပ်ပေါ့...အခုတော့ အဲဒီလိုမဟုတ်ဘူး အလုပ်ကိုအကြောင်းပြပြီးတော့ မီဒီယာတွေကို အစိုးရက ဘာညာကွီးကွ သွားပြောတော့ ဟိုက နဘန်ကျင်းတာ နဲတောင် နဲသေးတယ် :D

Post a Comment

ယခင် သတင်းများ ဖတ်ရန်