Wednesday, March 11, 2009

နအဖခေတ် မြန်မာနိုင်ငံဧ။် ပညာရေးစနစ် ဆိုးကြီး

Freedom News Group
March 11, 2009

၁၁ မတ် ရန်ကုန် တင်ကျော်ကျော်စိုး ၊ ယူကွန်
ဆယ်တန်းမဖြေဆိုသူကျောင်းသား စာရင်းကို ခေါင်းလောင်းထိုးပြီး နောက်စာရင်းကောက်၍ ကျောင်းအုပ်ကြီးက ထောက်လှမ်းရေးဆီသတင်းပို့ ရ
ကျောင်းသားများကို ချောဆွဲထားသောကားများဖြင့် အိမ်တိုင်ရာရောက်လိုက်လံ
ပို့ ဆောင်ပေး၊၊ခိုးချသော်လည်းမျက်နှာလွှဲနေရ ၊စာမေးပွဲလာစောင့်သော ကျောင်းသားမိဘများကြားတွင် အမှတ် ၂၀ရရင်

အောင်ပြီဟုကောလဟာလဖြစ်နေပါသည်။
အခြေခံပညာအထက်တန်းအဆင့်စာမေးပွဲများကို ယနေ့ မနက် ၉း၀၀ ထိုးမှစ၍ တစ်နိုင်ငံလုံးတွင်
စတင်စစ်ဆေးရာ် စာမေးပွဲသို့ လာရောက်ဖြေဆိုခြင်းမပြုသည့် ကျောင်းသားများကို သက်ဆိုင်ရာ
အခန်းစောင့် ဆရာမမှစာရင်းကောက်ပြီး ခုံအမှတ်၊နာမည်၊ကျောင်း၊လိပ်စာတို့ နှင့်တိုက်ကာ ကျောင်းအုပ်ကြီးမှတစ်ဆင့် အသင့်စောင့်နေသော ထောက်လှမ်းရေးဆီ အစီရင်ခံရသည် ဟုသိရသည်။

ယခင်ကစာမေးပွဲဖြေဆိုရန်ပျက်ကွက်သူများ၏စာရင်းများကိုကို သက်ဆိုင်ရာကျောင်း
(သို့ မဟုတ်)မြို့နယ်ပညာရေးမှုးရုံးများသို့ သာပေးရသော်လည်း ယခုနှစ်တွင် သက်ဆိုင်ရာနယ်မြေခံထောက်လှမ်းရေးသို့ ပေးရသည်။

“မနက်ကျောင်းကိုလာတော့ ဆရာကြီးကညွှန်ကြားထားတာ ခေါင်းလောင်းထိုးပြီးတာနဲ့ ၁၅မိနစ်အတွင်း မဖြေဆိုသူစာရင်းကို သက်ဆိုင်ရာအခန်းစောင့်ဆရာမ က စာရင်းကောက်ပြီး
ကြီးကြပ်ရေးမှုးဆီပို့ ရတယ်။ အရင် က အေးအေးဆေးဆေး ကောက်ပြီးမှသက်ဆိုင်ရာကျောင်းကို
လွှဲရုံပဲ။အခု ပိုအလုပ်ရှုပ်သွားတယ် ။မေးခွန်းလဲဝေနေရ သေးတယ် ။မေးခွန်းလွှာလဲရှင်း
ပြရသေးတယ်။စာရင်းကလဲ တက်သုတ်ရိုက်ကောက်ရတယ်ဆိုတော့”ဟု မြောက်ဥက္ကလာအထက်တန်းကျောင်းမှဆရာမတစ်ဦး က Freedom News Group သို့ပြောသည်။

စာမေးပွဲ လာရောက်ဖြေဆိုသောကျောင်းသားများနှင့် ပတ်သက်၍“အခန်းဝမှာလည်းရှာတာသိပ်မရှိဘူး ဆရာမသဘောကောင်းလို့ ပဲလားတော့မသိဘူး
အခန်းထဲကလူတွေတော့ခိုးချလို့ ရတယ်”ဟု အထက ၂ ဒဂုံမှကျောင်းသားတစ်ဦးကပြောသည်။
ကျွန်မတို့ လဲကျောင်းသားတွေရဲ့အခက်အခဲကိုသိနေတော့သူတို့ခိုးချနေတာသိတာတောင် ဘယ်လာသိမ်းရက်မလဲ။ မျက်နှာလွှဲပြီးနေလိုက်ရတာပေါ့ လွန်လာရင်တော့ အဟမ်း..အဟမ်းဆိုပြီး
ချောင်းဆိုးသံလေးပေးလိုက်ရတာပေါ့”ဟု အခန်းစောင့် ဆရာမတစ်ဦးကပြောသည်။

အထက ၁ မြောက်ဒဂုံတွင် စာမေးပွဲဖြေဆိုပြီးပြန်လာသည့် ကျောင်းသားတစ်ဦးကလည်း “လွတ်လွတ်လပ်လပ် ပဲ စာမေးပွဲခန်းထဲကို ၀င်ကတည်း ကရှာတောင်မရှာဘူး ”ဟုဆိုသည်။
ထိုသို့ ကျောင်းသားများလွတ်လွတ်လပ်လပ် စာကူးချခွင့်ရသည့် ကိစ္စနှင့်ပတ်သက်၍ အထက
၁ လသာမှဆရာမတစ်ဦးကို အာဏာပိုင်များ က ထိုသို့ညွှန်ကြားထားသလားဟုမေးကြည့်ရာ
“အဲလို ညွန်ကြားထားတယ်လို့တော့မကြားမိဘူး ။ ကျွန် မကတော့ ကိုယ့်ခလေးတွေခံစားရတာကို သိတယ်လေ အောင်စေချင်လို့ အသာလွှတ်ပေးထားတာ”ဟုပြောသည်။

စာမေးပွဲဖြေဆိုအပြီးတွင်မူ ကျောင်းသားများကို အိမ်တိုင်ရာရောက်ချောဆွဲထားသောကားများဖြင့်မြောက်ဥက္ကလာတွင်လိုက်ပို့ သည် ဟုသိရသည်။စာမေးပွဲမဖြေဆိုသော ကျောင်းသားများ၏ စာရင်းကိုထောက်လှမ်းရေးမှ မည်သို့ ကိုင်တွယ်မည်ကို မသိရသေးချေ။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်