Thursday, March 12, 2009

ဘလော့ဂါတွေ ခွေးချီနေတုန်းဘဲ..

ဘလော့ကာ ကိုသီဟထောင်၁၇နှစ်ကျ

နာဂစ်သတင်း ကိုကိုသီဟရဲ့ dagon site မှာ အဆက်မပြတ်တင်ပေးနေခဲ့တယ်။။ဒါသူ့site ကကူးယူ ဖေါ်ပြခဲ့ တာဖြစ်သည်။ သူ၏၀က်ဆိုဒ်များ အဖျက်ဆီးခံရ၍ မေလတခုထဲမှာပင် ၀က်ဆိုဒ်အနည်းဆုံး၃ခုပြောင်း၍ သတင်းများကို တင်ခဲ့သည်။
အခုပဲMWD ကသတင်းလွှင့်သွားပါတယ်။ ဗီဒီယိုမှတ်တမ်းအရ ပျက်စီးမူ တော်တော်များတယ် အံသြစရာ မြင်ကွင်းကို ရဟတ်ယဉ်နဲ့ရိုက်ပြသွားပါတယ် သေပျောက် စာရင်းမပါလာဘူး. .တော်တော်ပျက်စီးနေတာ ..ပုသိမ် ဧရာဝတိ ကရင်ပြည် အိုး..အများကြီးပဲ
ရန်ကုန်အခြေအနေအရ များစွားပျက်စီးခဲ့ပါပြီ.တော်တော်ဆိုးဝါးပါတယ်.. ဒီဒုက္ခတွေကိုမြန်မာပြည်သားတွေ အသကုန်ခံစားလိုက်ရတယ် ရန်ကုန်ဆိပ်ကမ်း.ကသင်္ဘောတွေနှစ်ကုန်ပီ ဆိပ်ကမ်းသံကြိုးပျက်ထွက်ကုန်ရေထဲမျောပါတာအများ..ဝိတ်ပါတဲ့သင်္ဘောတွေနှစ်ကုန်ပီ…ပန်းပဲတန်း,လမ်းမတော် ဗိုလ်တထောင် ဆိပ်ကမ်းပေါင်စုံမှာ ဒီဖြစ်မိုးတွေရှိတယ်..
မြိုသစ်ဖြစ်တဲ့ ဒဂုံ ရွေပြည်သာ လိုင်သာယာာ တော်တော်အခြေအနဆိုးတယ် စုတ်ပြတ်သတ်သွားတဲ့အပြင်..ရေအသကုန်ကြီးနေပီ …
ပျက်စီးဆုံးရူံးမူကို MWD သတင်း ဒေသတော်တော်များမျာကို 75%ပျက်ဆီးဟု တရားဝင်ကြော်ငြာသည် ..မြင်ကွင်းအရ 75% မကဘူး.. သေသူများကို ဧရာဝတီတိုင်းရှိ မြို့နယ် 5 ခုကို လူ 500 အထက်ဟု MRTV ကဒဏ်ရာရသူ 5000 အထက် ဒုက္ခသည် 90000 အထက်ရှိသည်,ဗီဒီယိုမှတ်တမ်းတရားဝင်ကြော်ငြာသည်။

ကိုမင်းသိန်းထွန်း (ခ) ကိုသီဟကို ထောင်ဒဏ်ချမှတ်

Wednesday, 11 March 2009 19:19 ဖြိုးကြီး
ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက ဖမ်းဆီးခံခဲ့ရသည့် ကိုမင်းသိန်းထွန်း (ခ) ကိုသီဟကို ယနေ့ နေ့လည်ပိုင်းတွင် ထောင်ဒဏ် (၁၇) နှစ် ချမှတ်လိုက်သည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ပုဒ်မ (၁၃/၁)၊ (၁၇/၁)၊ (၃၃/က) တို့ဖြင့် အင်းစိန်ထောင်တွင်း၌ပင် ယခုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်း၏ဖခင်ဖြစ်သူက ပြောသည်။
“သူ့ကို အမိန့်ချတာ အပြည့်အစုံကတော့ မနက်ဖြန် တရားရုံးမိတ္တူသွားယူမှပဲ သိရမယ်၊ အခုသိရတာတောင် အဝမှာ စောင့်နေပြီး သွားမေးမှသိရတာ၊ အထဲကို ဝင်ခွင့်မရဘူး၊ ထောင် (၁၇) နှစ်ချလိုက်တယ်ဆိုတာပဲ သိရ တယ်၊ ထောင်ပြောင်းမယ်လို့ ထင်တယ်” ဟု ပြောသည်။
ကိုမင်းသိန်းထွန်းသည် ၂၀၀၅ ခုနှစ်တွင် မလေးရှားသို့အလုပ်လုပ်ရန် တရားဝင် ထွက်သွားပြီးနောက် မိဘများနှင့် အဆက်အသွယ်မရှိတော့ဘဲ ပြီးခဲ့သည့်နှစ် (၇) ပိုင်း (၁၁) ရက်နေ့တွင် အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် အာဏာပိုင်များက အောင်သပြေ စစ်ကြောရေးစခန်းတွင် ရောက်ရှိနေကြောင်း လာရောက် ပြောဆိုမှ သိရပြီး ယခုကဲ့သို့ ပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု ဆက်ပြောသည်။

“ကျနော်က ၂၀၀၅ မှာ မလေးရှားကို လွှတ်လိုက်တာ၊ မလေးမှာ အဆင်မပြေတော့ဘူးဆိုပြီး စာအုပ်တွေ အဝတ်အိတ်တွေကို လူကြုံနဲ့ ပြန်ပို့လိုက်တယ်၊ အဲနောက်တော့ အဆက်အသွယ်ပြတ်သွားတယ်၊ အဲလိုနဲ့ သုံးနှစ်ပြည့်တော့မှ အာဏာပိုင်တွေ ရောက်လာပြီး ဒီကလေးဘယ်သွားလဲဆိုပြီး လာမေးတယ်၊ အဲဒါနဲ့ ကျနော်လဲ တရားဝင်သွားတာဆိုတော့ ပတ်စ်ပို့မိတ္တူတွေ ထုတ်ပြလိုက်တာပေါ့၊ သူတို့က မြဝတီကအဝင်မှာ တိုင်တဲ့သူရှိလို့ ဖမ်းထားလိုက်တာလို့ ပြောတယ်” ဟု ပြောသည်။

ကိုမင်းသိန်းထွန်းသည် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက် အချက်အလက်များကို သီဟအမည်ဖြင့် ဘလော့ ပေါ်တွင် သတင်းအချက်အလက်များ တင်ထားကြောင်းနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း ဖခင်ဖြစ်သူက ပြောသည်။

ကိုမင်းသိန်းထွန်း (ခ) ကိုသီဟသည် ဒဂုံတက္ကသိုလ်မှ ဇူးလ်မေဂျာဖြင့် ဘွဲ့ရခဲ့ပြီး ရေလုပ်ငန်းဦးစီးဌာနတွင် ၂ နှစ်ခန့် အလုပ်လုပ်ခဲ့ပြီးနောက် မိဘမဲ့ကလေးများကို အခမဲ့ စာသင်ပေးခြင်းများကို ပြုလုပ်ခဲ့သည့်အပြင် ဖခင်ဖြစ်သူကိုယ်တိုင်က ကွန်ပြူတာနှင့် အင်္ဂလိပ်စာအခြေခံများကို သင်တန်းများတတ်ခိုင်း၍ မလေးရှားသို့ တရား ဝင် အလုပ်လုပ်ရန် ပို့ပေးခဲ့သည်။

ယခုကဲ့သို့ အာဏာပိုင်များက ကိုမင်းသိန်းထွန်းအား ထောင်ဒဏ်များချမှတ်လိုက်ခြင်းနှင့် ပတ်သက်၍ ဖခင်ဖြစ် သူက “ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ နဂိုကတည်းက ပညာတတ်ဖို့ အဓိက၊ အိုင်တီပညာဆိုတာ လူတိုင်းဟာ တချိန်မှာ လူမှုရေးကို လုပ်ရမယ်၊ အဲဒါကိုတတ်လို့ နာဂစ်မှာ လုပ်တာမှန်ရင် လွတ်လပ်စွာ ပညာသင်ခွင့်ကို ပိတ် ပင်တယ်လို့ပဲ ထင်တယ်၊ ပြန်လည်အသုံးချခွင့် မရှိဘူးဆိုရင် နစ်နာတယ်လို့ပဲ ပြောချင်တယ်” ဟု ပြောသည်။
ယခုလက်ရှိ ကိုမင်းသိန်းထွန်း၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျှက်ရှိပြီး ဖမ်းဆီးခံရသည့်အချိန်မှစ၍ ထောင်ဝင်စာ တပတ်တကြိမ် ပုံမှန်တွေ့ခွင့်ရကာ ၎င်းအနေဖြင့် ထောင်တွင်း၌ဖတ်ရန် စာအုပ်များ သာမှာကြား ကြောင်း ဖခင်ဖြစ်သူက ဆက်ပြောသည်။ http://yeyintnge.blogspot.com/2009/03/blog-post_11.html မှ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်