Monday, July 13, 2009

တောင်ကုတ်ြမို့နယ် အန်အယ်ဒီပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခိုင် ထောင်ဒဏ် ၂နှစ်ချခံရ။.....။

မြန်မာနိုင်ငံမှာ နိုင်ငံရေး နိုးကြားတက်ကြွတဲ့ မြို့တွေထဲက မြို့တမြို့ဖြစ်တဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်အန်အယ်ဒီ ဥက္ကဋ္ဌ၊ တောင်ကုတ်မြို့နယ် အန်အယ်ဒီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ခိုင် အား တရားရုံးမှ အသရေဖျက်မှုဖြင့် ထောင်ဒါဏ် ၂နှစ်ချမှတ် လိုက်ပါတယ်။

အသက် ၈၇ နှစ်ရှိပြီ ဖြစ်တဲ့ ဦးကျော်ခိုင် တရားစီရင် နေချိန်အတွင်း ဦးကျော်ခိုင်အား ထောက်ခံအားပေး သည့်အနေဖြင့် မြို့လူထု ၅၀၀ခန့်မှ တရားခွင်သို့ လာရောက် စုရုံးကြပါတယ်။ အသက်အရွယ် ကြီးရင့်ပြီဖြစ်တဲ့ အန်အယ်ဒီ ဥက္ကဋ္ဌဦးကျော်ခိုင် ဟာတရားခွင် အတွင်းခေတ္တ ခဏသတိလစ် လဲကျသွားကြောင်း သိရှိရပါတယ်။

အမှုမှာ အန်အယ်ဒီမှ ထုတ်ပယ်ခံထားရသည့် တောင်ကုတ်မြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌဟောင်း ဦးသန်းဖေမှ ၎င်းအား ဥက္ကဋ္ဌဦးကျော်ခိုင်မှ ငွေကြေးကိစ္စ အသရေဖျက်သည် ဆိုကာ တရားစွဲဆိုခြင်းဖြစ်သည်။      သတင်း။....။ဒီမိုဝေယံ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်