Thursday, July 23, 2009

ယနေ့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများမှ တဆင့် ကုလသမဂ္ဂသို့ ပြောဆိုချက်။...။

ယနေ့ ဒေါ်အောင်ဆန်းစုကြည် နှင့်ဥပဒေအကျိုးဆောင် ရှေ့နေ ၄ဦးနေ့လည် ၂နာရီမှ ၄ နာရီခွဲ အထိ ၂နာရီခွဲခန့် အင်းစိန်ထောင် အတွင်း ဧည့်ရိပ်သာ၌ တွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

"ဒီနေ့ အန်ကယ်တို့ နေ့လည် ၂နာရီကနေ ညနေ ၄နာရီခွဲအထိ ၂နာရီခွဲလောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ အဓိက ကတော့ မနက်ဖြန် လျှောက်လဲချက် နောက်ဆုံးညှိနှိုင်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အတည်ပြု ပေးဖို့အတွက် ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က အန်ကယ်တို့ကို ညွှန်ကြားတာကတော့ အကြောင်း အချင်းအရာတွေ အချက်အလက်တွေကို အမှန်အတိုင်း ဖော်ပြဖို့နဲ့၊ဖော်ပြတဲ့ နေရာမှာ တစုံတယောက် ထိခိုက်နစ်နာစေတာမျိုး၊ ဒုက္ခရောက်စေတာမျိုး မပါစေဖို့ မှာကြားလိုက်တယ်။

နောက်ထပ် ကုလသမဂ္ဂနဲ့ ပတ်သတ်ပြီး ပြောဆိုတာကတော့ " မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ မလွတ်ဘဲ၊ အမျိုးသားရင်ကြားစေ့ရေး မပါဘဲ ကျင်းပတဲ့ ရွေးကောက်ဟာ တရားဝင်မှာ မဟုတ်ကြောင်း ကုလသမဂ္ဂ အနေနဲ့ ဆုံးဖြတ်သင့်တယ်လို့ ပြောဆိုလိုက်ပါတယ် "ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

၂၂ရက်နေ့က တွေ့ဆုံခွင့် ရရန်တောင်းဆိုချက်ကို အာဏာပိုင်တွေက ငြင်းပယ်ခဲ့ပြီး ယနေ့နေ့လည် ၁၂နာရီခွဲမှ တွေဆုံခွင့်ပြုကြောင်း အကြောင်းကြားခဲ့ပါတယ်။ မနက်ဖြန် နေ့လည်၂နာရီမှာ ၂ဘက်လုံးမှ နောက်ဆုံး အပြီးသတ် လျှောက်လဲချက် ပေးရမှာ ဖြစ်ပြီး တပတ်မှ၂ပတ်အတွင်း စီရင်ချက်ချနိုင်ကြောင်း သိရှိရပါတယ်။....။     သတင်း။.....။ဒီမိုဝေယံ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်