Saturday, July 25, 2009

သီတင်းကျွတ် ၂၀၀၉ အတွက်ကျေညာချက်

ပည်တွင်းပြည်ပတွင် နေထိုင်ကြသော ဆရာတော် သံဃာတော်အပေါင်းတို့ဘုရား၊ ပ၀ါရဏာပြုရက် နီးကပ်လာသည်ဖြစ်တာကြောင့် သီတင်းကျွတ်လပြည့်နေ့တွင် သံဃာ့ပ၀ါရဏာကို ပြည်တွင်းပြည်ပ သံဃာတော်အားလုံး တပြိုင်တည်း သိမ်အတွင်းမှာ စုစည်းပြီး မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ဘေးဒုက္ခအပေါင်းက လွတ်မြောက်ရန် သစ္စာအဓိဋ္ဌာန်ပြု တော်မူကြပါရန် နယူးယောက်မြို့ရှိ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ ဆရာတော်များက ပြည်တွင်းရှိ သံဃာထုကြီးအား လျှောက်ထားသည့် စာကို လက်ဆင့်ကမ်း ပို့ပေးပါရန်နှင့် သာသနာကို ချစ်မြတ်နိုးကြသော ဒကာ ဒကာမများ အားလုံးက သံဃာတော်များအား ပံ့ပိုးပေးပါရန်လည်း တိုက်တွန်းထားပါသည်၊၊


မေတ္တာဖြင့်
အရှင်စန္ဒောဘာသာစာရ
07-24-09

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်