Monday, July 27, 2009

အထူးကြေငြာချက်

ရဟန်းရှင်လူပြည်သူအပေါင်းတို့ခင်ဗျား---
နအဖ စစ်မိစ္ဆာ ကောင်များသည် ယနေ့ထုတ်ပြန်သော နအဖ သတင်းစာတို့တွင် အောက်ပါ အတိုင်း လိမ်ညာ ထားသည်ကိုတွေ့ရှိရသည်၊ ၄င်းတို့မှာ-

(က) ဒေါ်အောင်ဆန်းစုကြည်အမှုသည် လုပ်ကြံဖန်တီးခြင်း မဟုတ် ဟူ၍လည်းကောင်း၊
(ခ) အတိုက်အခံ အဖွဲ့အစည်းများက အချိန်ကိုက် ဖန်တီးခဲ့ခြင်းဖြစ်သည် ဟူ၍လည်းကောင်း၊
အခြေအမြစ်မဲ့စွာပြောဆိုလိမ်ညာခဲ့ပေသည်။လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမှုဆင် တရားစွဲ ဖမ်းဆီးချုပ် နှောင်ထားခြင်းသည် နအဖခေါင်းဆောင် သန်းရွှေနှင့် ကြံရာပါ ပုဂ္ဂိုလ်အားလုံးမှာ တာဝန် အပြည့်အ၀ရှိသည်ကို သဘောပေါက် ကြစေလိုသည်၊ မိမိတို့ကျူးလွန်သောအပြစ်ကို ရှောင်လွဲပြီး လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးချုပ်နှောင် ညှင်းပမ်း နှိပ်စက် ခြင်းတို့ကို ပြုလုပ်ပါက အပြင်းထန်ဆုံး လူထုတိုက်ပွဲကို လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း နအဖ စစ်မိစ္ဆာကောင် တို့အား အသိပေး ကြေညာ လိုက်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့

1 comment:

စုကြည် said...

သတ်မယ်ဖျတ်မယ်တကဲကဲ ဆင်ဖမ်းမယ် ကျားဖမ်းမယ် ဇလီဗာတုံး သွားကြားထိုးမယ်..............

Post a Comment

ယခင် သတင်းများ ဖတ်ရန်