Wednesday, July 29, 2009

ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံမြေ ကိစ္စ မနက်ဖြန် ၃၀ရက်နေ့ ဖြေရှင်းချက် စာထုတ်ပြန်မည်။...။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းရှိ မြေကို မောင်နှမဝမ်းကွဲ တော်သူ ဦးခင်မောင်အေး က စိတ်ပိုင်း ရောင်းချထားခြင်းကို ၂၄ရက်နေ့က ကြေးမုံသတင်းစာတွင် ကြောငြာပါရှိမှုနဲ့ ပတ်သတ်၍ မနက်ဖြန်မှာ စာထုတ်ပြန်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

"အန်ကယ် ဟိုတနေ့က ဒေါ်စုနဲ့တွေ့တုန်းက ဒီအိမ်ကိစ္စနဲ့ ပတ်သတ်ပြီး ဒေါ်စုဆီက INSTRUCTION ရယူပြီးပါပြီ။ မနက်ဖြန် ၃၀ရက်နေ့မှာ စာထုတ်ပြန်ပါမယ်။ တချိန်တုန်းက ဒေါ်စုအမေက ဒီမြေကို ပေးခဲ့တယ်ဆိုပြီး ဖြစ်ခဲ့တယ်။ နောက်ပိုင်း ဒေါ်စုနဲ့ညှိလိုက်တယ်။ ဒေါ်စုက ဒီမြေကို ငွေပေးဖို့ တချို့တဝက်ကို သူ(ဦးခင်မောင်အေး)က ဒေါ်စုဆီကရယူပြီးဖြစ်တယ်။ နောက်ပိုင်းနှစ်တွေ ကြာလာပြီး အခုဒီကိစ္စကဖြစ်လာတာ။ သတင်းစာမှာ ပါတဲ့ကြော်ငြာချက်က တရားမဝင်ပါဘူး။ ဝယ်တဲ့လူဆီက စရန်တောင် ရယူပြီးပြီလို့ ကြားပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး မနက်ဖြန်မှာ အန်ကယ်တို့ စာထုတ်ပါမယ် "ဟု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မောင်နှမဝမ်းကွဲ တော်သူ ဦးခင်မောင်အေးဟာ ခင်မောင်အေး(မန္တလေး)ဟူသော ကလောင်အမည်ဖြင့် သူရဇ္ဇမဂ္ဂဇင်း၏ ပင်တိုင်ဆောင်းပါးရှင် စာရေးဆရာ ဗိုလ်မှုးဟောင်းတဦး ဖြစ်သည်။....။

သတင်း။....။ဒီမိုဝေယံ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်