Friday, July 31, 2009

ဇူလိုင်လ ၃၁ ၂၀၀၉ အင်းစိန် ထောင်ရှေ့ အခြေအနေ

ဒီနေ့ ထူးခြားတာကတော့ အရင် ကြံ့ဖွတ်စွမ်းအားရှင်တွေ စောင့်တဲ့နေရာမှာ အမျိုးသမီး စွမ်းအားရှင်တွေကိုပါ ချထားတာတွေ့ ရပါတယ်။ အရပ်ဝတ်တွေ ပါဘဲ။

အင်းစိန်ဈေးကို အဏာပိုင်များက ပိတ်ခိုင်းထားပြီး အစောပိုင်းရက်များကကဲ့သို့ပင် အင်းစိန်လမ်းကြီးကို ပိတ်ထား သည့်အပြင် လမ်းသွယ်များကိုပါ ပိတ်ဆို့ထားလိုက်သည်။ အနီးအနားက ဆိုင်တွေလည်း ပိတ်ထားပါသည်။
ဒီနေ့ ထူးခြားတာက အင်းစိန်ရှေ့ကို ဘယ်သူမှပေးမသွားပဲ အင်းစိန်ဂုံးတံတားပေါ်က ပိတ်ထားပေမယ့် NLD ကလို့ပြောရင် ပေးဝင် ကြောင်း မသင်္ကာဖွယ်ရာ ဖြစ်တာမို့ လူကြီးတွေက လူငယ်တွေကို ပေးမသွားခိုင်းပါ။ လည်ပတ်အ၀ါတတ် လုံခြုံရေးတွေ ကားများနဲ့ လှည့်ပတ်နေပြီး အင်းစိန်ဂုံးတံတားအောက်နားမှာလည်း ကားအများအပြားရပ်ထားကြပါသည်။
သို့သော် လုံခြုံရေးတင်းကြပ်သည့်ကြားမှ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်းပြသသည့်အနေဖြင့် ပါတီဝင်များအပါအဝင် လူ ၅ဝဝ ခန့် စုရုံး ရောက်ရှိ လာခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် အား ယနေ့ရုံးချိန်းတွင် အမိန့်ချမည်ဟု သတင်းများ ထွက်နေခဲ့သော်လည်း ယနေ့ရုံးချိန်းတွင် အမိန်မချပဲ ဥပဒေရေးရာ အခက်အခဲကြောင့် နောက်လ ၁၁ နေ့သို့ ရွှေ့ဆိုင်းကြောင်း ရုံးချိန်းကိုသာ ဖတ်ကြားသွားခဲ့ပါသည်။

စီရင်ချက်ချမယ့်ရက်ကို Aug ၁၁ ရက် သို့ရွှေ့ဆိုင်းလိုက်ကြောင်း တရားသူကြီးရဲ့ ကြေငြာချက်အဆုံးမှာ ဒေါ်စုက သံတမန်များဖက်သို့လှည့်၍.. လူကြီးမင်းများကို နောက်ထပ်အလုပ်ရှုပ်စေအုံးမှာဖြစ်တဲ့အတွက် တောင်းပန်ပါတယ်ရှင် လို့ အရွှန်းဖောက်ပြောခဲ့ပါသည်။

မြို့ခံ များကမူ ယနေ့တွင် အင်းစိန်ထောင်အနီး သတင်းနားထောင်သူများ၊ အားပေးလာရောက် ကြသူများမှာ ယခင်နေ့များကထက် အဆ မတန် ပိုမိုများပြားသဖြင် တစုံတရာ ပြဿနာ ပေါ်ပေါက်လာမည်ကို စိုး၍ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်နိုင်ကြောင်း ပြောပြ ခဲ့သည်။

ဒီနေ့ ယက်တော ဟာ အားလုံးကို လိုက်မိတ်ဆက်ပြီး I love you လို့  ပြောကြားပါသည်။
နိုင်ငံရေး သုံးသပ်သူ တော်တော်များများ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ချမှတ်လိမ့်မည်ဟု ယူဆနေ ကြသည်။

စစ်ဘက်နှင့် နီးစပ်သော အသိုင်းအဝိုင်းများက ပြေပြရာတွင် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်ချသင့် မချသင့်နှင့် ပါတ်သက်၍ ထိပ်ပိုင်းခေါင်းဆောင်များတွင် အယူအဆကွဲပြားမှုများ ဖြစ်ပေါ်နေသည်ဟု သိရပါ သည်။
၃၀ ရက်နေ့နှင့် ယနေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ အပါအဝင် ဖမ်းဆီးခံရသူ စုစုပေါင်း ၂၃ ဦး ရှိခဲ့ပြီး ထိုအထဲမှ ဒေါ်နော်အုန်းလှနှင့် အောင်လံအမတ် ဦးညွန့်လှိုင်တို့ကို ယနေ့နံနက်က ပြန်လွှတ် ပေးခဲ့သည်ဟု သိရပါသည်။
နောက်မနေ့ည ကပါသွားတဲ့ လူတွေနဲ့ပက်သက်ပြီး တော့ ဦးဥာဏ်ဝင်း က ဘာမှတ်ချက်ပေးပုံမှာ အဖမ်းခံရတဲ့ လူတွေဟာ အန်တီ့အမှု ကို စိတ်ပါဝင်စားတဲ့လူတွေဖြစ်ပြီး အဲ့ဒါမဖြစ်သင့်ဘူးလို့မှတ်ချက်ချသွားပါသည်။ နောက်ဘုရားတက်တဲ့ လူတွေကို ရိုက်တာနှက် တာ ဖမ်းတာနဲ့ပတ်သက်ပြီးတော့လည်း ဒါမလုပ်သင့်ဘူး ဓမ္မအန္တရာယ် ပဲလို့ပြောပါသည်။

ဖမ်းခံရသူ စာရင်းမှာ

ရေနံချောင်းက ၃ ဦး (ကိုမြင့်ဝေ။ ကိုတင့်လွင် နှင့် ကိုသန်းအောင်) ။
တောင်တွင်းကြီးက ၃ ယောက် ( ဦးစိုး၊ ဦးပါလေး။ နှင့် ဦးကျော်နိုင်)
အောင်လံ ( ဦးအေးမြင့်။ ဦးမင်းမောင်)
မင်းဘူး ဦးသောင်းစိုး ဥက္ကဌ).
ပွင့်ဖြူ ( ကိုအောင်ဝင်း)
မကွေး။ ၂ ယောက် ( ကိုဌေးဝင်း ကံမ ။ ကို နေမျိုးကျော် စကု)
မြို့ သစ် (ဦးသာအောင် အမတ်၊ မဇင်မမထွန်း၊ ကိုသန်းစိုးမြင့် )
ရန်ကုန်က သာကေတ ၁ ယောက် (ကိုနေလင်းစိုး)။
မင်္ဂလာဒုံက မခင်မြတ်သူ။
ဒဂုံက ကိုထိန်ဝင်း တို့  ဖြစ်ကြောင်းသိရှိရပါသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်