Tuesday, July 28, 2009

တိုက်ပွဲဝင်ဖို့အားလုံးအသင့်ပြင်

အဖ၏ ရက်စက်ယုတ်မာ ကောက်ကျစ်မှုသည် ရုပ်လုံးပေါ် သထက် ပေါ်လာပြီဖြစ်သည်။ နအဖသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား (၃၁-၀၇-၂၀၀၉) နေ့တွင် မတရား ထောင်ဒဏ် အပြစ်ပေးတော့မည် ဖြစ်သည်။ မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ ပြည်သူနှင့် ပြည်သူ မျိုးချစ် တပ်မတော်သား အားလုံးသည် မိမိတို့၏ စုတ်ပြတ် နုံချာ ဆင်းရဲမွဲတေ လူတစ်လုံး သူတစ်လုံး အဖြစ် အသက်ရှင် ရပ်တည်ခွင့် မရသည့် ငရဲခန်း ဘ၀ထဲမှ ရုန်းထွက် ဖို့အတွက် တိုက်ပွဲဝင် တော်လှန်ရေး တစ်ရပ် မဖြစ်မနေ ဆင်နွဲ ကြရတော့မည် ဖြစ်သည်။

ဗမာ့သွေး ရဲရဲနီကြောင်းကို သမိုင်းအဆက်ဆက်က သက်သေပြခဲ့သလို သမိုင်းပေး တာဝန်တစ်ရပ်သည် မိမိတို့ပခုံးပေါ်သို့ ကျရောက် လာပြီဖြစ်ပေသည်၊ ယခု အချိန်အခါသည် အနီးကပ်ဆုံး ရန်သူကို ချေမှုန်းသုပ်သင်ရမည့်အချိန်သို့ရောက်ရှိနေပြီဖြစ်သည်၊ မြန်မာ ပြည်ကြီးသည် မကြာခင် အသူရာချောက်ထဲသို့ဇောက်ထိုးကျရောက်တော့မည် အခြေအနေဆိုး နှင့် ရင်ဆိုင် ကြုံတွေ့ နေရပြီ ဖြစ်ပေသည်၊ ဇောက်ထိုး ကျအောင် အတင်း တွန်းချနေတဲ့ နအဖကို အပီးပိုင် ခြေမှုန်းသုပ်သင်တော်လှန်မလား၊ ဒါမှမဟုတ် နအဖ စစ်မိစ္ဆာကောင် တွန်းချသည့် အသူရာ ချောက်ထဲသို့ ဇောက်ထိုး မိုးမျှော် လိုက်ပါသွား မလားဆို တာကို မိမိကိုယ်မိမိ သေသေချာချာ ဆန်းစစ်ဖို့ အထူးလိုအပ်နေပြီဖြစ်သည်။

စဉ်းစားမနေနဲ့ တွေဝေမနေပါနဲ့ မျိုးချစ် မြန်မာ ထလော့ ထလော့ မျိုးချစ် မြန်မာ သင့်ရဲ့ အနီးကပ်ဆုံးရန်သူကို သင့်မှာရှိတဲ့ ကိုယ်ပိုင် လက်နက်နဲ့ အပီးပိုင် ချေမှုန်း သုပ်သင်ပါလော့၊ အောင်ပွဲသည်သင့်ရဲ့လက်တစ်ကမ်းမှာ၊ သင့်သွေးဖြင့် လူထု ခေါင်းဆောင်များကို ကယ်တင်ပါ၊ သင့်သွေးသည် သင့်နိုင်ငံရဲ့ သမိုင်း ကဗ္ဗည်း အဖြစ်နဲ့ သင်ဟာ သင့်နိုင်ငံရဲ့ မဟာ သူရဲကောင်းအဖြစ် ရာဇ၀င်မှာ တွင်ကျန်ရစ် ပေးလိမ့်မည်။
နအဖ စစ်မိစ္ဆာကောင်များကို အပြီးပိုင်တော်လှန်ကြ။
ဗမာ့သွေးကို ဖောက်ထုတ်ကြ၊
အာဏာရှင် မှန်သမျှ ဗမာ့မြေပေါ်မှာ အမြစ်ပါမကျန်အောင် ဆွဲနုတ်ကြ။
ဒီမိုကရေစီတော်လှန်ရေးသွေးသောက်ရဲဘော်များ (ပြည်တွင်း)

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်