Sunday, July 26, 2009

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွတ်မြောက်နယ်မြေ (ဂျပန်ဋ္ဌာနခွဲ) ဒုတိယအကြိမ် ၆ လပတ်ညီလာခံ သတင်း၊ဓာတ်ပုံ။....။


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွတ်မြောက်နယ်မြေ (ဂျပန်ဋ္ဌာနခွဲ) ၂၀၀၈-၂၀၁၀ အလုပ်အမှုဆောင် သက်တမ်း၏ ဒုတိယအကြိမ် ၆ လပတ်ညီလာခံ အခမ်းအနားကို ယနေ့မနက် ၉နာရီမှညနေ၅ နာရီအထိ ဂျပန်နိုင်ငံ တိုကျိုမြို့ မီနာမီအိုစုက ခမ်းမ၌ ကျင်းပပြုလုပ်ရာ အဖွဲ့ဝင်များ စုံစုံညီညီ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွတ်မြောက်နယ်မြေ (ဂျပန်ဋ္ဌာနခွဲ) ဥက္ကဋ္ဌ ဦးသန့်ဇင်ဦးက သဘာပတိ အဖြစ်ဆောင်ရွက်ပြီး ၊အခမ်းအနားမှုး အဖြစ် တွဲဘက်အတွင်းရေးမှုး(၂) ဦးသာဇော်မောင်မောင် ကဆောင်ရွက်ပါသည်။

အခမ်းအနားကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲတွင် ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများအား မေတ္တာပို့သခြင်းများ ပြုလုပ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သစ္စာအဓိဋ္ဌာန်ကို ရွတ်ဆိုခြင်းများပြီး သဘာပတိမှ အမှာစကားပြောကြားပြီး အခမ်းအနားကို ဖွင်လှစ်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွတ်မြောက်နယ်မြေ (ဂျပန်ဋ္ဌာနခွဲ) ရေးရာမှုများမှ အစီရင်ခံစာများတင်သွင်းခြင်း၊နာဂိုယာ စည်းရုံးရေးဒေသ၏ အစီရင်ခံစာတင်သွင်းခြင်း၊ အဖွဲ့ဝင်များမှ ရှေ့လုပ်ငန်းစဉ်များအား အပြန်အလှန် ဆွေးနွေးအကြံပြုခြင်းများ ပြုလုပ်ပြီး၊ အခမ်းအနား သဘာပတိမှ နိဂုံးချုပ် အမှာစကားပြောကြားကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွတ်မြောက်နယ်မြေ (ဂျပန်ဋ္ဌာနခွဲ) ၂၀၀၈-၂၀၁၀ အလုပ်အမှုဆောင် သက်တမ်း၏ ဒုတိယအကြိမ် ၆ လပတ်ညီလာခံ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

ဓာတ်ပုံ။....။စိုးအောင်ဝင်း၊ ဒီမိုဝေယံ။
သတင်း။....။ဒီမိုဝေယံ......

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်