တရုတ် အစိုးရ အာဘော် မဟုတ်ဟု မြန်မာစစ်အစိုးရ ပြောဆို
မေကျော်
တနင်္လာနေ့၊ ဧပြီလ 06 2009 18:07 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် သတင်းတပုဒ်ကို တရုတ်ပုဂ္ဂလိက ရုပ်မြင်သံကြား သတင်းဌာနက ထုတ်လွှင့်ခဲ့ခြင်းသည် တရုတ်အစိုးရ အာဘော် မဟုတ်ကြောင်း မြန်မာစစ်အစိုးရက ယမန်နေ့ထုတ် သတင်းစာထဲတွင် ထည့်သွင်း ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ထိန်းသိမ်းထားခြင်းသည် တရားမဝင်ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်ကို တရုတ်ပုဂ္ဂလိက သတင်းဌာန Phoenix TV က ပြီးခဲ့သည့် ဖေဖော်ဝါရီိလ ၂၈ ရက်နေ့နှင့် မတ်လ ၁ ရက်နေ့တွင် ထုတ်လွှင့်ခဲ့သည့်အကြောင်း ပြည်ပရှိ မြန်မာအတိုက်အခံ သတင်းဌာနများက ထုတ်ဖော်ရေးသားမှုများ လုပ်ခဲ့ပြီးနောက် ယခုလို တုံ့ပြန် ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။
ဆန့်ကျင်ဘက် သတင်းဌာနများ၊ အဖွဲ့များသည် Phoenix TV ၏ ထုတ်လွှင့်မှုအပေါ် အမြတ်ထုတ်ကာ တရုတ်အစိုးရ ကြီးကြပ်မှုအောက်ရှိ ယူနန်ပြည်နယ် သတင်းဌာမှ ထုတ်လွှင့်ခဲ့သယောင် လုပ်ဆောင်ခြင်းသည် အစဉ်အဆက် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံပူးပေါင်း ဆောင်ရွက်သော နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေလိုသည့် ရည်ရွယ်ချက်ဖြင့် လီဆယ်လုပ်ကြံ ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့အလင်းက ဆိုသည်။
ထို့အပြင် Phoenix TV အသံလွှင့် ဗဟိုဌာနကို ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ကောင်းလွန်ကျွန်းဆွယ်၌ ဖွင့်ထားပြီး ပေကျင်း၊ ရှင်းကျင့်၊ ကူမင်းနှင့် ထိုင်ဝမ်တို့တွင် ဌာနခွဲများ ဖွင့်ထားကြောင်းနှင့် ဟောင်ကောင်သည် တရုတ်ပြည်မကြီး၏ အထူးအုပ်ချုပ်ရေး ဒေသဖြစ်သဖြင့် တနိုင်ငံ စနစ်နှစ်မျိုး မူဝါဒအရ တရုတ်ပြည်မကြီးက ဟောင်ကောင်ဒေသဆိုင်ရာ နိုင်ငံခြား ဆက်ဆံရေးနှင့် ကာကွယ်ရေး ကဏ္ဍတို့၌သာ ထိန်းချုပ်ကိုင်တွယ်ပြီး အခြားကဏ္ဍများ၌ လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပေးထားကြောင်းလည်း ဆိုထားသည်။
တရုတ်အစိုးရနှင့် ဆက်ဆံရေး ကောင်းမွန်သော ဟောင်ကောင် အခြေစိုက် အဆိုပါ သတင်းဌာနသည် ၂ဝဝ၃ ခုနှစ် ဇန်နဝါရီလအတွင်းက တရုတ်နိုင်ငံ ရေဒီယို၊ ရုပ်ရှင်၊ ရုပ်မြင်သံကြားအဖွဲ့က ပုဂ္ဂလိက ရုပ်သံအဖြစ် လုပ်ပိုင်ခွင့် ပြုခဲ့သည်။
သူက မန်ဒရင်း တရုတ်ဘာသာဖြင့် တရုတ်ပြည်မကြီ်းနှင့် ကမ္ဘာတလွှား တရုတ်ပရိသတ်များအတွက် ရည်ရွယ်ကာ ထုတ်လွှင့်နေခြင်း ဖြစ်သည်။
ရုပ်သံ အစီအစဉ် ၅ ခု ထုတ်လွှင့်သည့် ဤသတင်းဌာနမှ သတင်းထောက် Luqui Luwei သည် အီရတ် စစ်မြေပြင်သို့ သွားရောက်ကာ သတင်းယူခဲ့သည့် ပထမဆုံး တရုတ်အမျိုးသမီး သတင်းထောက် ဖြစ်သည်။
ဟောင်ကောင် အထူးဒေသ ဥပဒေ ပုဒ်မ ၂၃ (လုံခြုံရေး ဥပဒေ) တွင် “လှုံ့ဆော်သည့် အနေဖြင့် နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အီလက်ထရောနစ်ဖြင့်ဖြစ်စေ မည်သည့်ပုံစံဖြင့်မဆို ပြုလုပ်မည်ဆိုပါက ရာဇဝတ်မှု မြောက်ကြောင်းနှင့် မည်သည့်နည်းဖြင့် ဖော်ပြသည်၊ ပြောဆိုသည်ကို ကြားသိရသည့်အတိုင်း ရဲသို့ တိုင်ကြားခြင်း မရှိလျှင်လည်း ရာဇဝတ်မှု မြောက်ကြောင်း” ဖော်ပြထားကာ သတင်းမီဒီယာကို တင်းကျပ်စွာ ထိန်းချုပ်ထားသည်။
ယခု ဥပဒေကို ဖောက်ဖျက်လျှင် ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်ကျခံရမည်ဟု ဆိုထားသည်။
သို့သော်လည်း အဆိုပါ သတင်းလွှင့်ထုတ်ခဲ့ခြင်းနှင့် ပတ်သက်၍ တရုတ်အစိုးရနှင့် Phoenix TV ကမူ ယခုအချိန်အထိ တစုံတရာ ထုတ်ဖော် ဖြေရှင်းခြင်း မရှိပါ။
Monday, April 6, 2009
ဘာအခုမှ ကြောက်ပါပြီလည်း
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
April
(446)
- NLD ပြည်နယ်နှင့်တိုင်းအစည်းအဝေး သဘာပတိမိန့်ခွန်း၊ ...
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၇၁)လ ပြည့် ၀မ်း...
- ၀မ်းနည်းကြေကွဲခြင်း
- ဗ.က.သ ကဂုဏ်ပြုတဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုရှင် ကိုမ...
- တ၇ားမရှိတဲ့ ရှေ့ နေချုပ် ဇီဝိန်တော့ချုပ်တော့မယ်..
- ကိုညီညီထွေး ၏ အင်တာဗျူး
- ဧပြီ ၂၉ ၂၀၀၉ သတင်းများ
- မကောင်းဆိုးဝါးတွေကို ကမ္မဝါနဲ့ နှင်ရအောက်
- မင်း ကိုနိုင် မဲ့ မင်းကိုနိုင်
- NLD အစည်းအဝေး ၏ သဘာပတိ မိန့် ခွန်း
- အသက်ရှူတာခြင်းကွဲသေးတယ်..ရှက်ဖွယ်
- NLD LA သြစတေးသျှ ၏ သတင်းထုတ်ပြန်ချက် - ဧပြီလ ၂၉ -၂၀၀၉
- တရုတ်တွင် တတိယမြောက်မျိုးဆက် ရေအားသုံးအဏုမြူဓာတ်ပေ...
- ဟောင်ကောင်နှင့် ကနေဒါသုတေသနပညာရှင်တို့က H5N1 တုပ်ေ...
- ဒီမိုကရေစီ မဆန်တဲ့ အချက်တွေကို ပြုပြင်ပေးလျင် NLD ...
- အန်အယ်ဒီ၏ ရွှေဂုံတိုင် ကြေညာစာတမ်း
- ၀က်တုပ်ကွေးကြောင့် အမေရိကန်မှာ ကလေးငယ် တဦးသေဆုံး
- နေပြည်တော်တွင် လေဆိပ်အသစ်တဲ့
- တွံတေးတွင် ဝက်များ အစုလိုက် သေဆုံးနေ
- နာဂိုယာ(ဂျပန်)ဒီမိုကရေစီလှုပ်ရှားမှု
- နာဂစ်သင့်ဒေသများ ကန်ရေသုံးမရ သောက်သုံးရေ အခက်အခဲဖြ...
- ကုစားရာမဲ့ စိတ်ဒဏ်ရာ ခံစားနေရသူများ
- ဆန်ဈေးနှုန်း တရိပ်ရိပ် မြင့်တက်လာ
- Postcard from Beijing ဆိုပြီး attachment file နဲ့ ...
- မြန်မာပြည်မှာခွေးတုတ်ကွေးဖြစ်နေတယ်
- NLD News
- ဧပြီ ၂၈ ၂၀၀၉ သတင်း
- ဧပြီ ၂ရ ရက် ၂၀၀၉ သတင်းများ
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ပထမနေ့ အစည်းအေ...
- အချက်သုံးချက်ကို လိုက်လျောရင် NLD ရွေးကောက်ပွဲဝင်မည်
- မြန်မာပြည်သူများအတွက် BDC ၏ ဝန်ဆောင်မှုအသစ်
- ဝက်တုတ်ကွေူး ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိ
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အထူးအစည်းအဝေးမှ သဘာ...
- စစ်သားများကို ပြည်သုံးလုံး အစီအစဉ်ဖြင့် ပြောင်းရွှေ...
- ဗိုလ်တစ်ထောင်၂လောင်းပြိုင်လူသတ်မှု ဖမ်းမိပြီ။ ၅လော...
- မြန်မာစစ်တပ်(ဘုရားစူးမြန်မာပြည်သူ့ တပ်မဟုတ်ရပါ)ကေ...
- ကြပ်ပြေးကအဘအိုတို့  ရေ....သိပ်လည်းမကြောက်ကြပါနဲ့ဗျ...
- အန်အယ်ဒီ အစည်းအဝေးသို့ လုံခြုံရေးများ စောင့်ကြည့်
- စုံညီအစည်းအဝေးအတွက် အန်အယ်လ်ဒီပါတီဝင်များ အနှောင့်...
- ကေအန်ယူကို ဒီကေဘီအေ ထိုင်းမြေအတွင်းမှ ၀င်တိုက် ထို...
- ၀က်တုပ်ကွေးကူးစက်မှု သတိပေးအဆင့် WHO တိုးမြှင့်
- နာဂစ်ဒေသတွင် သောက်ရေ ရှားဦးမည်
- ငွေမပေးနိုင်ခြင်းကြောင့် မြန်မာအလုပ်သမားတချို့ DKB...
- DKBA ဧ၊် သက်သက်လွတ်စားရန်အမိန့်ကိုမကျေနပ်သည် ဗုဒ္ဓဘ...
- ကျောက်ထုလုပ်သား အင်္ဂါကို မီးရှို့၍ စစ်ဆေး
- ရူးချင်ယောင်ဆောင်မနေနဲ့ ....မာယာတွေပေါ်မှာ ချီးပန်း...
- KNUကို DKBAထိုင်းနယ်မြေအတွင်းမှဝင်တိုက်၊ ထိုင်းစစ...
- “NLD၊ KNU တို့ ကို အမျိုသားရေးအတွက် အကာအကွယ်ပေးကြပါ”
- Invitation letter of Nargis (1) Year Anniversary P...
- ဟွန်း ဆင်းရဲရင်ဆင်းကြည့် ကြိုင်ကြိုင်တဲ့ လေးလောင်း...
- အလှူငွေ စာရင်း..!
- သုံးပွင့်ဆိုင်ဆွေးနွေးရေးကိုသာ လုပ်ဆောင်မည်ဖြစ်ကြေ...
- April 25 2009 သတင်းများ.
- Karen National Union Statement on 2010 Elections
- ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီမှထုတ်ဝေသော ဧပြီလထု...
- မြေသြဇာအဖွဲ့ဝင်တဦး အဖမ်းခံရ
- ကြောက်စရာ ၀က်တုပ်ကွေးရောဂါ သတင်း နှင့် ကာကွယ်ရန်အခ...
- IC LIVE TOUR IN Japan အောင်မြင်စွာပြီစီးခြင်း
- North Korean Artist Sun Mu ၏ပုံရိပ်များ
- ဒို့ ကျောင်းသား
- GWကိုစောမောင် ကျန်းမာရေးမကောင်း
- ANTI-SANCTIONS ဘာလဲ၊ ဘယ်လဲ
- ရာဇဝတ်ကောင်
- ပြောခြင်တာပြော
- မိုးသီးရွာချမှုကြောင့် လက်ဖက်တောင်သူများ အခက်အခဲကြုံနေ
- မလေးရှားမှ မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်၌ သေဆုံး
- ဂြိုဟ်တုစလောင်းများကို ပိတ်ပင်သင့်ကြောင်း မြန်မာသတ...
- ရှားရှားပါးပါး ၁၉၅၄ ခုနှစ်က ဟောလိဝုဒ်ရုပ်ရှင်ပိတ်...
- မြန်မာကို အမေရိကန် ဆက်ပိတ်ဆို့ရေး ပညာရှင်တချို့ တိ...
- ကိုမင်းကိုနိုင် ဆုရပြန်ပြီ
- နအဖ စစ်တပ် ယုတ်ကန်းမှု့များ
- ၂ဝ၁ဝ ကိုမေ့ပြီး ကုလားဆီ အာရုံပြောင်းအောင်လုပ်နေတာ
- I AM KILLER
- DJ 2010
- သေပြည်တော်မှာ သေရင်..လင်းတစာဘဲကြွေးရမယ်တဲ့
- ဆရာလူထုစိန်ဝင်း၏ `နန္ဒောပနန္ဒ နဂါး ချွတ်တော်မူပုံ´ေ...
- လူ၅၀ လူ၁၀ယောက် လူသန်း၅၀ အပိုင်း(၂)
- အချင်းချင်း ဖြောင်တာမို့ ..မင်းတို့ ပါးစပ်တွေ ပိတ်...
- မီးတော့ မပေးဖူး။ မီးစက်နဲ့  ၀ယ်လုပ်..အခွန်အတုတ်မှ...
- ဧပြီ ၂၂ ၂၀၀၉ သတင်းများ
- နယ်ချဲ့ ဆိုတာ.တိုင်းတပါးမှ မဟုတ်ဖူး
- ဇာဂနာ ထောင်တွင်း၌ သတိလစ်သွား အသည်းရောင်အသားဝါကြောင...
- လူသေလို့ မီးရှို့မရရင် သန်းရွှေ အိမ်ရှေ့မှာသွားပုံထား
- နောင်တ မရကြစေချင်ပါ
- သိကြားမင်း စီရင်ချက် ယမမင်း အခက်
- သူတို့ပြောတာအမှန်တွေ မယုံနဲ့ ငါလိမ်ပြောတာကြယုံ
- ထေရ၀ါဒဘုန်းကြီးကျောင်းသစ်ဖွင့်လှစ်ပွဲအခမ်းအနား
- ဂူးဂဲလ်၊ ဂျီတော့ခ် (ဂျီမေးလ်) အကြောင်း တစေ့တစောင်း
- လုပ်ချလိုက်ပြန်ပြီ..သာသနာညှိုးနွမ်းစေမှုတဲ့
- မြောက်ဥက္ကလာနှင့် မန္တလေးတွင် ဝမ်းရောဂါ ဖြစ်ပွားနေ
- ဘဘတို့ အတွက် ကြိတ်ဝိုင်း
- ဦးထိန်မောင် ကို ဘာသာပြန် ပေးတဲ့ ငတတ်ကြီး တိမသေ ဇာ...
- လက်ဖက်ရည်ဆိုင် လှုပ်ရှားမှု စတင်စို့ 
- အတတ်ဆန်းတိုင်း ကောင်းတာမဟုတ်..
- စည်းကမ်းဆိုတာ စာရွက်ပေါ်တင်ဘဲ..ဘဘတို့ လည်း ကြည့်ခ...
- အိုးမည်း ပေနေတဲ့ ကြက်တစ်ကောင်
- မြန်မာတပြည်လုံး ထောင်ထဲမှာ..
- လူ၅၀ လူ၁၀ယောက် လူသန်း၅၀ အပိုင်း(၁)
- အနှစ် ၂၀ ကြာ..တိုင်းပြည်လုယက်ထားသူကို မမြင်..ဘေးက ...
- အန်အယ်လ်ဒီ အထူးအစည်းအဝေး ကျင်းပမည်။
-
▼
April
(446)
No comments:
Post a Comment