လက်လဲဘာ တွဲသလားမမေးနဲ့ ဖွဲ့လိုက်တဲ့အဖွဲ့နာမည်တွေကလဲ များလွန်းလို့ မမှတ်တောင် မမှတ်မိတော့ဘူး ပြည်သူတွေကတော့ နှာခေါင်းရေမြှုပ်နေပြီ။ အဖွဲ့တွေ ပေါင်းပြီး တိုက်စရာရှိလဲ တိုက်ကြပါတော့ ပြည်သူတွေ အနောက်က ပါလာမယ်ဆိုတာ မြေကြီးလက်ခတ် မလွဲပါဘူး။ အဲ့လိုမှမတိုက်ရင် နအဖ ကတော့ ခန့်ခန့်ကြီးနဲ့ သေပြည်တော်မှာ နေပြီး ပြည်သူတွေကို အနိုင်ကျင့်နေအုံးမှာဘဲ
ကိုဝိုင်း
တနင်္လာနေ့၊ ဧပြီလ 20 2009
ချင်းမိုင် (မဇ္ဈိမ)။ ။ မူးယစ်ဆေးဝါး ထုတ်လုပ် ဖြန့်ဖြူးနေသည်ဟု နာမည်ထွက်နေသော ဝ’ ပြည်နယ် သွေးစည်းညီညွတ်ရေးပါတီ နှင့် လက်တွဲခြင်းကြောင့် နိုင်ငံရေးသိက္ခာကို ထိခိုက်နိုင်မည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစုက ယနေ့ပြောသည်။
ဝ’ပြည်နယ် သွေးစည်းညီညွတ်ရေးပါတီ - ဝသပ (UWSP) ဖွဲ့စည်းတည်ထောင်ခြင်း အနှစ် ၂ဝ ပြည့် အထိမ်းအမှတ်ပွဲသို့ ပေးပို့သော အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု - အန်ဒီအက် ၏ သဝဏ်လွှာ၌ “အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်
ရရှိရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောင်နိုင်သည်အထိ အန်ဒီအက်နှင့်အတူ ဝသပမှ ဦးဆောင်ပါဝင်ရန်” ဖိတ်ခေါ်ထားခြင်းဖြစ်သည်။
“ဝလက်နက်ကိုင် တပ်ဖွဲ့က သူ့အနေနဲ့ နောက်ကွယ်မှာ မူးယစ်ဆေးဝါး ပြဿနာရှိတာကတော့ တကဏ္ဍပေါ့လေ။ ဒါပေမဲ့ အခု ၂၀၀၈ ဆိုရင် ဝ’ နယ်ထဲမှာ မူးယစ်ဆေးဝါး မရှိတော့ဘူးဆိုပြီး သူတို့ ကြေညာလို့ ရပြီ။ အခု လှုပ်ရှားနေတာက ဝ’ အမျိုးသားအတွက် တကယ် ခိုင်ခိုင်မာမာ ရပ်တည်လှုပ်ရှားနေတာကို ကြည့်ရင် အန်ဒီအက်အနေနဲ့ လက်တွဲပြီးတော့ လုပ်နိုင်တယ်။ UWSP ကလည်း ဝ’ အမျိုးသားကို ကိုယ်စားပြုပြီး အလုပ်လုပ်တဲ့ အဖွဲ့ အစည်းတခု ဖြစ်တယ်ဆိုပြီး အန်ဒီအက်က သုံးသပ်ထားတယ်” ဟု အန်ဒီအက် အထွေထွေအတွင်းရေးမှူး မိုင်ဘုန်းကျော်က မဇ္ဈိမကို ပြောသည်။
အန်ဒီအက် သဝဏ်လွှာကို ‘ဝသပ’ နိုင်ငံခြားရေးဌာနသို့ ယခုလ ၁၅ ရက်နေ့တွင် ပေးပို့ခဲ့ခြင်းဖြစ်သော်လည်း လက်တွဲရန် ဖိတ်ခေါ်ချက်နှင့် ပတ်သက်၍မူ တစုံတရာ အကြောင်းပြန်ကြားချက် မရရှိသေးကြောင်းနှင့် ‘ဝသပ’ အနေဖြင့် အန်ဒီအက်နှင့် ပူးပေါင်းပြီး နအဖကို တော်လှန်တိုက်ခိုက်မည်ဆိုပါက တံခါးဖွင့်ထားကြောင်း အန်ဒီအက်က ဆိုသည်။
“သဝဏ်လွှာထဲမှာပါတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့တော့ အကြောင်းမပြန်သေးပါဘူး။ သဝဏ်လွှာကို လက်ခံ ရရှိကြောင်းကိုတော့ အကြောင်းပြန်တယ်။ သူတို့ရဲ့ ခေါင်းဆောင်ကြားထဲမှာ တင်ပြပေးမယ် ဆိုပြီးတော့ သူတို့ နိုင်ငံခြားရေး ဌာနက အကြောင်းပြန်တယ်။ ဝသပ မှာလည်း ဖိအားတွေ အမျိုးမျိုးရှိတော့ နအဖ ကို ပြတ်ပြတ်သားသား ဆန့်ကျင် တိုက်ခိုက်မယ်ဆိုရင် ကျနော်တို့နဲ့အတူ ပူးပေါင်းပြီး တော်လှန်တိုက်ခိုက်ဖို့။ တံခါးဖွင့်ထားတဲ့ သဘောဖြစ်ပါတယ်” ဟု အန်ဒီအက် အထွေထွေအတွင်းရေးမှူးက ပြောသည်။
‘ဝသပ’ ဥက္ကဋ္ဌ ပေါက်ယူချန်းကမူ နအဖ စစ်အစိုးရနှင့် မတူညီချက်များကို ညှိနှိုင်းခြင်းဖြင့်သာ ဖြေရှင်းသွားမည်ဖြစ်ပြီး တိုးတက်သည့် ဒေသကြီးတခု ဖြစ်လာစေရန် ငြိမ်းချမ်းသောနည်းဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း ယခုလ ၁၇ ရက်နေ့တွင် ကျင်းပသည့် ပါတီဖွဲ့စည်းခြင်း အနှစ် ၂ဝ ပြည့်ပွဲတွင် ပြောကြားသွားခဲ့သည်။
သို့သော် နအဖနှင့် ‘ဝသပ’ အကြား တဖက်နှင့်တဖက် အယုံအကြည်မရှိကြဘဲ စစ်ရေးပြင်ဆင်မှုများ ရှိနေပြီး တိုက်ပွဲများ ပြန်ဖြစ်ပါက ‘ဝသပ’ အနေဖြင့် အဆင်သင့်ရှိကြောင်း မိုင်ဘုန်းကျော်က ပြောသည်။
“ဥက္ကဋ္ဌကြီး ပေါက်ယူချန်း ပြောတာကတော့ နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းမယ်။ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ ဖြေရှင်းမယ်လို့ ပြောတာပေါ့။ ဒါပေမဲ့ လက်တွေ့ အခြေအနေမှာတော့ အခက်အခဲတွေ အများကြီး ရှိတယ်။ ဥပမာ - နအဖ အနေနဲ့လည်း ဝ’ ကို အယုံအကြည်မရှိဘဲ စစ်ရေးပြင်ဆင်နေတာ။ ဝ’ ဘက်ကလည်း စစ်ရေးပြင်ဆင်နေတာ ရှိတယ် ဆိုတဲ့ဟာတွေ ကျနော်တို့ သတင်းအတိအကျတွေ ရှိတယ်။ မလွဲသာတဲ့အဆုံး လက်နက်ကိုင် တော်လှန်ရေး လုပ်ရမယ် ဆိုလည်း ဝသပ ဘက်ကလည်း အဆင်သင့် ပြင်ဆင်ထားတဲ့ သဘောရှိပါတယ်” ဟု သူက ပြောသည်။
အန်ဒီအက်၏ သဝဏ်လွှာထဲတွင် ယခုနှစ်ဆန်းပိုင်း၌ ‘ဝသပ’ အဖွဲ့က ဝ’ပြည်နယ်အစိုးရ ဖွဲ့စည်းကြောင်း ကြေညာခဲ့မှုသည် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေကို ပယ်ချခြင်းနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဖော်ပြခြင်းသာဖြစ်ပြီး ပြည်ထောင်စုမှ ခွဲထွက်ရန် မဟုတ်သဖြင့် ကြိုဆိုကြောင်း ဖော်ပြသည်။
‘ဝသပ’ အဖွဲ့နှင့် အန်ဒီအက် ကိုယ်စားလှယ်များအကြား တိုင်းရင်းသားတန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို လက်တွဲ ဆောင်ရွက်သွားရန် ၁၉၈၉ ခုနှစ် နိုဝင်ဘာလအတွင်းက ဝသပ ပန်ဆန်းဌာနချုပ်တွင် သဘောတူလက်မှတ် ရေးထိုးခဲ့သည်။
အန်ဒီအက်ကို ၁၉၇၆ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် တိုင်းရင်းသားများ၏ တန်းတူညီတူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ရည်ရွယ်၍ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ပေါင်း ၁ဝ ဖွဲ့ကျော်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ သို့သော် အဖွဲ့ဝင်အချို့သည် နအဖနှင့် အပစ်အခတ် ရပ်စဲသွားသဖြင့် ယခုအခါ အဖွဲ့ဝင် ၈ ဖွဲ့ဖြင့်သာ ဆက်လက်လှုပ်ရှားနေသည်။
လက်ရှိအဖွဲ့ဝင်များမှာ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ၊ လားဟူ ဒီမိုကရက်တစ်ယူနီယံ LDU ၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF ၊ ပအို့ဝ် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ PPLO ၊ ဝအမျိုးသားအဖွဲ့ WNO ၊ မွန်ပြည်သစ်ပါတီ NMSP တို့ ဖြစ်သည်။
Tuesday, April 21, 2009
NDF က UWSP နဲ့ လက်တွဲသွားမည်ဟု ဆို
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
April
(446)
- NLD ပြည်နယ်နှင့်တိုင်းအစည်းအဝေး သဘာပတိမိန့်ခွန်း၊ ...
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၇၁)လ ပြည့် ၀မ်း...
- ၀မ်းနည်းကြေကွဲခြင်း
- ဗ.က.သ ကဂုဏ်ပြုတဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုရှင် ကိုမ...
- တ၇ားမရှိတဲ့ ရှေ့ နေချုပ် ဇီဝိန်တော့ချုပ်တော့မယ်..
- ကိုညီညီထွေး ၏ အင်တာဗျူး
- ဧပြီ ၂၉ ၂၀၀၉ သတင်းများ
- မကောင်းဆိုးဝါးတွေကို ကမ္မဝါနဲ့ နှင်ရအောက်
- မင်း ကိုနိုင် မဲ့ မင်းကိုနိုင်
- NLD အစည်းအဝေး ၏ သဘာပတိ မိန့် ခွန်း
- အသက်ရှူတာခြင်းကွဲသေးတယ်..ရှက်ဖွယ်
- NLD LA သြစတေးသျှ ၏ သတင်းထုတ်ပြန်ချက် - ဧပြီလ ၂၉ -၂၀၀၉
- တရုတ်တွင် တတိယမြောက်မျိုးဆက် ရေအားသုံးအဏုမြူဓာတ်ပေ...
- ဟောင်ကောင်နှင့် ကနေဒါသုတေသနပညာရှင်တို့က H5N1 တုပ်ေ...
- ဒီမိုကရေစီ မဆန်တဲ့ အချက်တွေကို ပြုပြင်ပေးလျင် NLD ...
- အန်အယ်ဒီ၏ ရွှေဂုံတိုင် ကြေညာစာတမ်း
- ၀က်တုပ်ကွေးကြောင့် အမေရိကန်မှာ ကလေးငယ် တဦးသေဆုံး
- နေပြည်တော်တွင် လေဆိပ်အသစ်တဲ့
- တွံတေးတွင် ဝက်များ အစုလိုက် သေဆုံးနေ
- နာဂိုယာ(ဂျပန်)ဒီမိုကရေစီလှုပ်ရှားမှု
- နာဂစ်သင့်ဒေသများ ကန်ရေသုံးမရ သောက်သုံးရေ အခက်အခဲဖြ...
- ကုစားရာမဲ့ စိတ်ဒဏ်ရာ ခံစားနေရသူများ
- ဆန်ဈေးနှုန်း တရိပ်ရိပ် မြင့်တက်လာ
- Postcard from Beijing ဆိုပြီး attachment file နဲ့ ...
- မြန်မာပြည်မှာခွေးတုတ်ကွေးဖြစ်နေတယ်
- NLD News
- ဧပြီ ၂၈ ၂၀၀၉ သတင်း
- ဧပြီ ၂ရ ရက် ၂၀၀၉ သတင်းများ
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ပထမနေ့ အစည်းအေ...
- အချက်သုံးချက်ကို လိုက်လျောရင် NLD ရွေးကောက်ပွဲဝင်မည်
- မြန်မာပြည်သူများအတွက် BDC ၏ ဝန်ဆောင်မှုအသစ်
- ဝက်တုတ်ကွေူး ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိ
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အထူးအစည်းအဝေးမှ သဘာ...
- စစ်သားများကို ပြည်သုံးလုံး အစီအစဉ်ဖြင့် ပြောင်းရွှေ...
- ဗိုလ်တစ်ထောင်၂လောင်းပြိုင်လူသတ်မှု ဖမ်းမိပြီ။ ၅လော...
- မြန်မာစစ်တပ်(ဘုရားစူးမြန်မာပြည်သူ့ တပ်မဟုတ်ရပါ)ကေ...
- ကြပ်ပြေးကအဘအိုတို့  ရေ....သိပ်လည်းမကြောက်ကြပါနဲ့ဗျ...
- အန်အယ်ဒီ အစည်းအဝေးသို့ လုံခြုံရေးများ စောင့်ကြည့်
- စုံညီအစည်းအဝေးအတွက် အန်အယ်လ်ဒီပါတီဝင်များ အနှောင့်...
- ကေအန်ယူကို ဒီကေဘီအေ ထိုင်းမြေအတွင်းမှ ၀င်တိုက် ထို...
- ၀က်တုပ်ကွေးကူးစက်မှု သတိပေးအဆင့် WHO တိုးမြှင့်
- နာဂစ်ဒေသတွင် သောက်ရေ ရှားဦးမည်
- ငွေမပေးနိုင်ခြင်းကြောင့် မြန်မာအလုပ်သမားတချို့ DKB...
- DKBA ဧ၊် သက်သက်လွတ်စားရန်အမိန့်ကိုမကျေနပ်သည် ဗုဒ္ဓဘ...
- ကျောက်ထုလုပ်သား အင်္ဂါကို မီးရှို့၍ စစ်ဆေး
- ရူးချင်ယောင်ဆောင်မနေနဲ့ ....မာယာတွေပေါ်မှာ ချီးပန်း...
- KNUကို DKBAထိုင်းနယ်မြေအတွင်းမှဝင်တိုက်၊ ထိုင်းစစ...
- “NLD၊ KNU တို့ ကို အမျိုသားရေးအတွက် အကာအကွယ်ပေးကြပါ”
- Invitation letter of Nargis (1) Year Anniversary P...
- ဟွန်း ဆင်းရဲရင်ဆင်းကြည့် ကြိုင်ကြိုင်တဲ့ လေးလောင်း...
- အလှူငွေ စာရင်း..!
- သုံးပွင့်ဆိုင်ဆွေးနွေးရေးကိုသာ လုပ်ဆောင်မည်ဖြစ်ကြေ...
- April 25 2009 သတင်းများ.
- Karen National Union Statement on 2010 Elections
- ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီမှထုတ်ဝေသော ဧပြီလထု...
- မြေသြဇာအဖွဲ့ဝင်တဦး အဖမ်းခံရ
- ကြောက်စရာ ၀က်တုပ်ကွေးရောဂါ သတင်း နှင့် ကာကွယ်ရန်အခ...
- IC LIVE TOUR IN Japan အောင်မြင်စွာပြီစီးခြင်း
- North Korean Artist Sun Mu ၏ပုံရိပ်များ
- ဒို့ ကျောင်းသား
- GWကိုစောမောင် ကျန်းမာရေးမကောင်း
- ANTI-SANCTIONS ဘာလဲ၊ ဘယ်လဲ
- ရာဇဝတ်ကောင်
- ပြောခြင်တာပြော
- မိုးသီးရွာချမှုကြောင့် လက်ဖက်တောင်သူများ အခက်အခဲကြုံနေ
- မလေးရှားမှ မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်၌ သေဆုံး
- ဂြိုဟ်တုစလောင်းများကို ပိတ်ပင်သင့်ကြောင်း မြန်မာသတ...
- ရှားရှားပါးပါး ၁၉၅၄ ခုနှစ်က ဟောလိဝုဒ်ရုပ်ရှင်ပိတ်...
- မြန်မာကို အမေရိကန် ဆက်ပိတ်ဆို့ရေး ပညာရှင်တချို့ တိ...
- ကိုမင်းကိုနိုင် ဆုရပြန်ပြီ
- နအဖ စစ်တပ် ယုတ်ကန်းမှု့များ
- ၂ဝ၁ဝ ကိုမေ့ပြီး ကုလားဆီ အာရုံပြောင်းအောင်လုပ်နေတာ
- I AM KILLER
- DJ 2010
- သေပြည်တော်မှာ သေရင်..လင်းတစာဘဲကြွေးရမယ်တဲ့
- ဆရာလူထုစိန်ဝင်း၏ `နန္ဒောပနန္ဒ နဂါး ချွတ်တော်မူပုံ´ေ...
- လူ၅၀ လူ၁၀ယောက် လူသန်း၅၀ အပိုင်း(၂)
- အချင်းချင်း ဖြောင်တာမို့ ..မင်းတို့ ပါးစပ်တွေ ပိတ်...
- မီးတော့ မပေးဖူး။ မီးစက်နဲ့  ၀ယ်လုပ်..အခွန်အတုတ်မှ...
- ဧပြီ ၂၂ ၂၀၀၉ သတင်းများ
- နယ်ချဲ့ ဆိုတာ.တိုင်းတပါးမှ မဟုတ်ဖူး
- ဇာဂနာ ထောင်တွင်း၌ သတိလစ်သွား အသည်းရောင်အသားဝါကြောင...
- လူသေလို့ မီးရှို့မရရင် သန်းရွှေ အိမ်ရှေ့မှာသွားပုံထား
- နောင်တ မရကြစေချင်ပါ
- သိကြားမင်း စီရင်ချက် ယမမင်း အခက်
- သူတို့ပြောတာအမှန်တွေ မယုံနဲ့ ငါလိမ်ပြောတာကြယုံ
- ထေရ၀ါဒဘုန်းကြီးကျောင်းသစ်ဖွင့်လှစ်ပွဲအခမ်းအနား
- ဂူးဂဲလ်၊ ဂျီတော့ခ် (ဂျီမေးလ်) အကြောင်း တစေ့တစောင်း
- လုပ်ချလိုက်ပြန်ပြီ..သာသနာညှိုးနွမ်းစေမှုတဲ့
- မြောက်ဥက္ကလာနှင့် မန္တလေးတွင် ဝမ်းရောဂါ ဖြစ်ပွားနေ
- ဘဘတို့ အတွက် ကြိတ်ဝိုင်း
- ဦးထိန်မောင် ကို ဘာသာပြန် ပေးတဲ့ ငတတ်ကြီး တိမသေ ဇာ...
- လက်ဖက်ရည်ဆိုင် လှုပ်ရှားမှု စတင်စို့ 
- အတတ်ဆန်းတိုင်း ကောင်းတာမဟုတ်..
- စည်းကမ်းဆိုတာ စာရွက်ပေါ်တင်ဘဲ..ဘဘတို့ လည်း ကြည့်ခ...
- အိုးမည်း ပေနေတဲ့ ကြက်တစ်ကောင်
- မြန်မာတပြည်လုံး ထောင်ထဲမှာ..
- လူ၅၀ လူ၁၀ယောက် လူသန်း၅၀ အပိုင်း(၁)
- အနှစ် ၂၀ ကြာ..တိုင်းပြည်လုယက်ထားသူကို မမြင်..ဘေးက ...
- အန်အယ်လ်ဒီ အထူးအစည်းအဝေး ကျင်းပမည်။
-
▼
April
(446)
No comments:
Post a Comment