Thursday, April 23, 2009

မီးတော့ မပေးဖူး။ မီးစက်နဲ့  ၀ယ်လုပ်..အခွန်အတုတ်မှန်မှန်ပေး..speed နှေးတာ တာဝန်မယူ

မြန်မာနိုင်ငံတွင် အင်တာနက် (PAC) စင်တာ ၄၆၀ ဖွင့်ပြီးဖြစ် ထပ်မံဖွင့်လိုသူများအား လုပ်ကိုင်ခွင့်များ ချပေးမည်
Wednesday, April 22, 2009

မြန်မာနိုင်ငံတွင် အင်တာနက် (PAC) စင်တာများ၄၆၀ကျော်ဖွင့်လှစ်ခဲ့ပြီး ဖွင့်လှစ်လိုသူများရှိပါက လည်း လုပ်ကိုင်ခွင့်များ ချထားပေး သွားမည်ဖြစ်ကြောင်း မြန်မာအင်ဖိုတက်မှ အထွေထွေမန်နေဂျာ ဦးစိန်ဝင်းက ထုတ်ဖော်ပြောကြားသည်။ PACအရေအတွက်များ ရန်ကုန်မြို့တော်တွင် များပြားနေသော်လည်းနယ်ဒေသများမှာ နည်းပါးနေသေးသည့်အတွက် နယ်ဒေသများတွင်ပို၍ အဓိက ထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒီPAC တွေကိုဖွင့်ဖို့ ၂၀၀၃-၂၀၀၄ဘဏ္ဍာရေးနှစ်က စပြီးတော့ Pilot Project အနေနဲ့ Cyber Cafe ၂၀ခန့် စတင်ဖွင့်လှစ်ပေးခဲ့ ပေမယ့် အသုံးပြုတဲ့နှုန်းကလည်း နည်းနေသေးတော့ မအောင်မြင်ခဲ့ဘူး။ အဲဒါနဲ့ ၂၀၀၅ သြဂုတ်ကစပြီးပြင်ပလုပ်ငန်းရှင်တွေ စိတ်ဝင်စားရင် လျှောက်ထားခွင့်ပေးလိုက်တာနဲ့စပြီး တစ်စတစ်စ အောင်မြင်လာတာဖြစ်ပါတယ်။ အခုထိလဲလိုင်စင်ကို ဘယ်နှခုရယ်လို့ ကန့်သတ်ထား ခြင်းမရှိတဲ့အတွက်လျှောက်လာရင်ထပ်မံချ သွားပေးဦးမှာဖြစ်ပါတယ်”ဟု Myanmar Info Tech မှအထွေထွေ မန်နေဂျာ ဦးစိန်ဝင်းက ပြောသည်။လက်ရှိတွင် PAC များ ဖွင့်လှစ်လိုသူများအနေနှင့် Myanmar Info Tech သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပြီး လိုင်စင်ကြေးဖြင့် လစဉ်ကြေး မှာရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော် တို့ရှိစည်ပင်သာယာရေး နယ်နိမိတ်အတွင်းတွင် လိုင်စင်ကြေး ကျပ်ငါးသိန်း လစဉ်ကြေးမှာ တစ်လကျပ်ငါးသောင်းအား ခြောက်လစာပေးသွင်းရမည်ဖြစ်ကာ နယ်နိမိတ်ပြင်ပ လိုင်စင်ကြေး မှာ ကျပ်နှစ်သိန်း၊ လစဉ်ကြေးမှာ တစ်လသုံးသောင်းနှင့် ခြောက်လစာပေးသွင်းရန် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၂၀၀၉ ခုနှစ်ဧပြီ ၂၃ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင်ဖော်ပြထားပါသည်။
http://www.yeyintnge.com/2009/04/pac.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်