Wednesday, April 22, 2009

ဘဘတို့ အတွက် ကြိတ်ဝိုင်း

တိုးတိုးတိတ်တိတ် ရန်ကုနှ် Sexy Show
December 19, 2008 · No Comments

မြန်မာ ဖက်ရှင်ရှိုး နာမည်ကျော် မြန်မာ မော်ဒယ်များကို တွေ့ရမှာပါ


ဒါကတော့ ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ Sexy Fashion Show တစ်ခုပါ.
Freedom News Group(ရန်ကုန်)
ပြာလဲ့လဲ့မီးရောင်လေးအောက်တွင် အီလက်ထရောနစ်ဂီတသံကမတိုးလွန်းမကျယ်လွန်း ထွက်ပေါ်နေသည်။ ညကလပ်တခုပမာ ထိုခန်းမကိုပြင်ဆင်ထားသော်လည်းDancingFloorခေါ်ကပွဲကြမ်းပြင်နေရာတွင်လေးပေခန့် အမြင့်ရှိသည့် စင်မြင့်ငယ်လေးတခုပဲရှိသည်။ ထိုစင်မြင့်၏ ဘေးပတ်လည်တွင်မူ ဆိုဖာခုံများနှင့် စားပွဲများရှိ သည်။ စင်မြင့်ပေါ်တွင်လက်တဆုပ်စာအရွယ်စတီးတိုင်များထောင်ထားသည်။

ထိုနေရာကိုရန်ကုန်မြို့ရှိပေါက်ရောက်သောလူကုံထံအသိုင်းအ၀ိုင်းကဆက်ဆီရှိုး(sexy show)ဟုခေါ်ကြသည်။ တချို့ကလည်း တိုးတိုးတိတ်တိတ် ဖက်ရှင်ရှိုးဟုခေါ်ကြသည်။ မည်သည့်သောအခေါ်အ၀ါ်များ ကွဲလွဲသည် ဖြစ်ပ စေ ထိုနေရာသို့ သာမန်လူများ မရောက် နိုင်ချေ၊ မည်မျှပင်ပိုက်ဆံချမ်းသာသော်လည်း အဆက်အသွယ် မကောင်းလျှင် ရောက်နိုင်စရာမရှိချေ။ အနည်း ဆုံးဝင်ကြေး တစ်သိန်းမှ ငါးသိန်းထိရှိကာရန်ကုန်မြို့၏ လူကုံထံ ရပ်ကွက်များတွင်သာ ကျင်းပသည်။ ကျင်းပမည့်နေရာကိုကြိုတင် ပြောထားလေ့မရှိသောထိုပွဲများမှာဧည့်သည်၃၀ထက်လည်းပိုလက်မခံချေ။ဆက်ဆီရှိုးဟုခေါ်သည့်ဝတ်လစ်စလစ်ဖျော်ဖြေပွဲတွင် စင်မြင့်ပေါ်သို့အသက်၂၀အရွယ်အမျိုးသမီးငယ်တို့တက်လာကြသည် ။

(ထိုအထဲတွင် နာမည်ရကာစမော်ဒယ်အချို့ပင်ပါသည်။)ခန္ဓာကိုယ်အရှက်လုံရုံမျှလောက်သာဖုံးထားသည့်ထိုအမျိုးသမီးငယ်လေးများမှာ နောက်ခံတေးဂီတနှင့် လိုက်လျော ညီထွေစွာစင်ပေါ်တွင်အမျိုးမျိုးကပြကြသည်။အချို့ကစတီးသံလုံးကိုကိုင်ကာ လှည့်ပတ်လျက်၊ အချို့ကအချင်းချင်းပွတ်သတ်လျက်၊အချို့ကဗိုက်သားနှင့်ပေါင်လုံးများကိုလှုပ်လျက်၊ ခဏနေတော့ အမျိုးသမီးငယ်အချို့ စင်အောက်ကိုဆင်းလာပြီး ဆိုဖာခုံပေါ်တွင်ထိုင်နေသော ပုရိသအဖိုးအိုများဆီ သွားကာပွတ်သပ်ကြည်ဆယ်နေကြသည်။(အချို့အဖိုးကြီးများဆိုလျင်သူတို့ကို လာပွတ်သပ်သော အမျိုးသမီး ငယ်လေးများ၏အရှက်လုံရုံဖုံးထားသော ဘောင်းဘီကြားထဲသို့အမေရိကန်ဒေါ်လာ တစ်ရာတန်တရွက်၊ နှစ်ရွက်ပင်ထည့်ပေးကြသည်။) ထိုပွဲများမှာ ရန်ကုန်မြို့၏လူ့မလိုင်အသိုင်းအ၀ိုင်းအလွှာထဲတွင် ၂၀၀၆ခုနှစ်လောက်ကစပြီး ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ပုံမှန်အားဖြင့်ကျင်းပလေ့မရှိသော်လည်း နာမည်ကျော် မော်ဒယ် သရုပ်ဆောင်ငယ်များကိုယ်တိုင်ကပြရသောပွဲများဆိုလျှင် ၀င်ကြေး၁၀သိန်းအထိရှိသည် ဟုဆိုသည်။ ထိုပွဲများကဟိုတယ်များတွင်တရားဝင်ကျင်းပသော်လည်း ဒီဇိုင်နာ၊ ဖက်ရှင်ရှိုးများနှင့် လည်းမတူ၊ ဘီယာစတေရှင် များတွင် ညစဉ်ရှိသောကာရာအိုကေ ဖက်ရှင်ရှိုး များနှင့် လည်း မတူ ကိလေသာ အသွေးအသားများ ၏ကုန်ဖလှယ်ရာဖြစ်ပြီး၊ရန်ကုန်မြို့၏လူမသိ သေးသည့်စာမျက်နှာများဖြစ်သည်။ ထိုပွဲသို့ လာသူများမှာမြန်မာနိုင်ငံ၏အာဏာရအသိုင်းအ၀ိုင်းနှင့်ပက်သက်နေသူများသာဖြစ်သည်။ အမျိုးသမီးငယ်များ၏ လိင်ပိုင်း ဆိုင်ရာ ဆွဲ ဆောင်မှုအကများအောက်မှာမူးယစ်ရီဝေသောအကြည့်စူးစူးများက အမျိုးသမီးငယ်များအားအမှောင်ကမ္ဘာထဲသို့ ဖိတ်ခေါ် နေသယောင်၊၊

လွန်ခဲ့သည့်နှစ်များဆီက ပေါ်ပြူလာမဖြစ်သေးသော ထိုယဉ်ကျေးမှုတွင် ယခုနာမည်ရမော်ဒယ်လ်များစွာပင်ပါဝင်လှုပ်ရှားလျက်ရှိသည်။ ထိုအမှောင်ကမ္ဘာသည် ဘယ်လောက်ထိရှည်လျားအံ့မည်မသိ။ Freedom News Group(ရန်ကုန်)မှတင်ဆက်သည်

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်